🐯I can't say true🐉

3.5K 344 48
                                    

“ဟို…ဟိုလေ…ကိုက”
“ခင်ဗျားကို ဘယ်သူလဲလို့ မေးနေတယ်လေ”
“တံခါးဖွင့်ထားတာတွေ့လို့ ဝင်လာတာပါ ကို အကူအညီလေး တောင်းချင်လို့ပါ”
“ဘယ်လို ကျွန်တော် တံခါးပိတ်ခဲ့ပါတယ်”
“မပိတ်ခဲ့လို့ ကို ဝင်လာလို့ရတာပေါ့”
“ထားပါ ပိတ်တာ မပိတ်တာ ကျွန်တော် ကိစ္စ ခင်ဗျားက တံခါးမပိတ်ထားတိုင်း ဒီလိုဘဲ ဝင်လာနေကြလား”
“အဲ့လို မဟုတ်ရပါဘူး”
“အဲ့လို မဟုတ်ရင် ဘာလို့ ဝင်လာသေးလဲ”
“ကို တောင်းပန်ပါတယ်”
“ထားလိုက်တော့ ကျွန်တော် စိတ်ရှုပ်နေလို့ ခင်ဗျားသက်သာ သွားတယ်မှတ် မဟုတ်ရင် ခင်ဗျား ထောင်ထဲရောက်နေပြီ”
“ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတွေ စွတ်တင်မနေနဲ့ ခင်ဗျား ဝင်လာရတဲ့ အကြောင်းပြချက်ကို ပြော မဟုတ်လို့ကတော့ ရဲစခန်းကို ဖုန်းဆက်ပြီးသားပဲ”
Pete
သူ့ပုံစံ ကြည့်ရတာတော့ သူခိုး ဓားပြပုံ မပေါက်ပါဘူး။ အဲ့လိုပုံ မဖြစ်တဲ့ အပြင် ခန့်ညားတယ်လို့တောင် ပြောလို့ရသေးတယ်။ ပြီးတော့ သူ့ကို ကျွန်တော် မြင်ဖူးသလိုဘဲ ဘယ်မှာ မြင်ဖူးလဲ ဆိုတာကိုသာ စဉ်းစားလို့မရတာ။
ဒါကြောင့် သူ့အကြောင်းပြချက်ကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တာ။
“ဒီလိုပါ ကိုက ဒီ Bangkok က မဟုတ်ဘူး ရွာဘက်က လာတာပါ ကို ဒီကို တက်လာတုန်း လမ်းမှာ ခါးပိုက်နှိုက်ခံရလို့ပါ အဲ့ဒါ ပါလာတဲ ပိုက်ဆံတွေလည်း မရှိတော့ဘူး ထမင်း မစားရတာလဲ ၂ ရက်လောက်ရှိနေပြီ စောစောက ညီကို လှမ်းမြင်လိုက်တော့ သဘောကောင်းမယ့် ပုံစံမို့ အကူအညီ တောင်းလို့ ရမယ်ထင်လို့ လှမ်းခေါ်ပေမယ့် ညီကမှ မကြားတာ အိမ်ရှေ့မှာ အကြာကြီး ရပ်နေပြီးမှ အိမ်ထဲကို ဝင်သွားတာ ပြီးတော့ တံခါးကိုလဲ ဒီတိုင်းဖွင့်ထားခဲ့တယ်လေ အဲ့ဒါနဲ့ ကိုလည်း နောက်က လိုက်ဝင်ခဲ့တာ”
“အကြောင်းပြချက်ကတော့ မဆိုးပါဘူး ဒါပေမယ့် ခင်ဗျားပုံ ကြည့်ရတာ တောပုံလည်း မပေါက်ပါဘူး”
“တောမှာလဲ ခောတ်မှီနေပါပြီ ညီရဲ့”
“ထားပါတော့ ခုခင်ဗျား အကူအညီတောင်းမယ်ဆိုတာက”
“ကို့ကို ဒီမှာ ၁ရက်လောက် တည်းခိုခွင့်ပေးပါလားလို့ပါ ကို နက်ဖြန်ဆို သွားရမယ့် အိမ်ကို ရှာသွားလိုက်ပါ့မယ်”
“ခုရှာလို့ မရဘူးလား”
“အဲ့ဒါက…”
Ae
တကယ်ကို အကျပ်ရိုက် မေးတတ်တဲ့ ကောင်းလေးပါ။ ကျွန်တော် သူမေးနေတာတွေကို ကျိုးကြောင်းဆီလျှော်အောင် မနည်း လိုက်ဖြေနေရတယ်။ ဖြေရင်း ဖြေရင်းနဲ့ ဘာ ဆက်ဖြေရမှန်း မသိ ဖြစ်လာတယ်။ ဇောချွေးတွေလည်း ပြန်လာတယ်။
