🐯I'm fine🐉

2.6K 245 29
                                    

Perth တစ်ယောက် ပြစ်လဲသွားတာမို့ Tin နဲ့ Can တို့ အနားကိုလာပြီး ဆွဲထူပေးကြတယ်။
Tin,Can-“ Perth, Perth ရလား ဘာဖြစ်တာလဲ Pete ဘာရပ်ကြည့်နေတာလဲ ဆေးရုံ ဖုန်းဆက်လေ”
Pete-“ဘာလုပ်ဖို့လဲ”
Tin-“ဟာ Perth ဖြစ်သွားတာ မမြင်ဘူး ဆေးရုံပို့မှ ရမှာပေါ့ ဆက်စရာရှိမှာသာ ဆက်စမ်းပါ pete ရာ”
pete တစ်ယောက် ဖုန်းကို ထုတ်လိုက်ပြီး ဆေးရုံကို ဖုန်းဆက်လိုက်တယ်။ ခဏကြာတော့ ဆေးရုံကားရောက်လာတယ်။ Perth ကို ကားပေါ်တင်ပြီး Tin ,Can လည်း ဆေးရုံကားပေါ် တက်လိုက်တယ်။
pete က ကားအနောက်မှာ ရပ်နေရင်း
pete-“မင်းတို့က ဘယ်လိုက်သွားမလို့လဲ”
Tin-“အောင်း ဆေးရုံလိုက်သွားရမှာပေါ့ မင်းကရော ဘာရပ်လုပ်နေတာလဲ တက်လေ”
pete-“ငါမလိုက်ချင်ဘူး မင်းတို့ဘဲ သွားကြတော့”
Can-“ pete ဆေးရုံရောက်မှ အတူတူ ပြန်မယ် လာ လိုက်ခဲ့”
pete မလိုက်ချင် လိုက်ချင်နဲ့ မျက်နှာကို စူပုတ်ပြီး လိုက်လာတယ်။
~~~
At Hospital
Perth ကို စမ်းသတ်မှုလုပ်ပြီး OR ခန်းထဲ သွင်းသွားတယ်။ 2 နာရီလောက် ကြာသွားပြီးမှာ Doctor ထွက်လာတယ်။
Can-“ဆရာ အခြေအနေ ဘယ်လိုရှိလဲ”
Doc-“စိုးရိမ်စရာမရှိတော့ပါဘူး အစာအိမ်ဆေးထားရတာကြောင့် ဆေးရုံမှာတော့ ၁၀ ရက်လောက် ထားမှ ရမယ် ပြီးတော့ သူ ငြုပ်သီးနဲ့ မတည့်တာ မသိလို့လား ဘယ်လို စားဖြစ်သွားတာလဲ”
Can-“ဟို…ဟို…အဲ့ဒါက”
Tin-“သူက ကျွန်တော်တို့ ကျောင်းကို ရောက်လာတာ မကြာသေးဘူး ကျွန်တော်တို့နဲ့လည်း သိပ်မခင်ဘူး အဲ့ဒါ အစပ်ပါတာကို ကျွေးလိုက်မိတာ သူကလည်း မပြောတော့ ကျွန်တော်တို့လည်း မသိလိုက်ဘူး ဖြစ်သွားတယ်”
Doc-“နောက်ဆို သတိထားပေးပါ အသက်အန္တရာယ်တောင် ထိခိုက်နိုင်တာမို့ပါ”
Tin-“ဟုတ်ကဲ့ပါ ဆရာ”
Doc-“ခဏနေ VIP room ကို ပြောင်းပေးပါ့မယ် အဲ့ကျရင် တွေ့လို့ရပါပြီ”
Doctor ထွက်သွားပြီးတော့ Can က ကျွန်တော်ကို လာပြောတယ်။
Can-“ကြားလား အသက် အန္တရာယ် ရှိနိုင်တယ်တဲ့ တကယ်သေသွားရင် ဘယ်လို လုပ်မလဲ မင်းဘဲ ထောင်ကျမှာ”
Pete-“ငါတောင်းပန်ပါတယ်”
Tin-“ငါတို့ကို တောင်းပန်ရမှာ မဟုတ်ဘူး Perth ကို တောင်းပန်ရမှာ”
Can-“သူ သတိရရင် တောင်းပန်လိုက်ကြားလား”
pete-“အင်းပါ”
တကယ်က အဲ့လောက်ထိ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ။ ပြီးတော့ သူကရော ငါကျွေးတာကို ဘာလို့ မငြင်းတာလဲ ဒီလိုဖြစ်မယ်ဆိုတာ သိသိရက်နဲ့ စားတာလား။ ဘာလို့လဲ။
အခန်းပြောင်းပြီးလို့ ဝင်တွေ့လို့ရပြီမို့ သုံးယောက်လုံး အခန်းထဲ ဝင်လိုက်တယ်။
ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ ဖြူဖျော့ဖျော့ ဖြစ်နေတဲ့ မျက်နှာနဲ့ သူ့ကို ကြည့်ပြီ အလိုလို မျက်ရည်က ဝဲတက်လာတယ်။ ဝဲတက်လာမျက်ရည်ကို ဖယ်ချလိုက်ပြီး
‘ဟင့်အင်း ငါ သူ့ကို မသနားရဘူး ဘာသနားစရာလိုလို့လဲ သူ့ဘာသူစားတာဘဲဟာ ငါအတင်း ကျွေးတာလဲ မဟုတ်ဘဲနဲ့ ငါသူ့ကို သနားလိုက်ရင် ငါရှုံးသွားမှာပေါ့ မသနားနဲ့  Pete မသနားနဲ့’
ကိုယ့်စိတ်ကိုယ်ပြန်တင်းလိုက်တယ်။
Pete-“ငါတို့ ပြန်ရအောင်လေ”
Tin-“သူတောင် သတိမရသေးတာ ငါတို့ ပြန်လို့ ဘယ်ဖြစ်မလဲ”
Pete-“ဒါဆို ဘယ်ချိန်ထိစောင့်ရမှာလဲ”
Tin-“ Pete မင်း ဘာတွေ ဖြစ်နေတာလဲ အရင်က အဲ့လိုမှ မဟုတ်တာ ခုက မင်းကြောင့် သူ ဒီလို ဖြစ်သွားတာလေ မင်းမှာ တာဝန် အပြည့် ရှိတယ်ဆိုတာ သိပါတယ်နော်”
Pete-“ငါနဲ့ ဘာဆိုင်လို့လဲ သူ့ဘာသူ စားလို့ ဖြစ်သွားတာလေ”
Tin-“မင်း အဲ့လိုတော့ မပြောနဲ့လေ သူ့ဘာသူ ယူစားတာမှ မဟုတ်တာ မင်း ကျွေးတာလေ”
Pete-“သူငြင်းရင် ရတာဘဲ”
Tin-“တော်တော့ Pete မင်း ဘာလို့ ဒီလို ဖြစ်နေတာလဲ မင်း သူ့ကို ဘာလို့ ဒီလိုတွေ ဆက်ဆံနေတာလဲ သူက မင်းကို ဘာလုပ်ထားလို့လဲ”
Pete-“သူ Ae နဲ့ ရုပ်တူနေတာကိုက သူ့ အပြစ်ဘဲ”
Tin-“ဘာဆိုင်လို့လဲ ကွာ”
Pete-“မသိဘူးကွာ”
Tin-“အေး မင်းဘာမင်း ဘာကိစ္စနဲ့ဘဲ သူ့ကို အမြင် ကြည်ကြည် မကြည်ကြည် ခု မင်းလုပ်လို့ သူ ဒီလို ဖြစ်သွားတာ အဲ့တော့ မင်း သူ့ကို နေကောင်းတဲ့ အထိ ပြုစုပေးရမယ် ဟုတ်ပြီလား”
Pete-“ဟာ ဘာ ကိစ္စ ငါက ပြုစုရမှာလဲ”
can-“ငါကတော့ ကို ပြောတာ မှန်တယ် ထင်တယ်”
Pete-“မင်းကတော့ မင်းဟာဘက် လိုက်ပြောမှာပေါ့”
Can-“ငါ ဘယ်သူ့ဘက်မှ လိုက်ပြောနေတာ မဟုတ်ဘူး Pete ဖြစ်သင့် ဖြစ်ထိုက်တာကိုဘဲ လက်ခံပေးစေချင်တာ”
Tin-“ငါတို့ ပြန်မယ် မင်း နေခဲ့ သူလိုတာတွေ လုပ်ပေးလိုက် အဲ့ ရှစ်ခေါက်ကျိုးနေတဲ့ မျက်နှာပေးလဲ ပြင်လိုက် ဟိုက သတိရလာရင် မင်းမျက်နှာ မြင်ပြီး ပြန်မေ့သွားဦးမယ်”
Pete-“အမလေး ဒီမျက်နှာက ဘယ်လို နေနေလှပြီးသား အဲ့လို ဖြစ်စရာ အကြောင်း ဘာမှ မရှိဘူး”
Tin-“အေးပါ ငါတို့ ပြန်တော့မယ် မနက်မှ လာခဲ့မယ်”
Pete-“ငါတစ်ယောက်တည်း နေခဲ့မှာလား”
Can-“ဟင့်အင်း ဟိုမှာ Perth ရှိတယ်လေ ငါတို့မရှိတုန်း အနိုင်မကျင့်နဲ့နော် ဟိုက လူနာနော်”
Pete-“ကောင်စုတ်တွေ သွား သွား မြန်မြန်သွား လာလည်း တွေ့စရာမလိုဘူး ငါ့ဘာငါ တစ်ယောက်တည်း နေမယ်”
Tin-“ဘာလည်း ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးမလို့လား”
Pete-“သေလိုက်ပါလား ငါ့ကို အဲ့ကောင်နဲ့ မစနဲ့ မကြိုက်ဘူး”
