🐯I know🐉

3K 279 63
                                    

Ae ထွက်သွားပြီးတော့ Pete တစ်ယောက်အခန်းထဲမှာ ကျန်ခဲ့ရင်း
“ကျွန်တော်က မြင်တိုင်း ကြားတိုင်း ယုံတတ်တဲ့ သူလို့ ထင်နေတာလား ခင်ဗျားလေးရဲ့ နှုတ်က အမှန်တရားတွေ ထွက်လာဖို့ သရုပ်ဆောင်ရတာ လွယ်တယ်ထင်လို့လား ခင်ဗျာလေးကို ထိုးတာကတော့ ကျွန်တော်ကို အသိမပေးဘဲ သိမ်းပိုက်လို့ အပြစ်ပေးတာ ခင်ဗျားလေးရဲ့ ဖြေရှင်းချက်တွေကို ကျွန်တော်စောင့်နေမယ်နော် သရဲချောလေး ကိုကိုAe”
ကိုယ့်လုပ်ရပ်တွေကို တစ်ယောက်တည်း ရေရွတ်ရင်း ကျေနပ်ပြီး ပြုံးနေတဲ့ Pete ရယ်ပါ။
Ae တစ်ယောက်ကတော့ စံအိမ်မှာ ခံစားချက်ပေါင်း များစွားနဲ့ပေါ့ ။
“ဦးကြီး ကျွန်တော် ဘာဆက်လုပ်ရမလဲ ဘယ်လိုဖြေရှင်းပြရမလဲ Pete ကျွန်တော့်ကို အထင်လွဲနေပြီဗျ ပြီးတော့ Dam ဘက်ကို ပါသွားမှာ ကျွန်တော် ကြောက်တယ်”
“မင်းသားလေး စိုးရိမ်လွန်နေတာပါ ကောင်လေးက ဦးနှောက်ရှိတဲ့ ခောတ်သစ် ပညာတတ်ပဲဟာ သူ ဘယ်ဟာအမှန် ဘယ်ဟာအမှား ဆိုတာ ခွဲခြားနိုင်မှာပါ မင်းသားလေး အမှန်တိုင်း ရှင်းပြဖို့ဘဲ လိုတာ မင်းသားDam နောက်တစ်ဆင့် မတက်ခင်ပေါ့”
“ကျွန်တော် ရှင်းပြမှာပါ သူမယုံမှာကိုဘဲ ကြောက်တာ”
“ကောင်းလေး ယုံယုံ မယုံယုံ ရှင်းပြရမှာက မင်းသားလေး တာဝန်ဘဲလေ ပြီးတော့ မင်းသားလေးရဲ့ တစ်ဘဝလုံးက ကောင်လေးနဲ့ သက်ဆိုင်တယ်လေ ကောင်လေး လုပ်ပေးမှ မင်းသားလေး ဒီဘဝက လွတ်မြောက်နိုင်မယ်မလား”
“ကျွန်တော် သိပါတယ်”
~~~
Pete ကျောင်းကို လာခဲ့တယ်။ အတန်းထဲ can တို့ မရောက်သေးလို့ ကန်တင်းဘက် သွားရှာလိုက်တယ်။ တွေ့ပါပြီ Can ဆိုတဲ့အတိုင်း စားနေလိုက်တာ ကန်တင်းတစ်ခုလုံးများ မှာစားထားလား ထင်ရတယ်။
“Can”
“ဟာ လန့်လိုက်တာ Pete ရာ”
“မင်းက အစားဘဲ ငမ်းနေတာကို”
“ငါ ဗိုက်ဆာနေလို့ပါဟ”
“မင်း မဆာတဲ့ အချိန်ရော ရှိသေးလို့လား”
“ဟီးးး မင်းကလဲ ကွာ”
“စားပါ … ဒါနဲ့ ငါမေးစရာရှိလို့”
“အင်း မေးလေ”
“Ae ရဲ့ အစ်ကိုက ဘယ်ရောက်နေတယ်ဆိုတာ လူတွေသိလား”
“မသိကြဘူးကွ သူမျက်နှာ ပျက်စီးပြီး ကတည်းက သူ စံအိမ်က ထွက်သွားတာတဲ့”
“ဟုတ်လား”
“ဒါနဲ့ Dam အကြောင်းက ဘာလို့”
“ဘာမှ မဟုတ်ပါဘူး ဒီတိုင်း သိချင်လို့”
“ဒါနဲ့ တရားခံရော သိပြီလား”
“အင်း”
“ဘယ်လို သိပြီ ဟုတ်လား ဘယ်သူလဲ”
“Ae”
“ဘာ!!!”