“တော်ပြီ အဲ့လောက်ဆို သဘောပေါက်ပြီ ဒီည ဒီမှာ နေချင်တယ် ပိုက်ဆံမရှိ ဝယ်စားဖို့ အဆင်မပြေလို့ ထမင်းလေး တစ်နပ်လောက် စားချင်တယ် ဒါဘဲမလား”
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
“ဒါလေးပြောဖို့ကို ဘာတွေ တိုင်ပတ်နေမှန်း မသိဘူး ကျွေးတာက ကျွေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ကြက်ဥနဲ့ ခေါက်ဆွဲဘဲ ရှိတယ်။ စားချင်စား မစားချင်နေ ။ ပြီးတော့ ကျွန်တော်က တစ်ယောက်တည်းနေတာမို့ အိပ်ခန်းက ဒီတစ်ခန်းဘဲ ရှိတယ် ။ သူစိမ်းနဲ့လည်း တူတူ မအိပ်တတ်ဘူး။ အဲ့တော့ ကျွန်တော် ကုတင်ပေါ်မှာ အိပ်မယ် ခင်
ဗျားက ဟို ဆိုဖာပေါ်မှာအိပ် ရလား”
“ရပါတယ်”
“မရလည်း မတတ်နိုင်ဘူး”

တကယ်ကို မလွယ်တဲ့ ကောင်လေးပါလား။ ပြီးတော့ ရယ်ချင်တာက သူစိမ်းနဲ့ တူတူ မအိပ်တတ်ဘူးတဲ့။ ကျွန်တော်က သူ့ယောက်ျားပါလို့ ပြောလိုက်လို့ကတော့ ဘယ်လောက်တောင် စွာလိုက်မလဲမသိဘူး ။ ဒါပေမယ့် သူစွာတာက ကိစ္စမရှိဘူး ။နှုတ်ခမ်းလေး ထော်ထော်နဲ့ ပြောနေတာ ကျွန်တော် မနည်း စိတ်ထိန်းထားရတယ်။ စိတ်ရှိတိုင်းတာဆို အဲ့နှုတ်ခမ်းလေးကို ဆွဲစုတ်ပလိုက်ပြီ။
တကယ်တမ်းက ကျွန်တော် သူငိုတာကြည့်ပြီး မနေနိုင်လို့ အဖြစ်မှန်ပြောပြမယ်လို့ တွေးပြီး ကိုယ်ထင်ပြကာ ပြောလိုက်ဖို့ လုပ်ခဲ့ပေမယ့် စကားလုံးတွေက ပါးစပ်ထဲမှာတင် ကွယ်ပျောက်နေတယ်။ ဘာတွေ ပြောမိသွားမှန်းလည်း မသိဘူး ။ တော်သေးတာက ကောင်လေး မရိတ်မိတာကိုပဲ။
ပါးစပ်က ပွတ်တွတ်ပွတ်တွတ်ပြောပြီး အောက်ထပ်ကို ဆင်းသွားတယ် ။ ကျွန်တော်လည်း သူ့နောက်က လိုက်လာခဲ့တယ်။
Pete
ပထမတော့ လူစိမ်းမို့လို့ စိတ်မသန့်ပေမယ့် သူ့ပုံကြည့်ရတာ မဆိုးတာကြောင့် လက်ခံလိုက်တယ်။ ပြီးတော့ မနေ့က အဖြစ်အပျက်ကြီးကိုလည်း မေ့ထုတ်ချင်တယ်။ ဒီလူကြီးဆီ စိတ်ရောက်နေရင် ကျန်တာ မေ့ထားနိုင်မယ်လေ။ တစ်ညတာတော့ အဖော်ရှိနေမှာမို့ လုံခြုံတယ်လို့ ခံစားရတယ်လေ။ ဘာမှန်းမသိတဲ့ဟာကြီးထက်ဆာရင် လူကတော်သေးတယ်လေ။ လူက သူလုပ်ရင် ကိုယ်လည်းပြန်လုပ်လို့ ရတယ်လေ။(ထိုးတာ ကျိတ်တာတို့ ပြောတာနော် တခြားမတွေးရဘူးနော် ချစ်လေးတို့)
မီးဖိုချောင်ထဲ ဝင်ပြီး ဟိုလူကြီး စားဖို့ ခေါက်ဆွဲ ပြုတ်ပေးလိုက်တယ်။ ခေါက်ဆွဲရတော့ သူ့ဆီကို ပေးလိုက်တယ်။ ဘယ်ဘဝက ငတ်နေလဲ ခေါက်ဆွဲ တစ်ပွဲစားလိုက်တာများ ၁ မိနစ်တောင် မကြာလိုက်သလိုဘဲ။
“ကျေးဇူးပါနော်”
“မလိုပါဘူး ကုသိုလ်ပေါ့”
“ကို ရေချိုးလို့ ရနိုင်လား”
“ချိုးလေ ချိုးပေါ့”
“အင်း”
“ရေချိုးမယ်ဆို သွားချိုးလေ ဘယ်သူ့စောင့်နေတာလဲ”
“ညီကိုလေ”