Tin-“အေးပါကွာ သွားပြီ တာ့တာ့”
Pete-“ကြွ”
Tinတို့ ပြန်သွားပြီ ကုတင်ဘေးက ခုံမှာ ထိုင်လိုက်ပြီး သူ့မျက်နှာကို စိုက်ကြည့်နေမိတယ်။
“မင်းမှာ အပြစ်မရှိတာကို ငါသိပါတယ် ဒါပေမယ့် မင်းမျက်နှာကို မြင်ရင် အလိုလို ဒေါသ ထွက်နေမိတာ ငါလည်း မတတ်နိုင်ဘူး”
တစ်ညလုံး လူနာစောင့် ကုတင်မှာ အိပ်ရင်း စောင့်နေလိုက်တယ်။ မနက်မိုးလင်းတဲ့အထိ သူ သတိမရသေးဘူး။ မျက်နှာသစ်ပြုပြီး ပြန်လာမှ သူကုတင်ပေါ်မှာ မျက်လုံးလေးပွင့်ပြီး အခန်းထဲကို လျှောက်ကြည့်နေတယ်။
“သတိရလာပြီလား”
“အင်း ငါ ဘယ်ရောက်နေတာလဲ…အာ့”
ပြောရင်း ကုတင်က ထထိုင်ဖို့လုပ်တော့ ခွဲထားတဲ့ ဒဏ်ရာကို ဖိပြီး အော်လိုက်တာကြောင့် လူလည်း လန့်ပြီး သူ့နား ဘယ်လို ရောက်သွားမှန်း မသိလိုက်
“ဟာ ဘာလို့ ဇွတ်ထနေတာလဲ ချုပ်ရိုးပြုတ်တတ်တယ်ဆိုတာ နားမလည်ဘူးလား”
“ငါဘယ်ရောက်တာနေတာလဲ ဘာလို့”
“ဆေးရုံရောက်နေတာလေ မမှတ်မိဘူးလား ငြုပ်သီးနဲ့ မတည့်ရင် မတည့်ဘူးပြောပါ့လား ဘာလို့ စားလဲ”
“အော် မှတ်မိပြီ အဲ့လောက်ဖြစ်မယ် မထင်လို့ပါ”
“မင်းမထင်တာက ကိစ္စမရှိဘူး မင်းသေရင် ငါဘဲ အမှုပတ်မှာ”
“တောင်းပန်ပါတယ်”
“မလိုပါဘူး”
“ဒါနဲ့ အပေါ့သွားချင်လို့”
“သွားပေါ့”
“ငါ့ကို တွဲပေးမှ ရမှာလေ”
“ဟင်းးး အလုပ်ကို ရှုတ်တယ် လာ”
သူ့ကို တွဲခေါ်ပြီး အိမ်သာထဲ လိုက်ပို့လိုက်တယ်။ အဲ့မှာမှ စတာ။ သူ့ကို ဒီတိုင်းထားခဲ့လို့ကလည်း မရ ။ သူ့မှာလည်း Drip က တစ်ဖက် ကျွန်တော့်ကို တွဲထားတဲ့ လက်က တစ်ဖက်ဆိုတော့ ဘောင်းဘီက ချွတ်လို့မရ။
“မင်းချွတ်ပေးပါလား”
“ဘာကိုလဲ”
“ဘောင်းဘီလေ ငါမှ ချွတ်လို့ မရတာ”
“ဟာဗျာ”
“လုပ်ပါကွာ ငါထွက်ကျတော့မယ် ပြီးတော့ ယောက်ျားလေး အချင်းချင်းဘဲဟာ”
“ဘယ်ဘဝက ရေစက်လဲမသိပါဘူး”
ကျွန်တော် မျက်နှာကို တစ်ဖက်လှည့်ပြီး သူ့ဘောင်းဘီကို ချွတ်ပေးလိုက်တယ်။ သူ့ကိစ္စ သူရှင်းပြီးတော့
“ငါ ပြီးပြီ”
သူလဲ ရှက်နေတယ်ဆိုတာ သူ့အသံကို ကြားတာနဲ့ သိပါတယ်။ ကျွန်တော်လည်း လှည့်မကြည့်ဘဲ ဘောင်းဘီဝတ်ပေးဖို့လုပ်လိုက်ပေမယ့် လက်နဲ့ထိသွားတာက သူ့ရဲ့ အရာ
“Sorry”
“ရပါတယ်”
ကျွန်တော်လည်း အမြန်ဘောင်းဘီကို ဆွဲတင်ပေးပြီး Toilet ထဲက ပြန်ခေါ်ပြီး ကုတင်ပေါ် ပြန်တွဲ တင်ပေးလိုက်တယ်။ ပြီးတော့ သောက်ရေ သွားယူပေးမယ်ဆိုပြီး အကြောင်းပြချက်နဲ့ အပြင်ထွက်လာခဲ့တယ်။ တကယ်က ရှက်လွန်းလို့ မျက်နှာတွေ ရဲနေပြီ ဆိုတာ ကျွန်တော့်ကို ကျွန်တော် သိတယ်။ အဲ့တာကြောင့် အပြင်ကို အမြန်ထွက်လာခဲ့တာ။


see u next part
love u all








Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now