“အင်း”
“မင်းဘာဆက်လုပ်မလဲ”
“ဟင့်အင်း မသိဘူး”
“သူကရော ဘာပြောလဲ”
“ငါသူ့ကို ဖြေရှင်းဖို့ အခွင့်အရေးပေးထားတယ်”
“ငါနားမလည်ဘူး”
“ဒီလိုကွာ------.”
ဖြစ်ကြောင်း အားလုံးကို ပြောပြလိုက်တယ်။
“ဒါဆို မင်း Dam နဲ့ တွေ့ပြီးပြီပေါ့”
“အင်း သူလက်ထဲက မနည်း ထွက်ခဲ့ရတာ သူ့စကားကို ယုံပြီး Ae ကို မုန်းသလိုတောင် ဟန်ဆောင်ခဲ့ရသေးတယ်”
“သတိတော့ထားနော် Ae က သရဲဆိုရင်တောင် Dam လောက် ကြောက်စရာကောင်းမှာ မဟုတ်ဘူး”
“ငါသိပါတယ် ငါ့ ဇာတ် ငါနိုင်ပါတယ် ပြီးတော့ သူ ဒီဘဝက လွတ်ဖို့ ငါတစ်ယောက်ဘဲ လုပ်ပေးနိုင်မှာလေ”
“ဒါနဲ့ ငါမေးရင် မင်း စိတ်ဆိုးမလား”
“မင်းက ဘာမေးမှာ မို့လို့လဲ”
“မင်း Ae ကို ကူညီမယ်ဆိုထက် ပိုလား”
“အဲ့ မေးခွန်းကို ငါ့ကိုယ်ငါ မေးနေတာ ခုထိ အဖြေမထွက်သေးဘူး”
“ငါတော့ No ဆိုတဲ့ အဖြေဘဲ ထွက်စေချင်တယ် ဘာလို့ဆို မင်းတို့ နှစ်ယောက်က ပေါင်းစပ်လို့ ရတဲ့ သူတွေမှ မဟုတ်တာ”
“တော်တော့ကွာ ငါ အဲ့ဒါတွေ မစဉ်းစားစေချင်သေးဘူး စား ပြီးရင် အတန်းသွားမယ်”
“ဟင့်အင်း ငါ ဒီနေ့ အတန်းမတက်ဘူး”
“ဘာလို့လဲ”
“ငါ ကိုကိုနဲ့ လျှောက်လည်မလို့ ချိန်းထားတယ်”
“ဟွန်း ရွံထှာ”
“ရွံပေါ့”
“မင်းတို့ အတန်းမတက်ဘူးဆိုတော့ ငါတစ်ယောက်တည်း ပျင်းတယ် ငါလည်း အတန်းမတက်တော့ဘူး အိမ်ပြန်တော့မယ် ဟိုလူကြီး လာရင်လာမှာ”
“Ok လေ ငါသွားတော့မယ်”
“အင်း”
ကျွန်တော်လည်း အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ထင်ထားတဲ့ အတိုင်း သူရောက်နေပြီလေ။
“Pete ပြန်လာပြီလား”
“ဒီအိမ်ကို ခင်ဗျားအိမ်များမှတ်နေလား”
“ကိုယ့်မိန်းမ အိမ်ဆိုတော့ ကိုယ့်အိမ်ဘဲပေါ့”
“ခင်ဗျား … ဘာကိစ္စလဲ”
“မင်းရှင်းပြစရာရှိလို့”
“ဘာကို ရှင်းပြမှာလဲ”
“ကို Dam ကို လုပ်ခဲ့တာ မဟုတ်ဘူး”
“ဘာလုပ်တာကိုပြောတာလဲ”
“ကို သူ့မျက်နှာကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူး သူကသာ ယုတ်မာခဲ့တာ သူက ကို့ကို ဖျက်ဆီးချင်ခဲ့တာ သူ့လုပ်ရပ်က သူ့ဆီတန်ပြန်သွားတာ ကို လုပ်ခဲ့တာ မဟုတ်ပါဘူး”
“ကျွန်တော် မယုံဘူး”
“ယုံပါကွာ ကို တကယ်ပြောတာပါ ကို ဘယ်လို သက်သေပြရမလဲ မင်းယုံမယ်ဆို ကို ဘာမဆို လုပ်ပေးပါ့မယ်”
လူကြီး ကျွန်တော်ကို အသဲအသန်ရှင်းပြနေတာ။ ကျွန်တော် မယုံမှာကို သူ အရမ်းကြောက်နေခဲ့တာ။ မိုးပြိုတော့မလို မျက်နှာနဲ့ ကျွန်တော်ဆီ ခွင့်လွှတ်မှုကို အရမ်းလိုချင်နေတာ သိတာပေါ့။ ဒါပေမယ့် ကျွန်တော်ကို ဒီလောက်လေးနဲ့ လျှော့ပေးမယ်လို့ ထင်လို့လား ။ ခင်ဗျား ဒီလိုပုံလေးကိုဘဲ ကျွန်တော် သဘောကျတာ။