“ဘာလဲ ကျွန်တော်က ခင်ဗျားကို ချိုးပေးရမှာလား”
“အဲ့လိုလဲရပါတယ်”
“ဘာ!!!ခင်ဗျားကို ကျွန်တော်က ရွဲ့နေတာ”
“ကိုကလည်း စတာပါ ရေချိုးခန်းကို ကို အရင်သွားနှင့်ရင်”
“အမလေး အိမ်ထဲထိမကလို့ အိပ်ခန်းထဲထိ ရအောင် လာနိုင်သူက ရေချိုးခန်းကို သွားဖို့ ကျွန်တော်မပါသေးလို့ အားနာတယ်လို့တော့ လာမပြောနဲ့နော်”
“ညီကလဲကွာ ကို့ကို မရွဲ့ပါနဲ့”
“မရွဲ့မိပါဘူး”
“ဟုတ်ပါပြီ ဒါဆို ကို အရင်တက်နှင့်မယ်နော်”
“ကြွ”
Ae
သူအဲ့လိုလေးပြောနေတာကို ကျွန်တော် သဘောကျနေမိတာ ။ ကျွန်တော်ကို ကျွန်တော်တောင် ပြန်စဉ်းစားမိတယ်။ ငါ အရင် Ae ရော ဟုတ်သေးရဲ့လားလို့။
ကျွန်တော် အပေါ်ထပ်တက်ပြီး ရေချိုးလိုက်တယ်။ ရေချိုးပြီး ကျွန်တော် ထွက်လာတော့ သူလေးက ရေချိုးဖို့ အောက်ပိုင်း သဘက်လေးပတ်ပြီး ကုတင်ပေါ်ခြေချိတ်ထိုင်ရင်း ဖုန်းလေးကို သုံးနေတယ်။
‘ကောင်လေးရာ ငါ့ကို စိတ်မထိန်းနိုင်အောင် လုပ်နေတာလား ငါတစ်ကြိမ်ရယူပြီးတာတောင် သူ့ကို မြင်တိုင်း လိုချင်နေတုန်းပဲ’
Pete
သူရေချိုးပြီးထွက်လာတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ အသက်ရှုတောင် ရပ်သွားတယ် ထင်တယ်။ ချောလိုက်တာလို့ ပြောရမလိုဘဲ။ ယောက်ျားဆန်ဆန် ကြွက်သားကြီးတွေနဲ့ ပြည့်နှက်နေတာမျိုးမဟုတ်ပေမယ့် ပြေပြစ်တဲ့ခန္ဓာကိုယ် အချိုးအစား ၊ ထူးထည်းလှတဲ့ မျက်ခုံးမွှေးလေး နှစ်တန်း၊ ဝင်းအိနေတဲ့ အသားအရည် တွေကြောင့် ဆွဲဆောင်မှု အပြည့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။
“ကို ကြာသွားလား တောင်းပန်ပါတယ်နော်”
“ရေချိုးတာ မိန်းမကျနေတာဘဲ ကြာလိုက်တာ”
သူခိုးလူမိသလို ဖြစ်သွားတာကြောင့် ပြောချင်ရာ ပြောပြီး ရေချိုးခန်းထဲ ဝင်ခဲ့ရတယ်။ ရေချိုးခန်းထဲရောက်မှ ကဆုန်ပေါက်နေတဲ့ ရင်ဘတ်ကို လက်ကလေးနဲ့ ဖိထားရတယ်။
ကျွန်တော် ရေချိုးပြီး ပြန်ထွက်လာတာတောင် သူက အဝတ်အစား မဝတ်ရသေးဘူး။ ဒီလူကတော့လေ လူကို မနေတတ်အောင် လာလုပ်နေတယ်။
“ခင်ဗျား အဝတ်မဝတ်သေးဘဲ ဘာလုပ်နေတာလဲ”
“ဟို”
“အဝတ်အစား မပါပြန်ဘူးလား😒”
“အင်း”
“ဟင်း…”
ကျွန်တော် ဗီရိုဖွင့်ပြီး သူ့နဲ့ အဆင်ပြေလောက်မယ့် အင်္ကျီတစ်ထည်ရှာလိုက်တယ်။ ဒါပေမယ့် အဆင်ပြေတာမတွေ့ သူက ကျွန်တော့်လောက် အရပ်မရှည်ပေမယ့် ကျွန်တော့ထက် ခန္ဓာကိုယ် နည်းနည်းထွားတယ်။ ရှာနေရင်းနဲ့ သတိရလိုက်တာက နည်းနည်း ပွနေလို့ သိမ်းထားတဲ့ ညဝတ်လေး ။ အဲ့ဒါနဲ့ အဲ့ဒီအင်္ကျီသိမ်းထားတဲ့ box ကို ဖွင့်လိုက်တယ်။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now