“ထားပါ သူ့ကို လုပ်တာ မလုပ်တာ ကျွန်တော် စိတ်မဝင်စားဘူး ကျွန်တော် ကို ဘာလို့ သိမ်းပိုက်လဲဘဲ ရှင်း”
“ကို မင်းကို … ချစ်လို့”
ကျွန်တော် ပြန်ပြောဖို့ စကားလုံးတွေ ပျောက်ရှနေတယ်။ ချစ်တယ်တဲ့လား ကျွန်တော့်ကို ချစ်လို့တဲ့လား ကျွန်တော် မယုံရဲဘူး ။ မယုံရဲဘူး ဆိုတာထက် မယုံချင်တာဆို ပိုမှန်လိမ့်မယ် ။ ဘာလို့ဆို ကျွန်တော် နဲ့ သူ နဲ့က ဘဝခြားနေသူတွေလေ ။ ဘယ်လိုများ အချစ်ဆိုတဲ့ အရာကို တည်ဆောက်ရမလဲ။ ကျန်တာတွေ ထားပါ သူနဲ့ ကျွန်တော် ချစ်သွားကြပြီဘဲထား Dam ဒီတိုင်း ငြိမ်နေမယ် ထင်လို့လား ဘယ်ငြိမ်နေပါ့မလဲ သူဖျက်ဆီးပစ်မှာလေ အဲ့လိုသာ ဖြစ်သွားခဲ့ရင် Ae နောက်ဘဝကူးဖို့ အရမ်းကို ခက်ခဲသွားလိမ့်မယ်။ သူ ကျွန်တော့်ကို ပုခုံးကို လာလှုပ်မှ အတွေးတွေရပ်ပြီး အသိပြန်ဝင်လာတော့တယ်။
“ကို မေးနေတာ မင်း မကြားဘူးလား”
“ဟင် ဘာလဲ ဘာမေးတာလဲ”
“မင်းရော ကို့ကို ချစ်လားလို့”
“ကျွန်တော်က ဘာကိစ္စ ချစ်ရမှာလဲ”
“ခုပြန်မချစ်ဘူး ဆိုရင်တောင် စဉ်းစားပေးလို့ကော မရဘူးလား ကို စောင့်နိုင်ပါတယ်”
“စဉ်းလည်း မစဉ်းစားနိုင်သလို စောင့်စရာလည်း မလိုဘူး”
“ဘာလို့လဲကွာ”
“ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ပြန်မချစ်နိုင်လို့ဘဲ”
ကျွန်တော် ပြောပြီးပြီးချင်း အပေါ်ထပ်ကို တက်ခဲ့တယ်။ လွင့်ကျသွားတဲ့ မျက်ရည်တစ်စက်ကိုတော့ ဘယ်သူမှ မြင်လိုက်မည်မဟုတ်။ သူ ခံစားရမယ်ဆိုတာ သိပေမယ့် ကျွန်တော် ဒီလိုမှ မလုပ်ရင် သူ့ဒီဘဝထဲမှာဘဲ ရုန်းထွက်မရ ဖြစ်နေမယ်။ ကျွန်တော့်ရဲ့ အချစ်ကြောင့် သူ့ဘဝကို မနစ်မြုပ်စေချင်လို့ပါ။ ကျွန်တော့် အချစ်တွေကို ကျွန်တော်ဘဲ သိမ်းထားခွင့်ပြုပါ Ae ရယ်။ shower အောက်ကို ဝင်ပြီး ငိုချလိုက်တယ်။ ဒီလောက်ထိ ခံစားရ ကျပ်လိမ့်မယ်လို့ မထင်ထားဘူး ။ ခဏလေး အတွင်း ဖြစ်လာတဲ့ သံယောဇဉ်က ဒီလောက်ထိ ကြီးထွားလာလိမ့်မယ်လို့လည်း မတွေးထားမိဘူး။ ဒီချိန်မှာ ချစ်မိသွားတဲ့ ကိုယ့်စိတ်ကိုယ်ဘဲ အပြစ်တင်မိတော့တယ်။ ‘Ae ရယ် ကျွန်တော့်ကို ဒီထက် မချစ်ပါနဲ့တော့နော်’
ကျွန်တော် ရေးချိုးပြီး ထွက်လာတော့ သူက ကုတင်ပေါ်ထိုင်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။
“ခင်ဗျား မပြန်သေးဘူးလား”
“မင်း ကို့ကို ချစ်တယ်လို့ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားတယ်”
“ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို ချစ်ရမှာလဲ”
“ဘာလဲ ကိုက သရဲ ဖြစ်နေလို့လား”
“ခင်ဗျားမို့လို့ကို မချစ်တာ ရှင်းလား”
သူကျွန်တော့်ကို ဆွဲလှည့်ပြီး တင်းကျပ်အောင် ဖက်ထားတယ်။
‘တော်ပါတော့ Ae ရယ် ကျွန်တော့် ခံနိုင်ရည်တွေ ကုန်တော့မယ်’
“လွှတ်စမ်းပါ ခင်ဗျားဘယ်လို ဖြစ်နေတာလဲ ကျွန်တော် ဆွဲထိုးမိတော့မယ်နော်”
“ထိုးကွာ ထိုး ကြိုက်သလောက်ထိုး ပြီးရင်တော့ ငါလုပ်တာ မင်း ခံဖို့ ပြင်ထား”
“ခင်ဗျား”
-ဗုန်း-
သူ ကျွန်တော်ကို ကုတင်ပေါ် စောင့်တွန်းတင်လိုက်တယ် ပြီးတော့ ကျွန်တော်မျက်နှာ နှုတ်ခမ်း လည်ပင်း ဗိုက် နေရာအနှံကို သူ့ အနမ်းတွေနဲ့ ချယ်လှယ်နေတယ်။ နောက်သူထပ်ပြီး ကျွန်တော်ရဲ့ ကိုယ်ပိုင် နေရာကိုပါ ဒုတိယကြိမ်မြောက် ခိုလှုံလာတော့တယ်။ ဒီတစ်ခါတော့ ပထမ တစ်ခါနဲ့ မတူဘူး ကျွန်တော် ကိုယ်တိုင်ကိုက သူ့ကို လိုလိုလားလား ခိုလှုံခွင့် ပေးလိုက်တာပါ။ ကျွန်တော့်ရဲ့ ရမက်ဆန်မှု သူ့ရဲ့ တောင်းတမှုတွေ ရောယှက်ပြီး ခန္ဓာ နှစ်ခု ထပ်တူကျနေလိုက်တာ သူ့ရဲ့ ခါးအထက်မှာ နှင်းဆီ လင်းတန်းလေး ထွက်ပေါ်လာတာ မသိတဲ့ အထိကို ပါဘဲ။
“Pete ကျေးဇူးတင်ပါတယ်ကွာ”
“ဘာကိုလဲ”
“ခွင့်ပြုလို့ပါ”
ကျွန်တော် သူ့ကို တွန်းဖယ်ပြီး bathrube ကို ပြန်ဝတ်ပြီး
“ဘယ်သူက ခွင့်ပြုလို့လဲ သူ့ဘာသူ မတရား လုပ်နေပြီးတော့”
“ဒါဆိုစောစောကို ဘာလို့ မင်း တုန့်ပြန်ခဲ့တာလဲ”
“ဘယ်မှာ တုန့်ပြန်လို့လဲ”
“စောစောကဘဲ အင်း အား ရူးတော့မှာဘဲ ဒီနား ဟိုနားဆိုပြီး ပြောနေတာ ဘယ်သူလဲ”
“ခင်ဗျား မဟုတ်တာ လျှောက်မပြောနဲ့ ဘယ်တုန်းက ကျွန်တော် ပြောလို့လဲ”
“ဘယ်တုန်းက ပြောလဲ သိချင်လား လာပြောပြမယ်”
ကျွန်တော်သူ့ကို လှမ်းဆွဲလိုက်တာပါ ဒါပေမယ့် သူကျွန်တော်ကို ကိုင်လို့မရဘူး။ ကြည့်ရင်းနဲ့ကို သူ့လက်တွေ ပျောက်လာတာကို ကျွန်တော် တွေ့ရတယ်။
ဒါဘာဖြစ်တာလဲ သူဘာလို့ ဒီလို ဖြစ်သွားတာလဲ။ ဟုတ်သားဘဲ ခုမှ Can ပြောခဲ့တာကို ကျွန်တော် သတိရတယ်။ သူ့ကို လိုလိုလားလား ပေးတဲ့သူနဲ့မှ သူ့ဘဝ ကျွတ်လွှတ်မယ်ဆိုတာ။ ဒါဆို သူ……

See u next part
Ae တစ်ယောက် ဒီဘဝက ကျွတ်လွတ်သွားရင် Pete တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့နော်။ ဘယ်လို လုပ်ရမလဲဟင် ။ မပေါင်းစည်းနိုင်တဲ့ ဘဝနှစ်ခုကို ဘယ်လို ရှေ့ဆက်ပေးရမလဲ။😔😔

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now