🐯Why🐉

2.8K 285 39
                                    

ဟုတ်တယ် သေချာတယ် သူက ကျွန်တော့် အိမ်မက်ထဲက ကောင်လေး
အပြင်မှာ မြင်မှ တော်တော်ကို လှသည်ဟု ဆိုလိုရသည်။ အသားရည်ကလည်း ဖြူတာမှ တော်တော်ကို ဖြူတာ။ ဖြူစွတ်နေတဲ့ အသားရည်နဲ့ လိုက်ဖက်ညီတဲ့ မျက်နှာ ပြီးတော့ ဆေးဆိုးထားခြင်း မရှိတဲ့ နီရဲနေတဲ့ သဘာဝ နှုတ်ခမ်းသားလေး။ တိုတိုဆိတ်ဆိတ် မျက်တောင်လေးတွေနဲ့ ကာရံထားတဲ့ မျက်လုံးဝိုင်းဝိုင်းကို ဖျက်ဆီးထားတဲ့ လွမ်းမောဖွယ် အကြည့်။
သူငေးနေရာကနေ ကျွန်တော်ကို လှည့်ကြည့်တယ်။
“Ae……”
လွမ်းဆွတ်မှုကို ခဏတာသာ ပြပြီး အမုန်း ပုံရိပ်တွေ ဖန်တီးလိုက်တဲ့ ကောင်လေးရဲ့ မျက်လုံးတွေပါ။
ကျွန်တော် သူ့ဘေးမှာ ထိုင်လိုက်တဲ့အထိ မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတာပါ။ အဲ့ အကြည့်တွေကို မြင်ဖူးနေတယ်လို့ စဉ်းစားနေတုန်း ရှေ့က ကျောင်းသားနှစ်ယောက် နှုတ်ဆက်တာကြောင့် အတွေးတွေ ရပ်တန့်လိုက်ရတယ်။
“Hi”
“Hi”
“Singapore က လာတာဆိုတော့ ဘယ်နိုင်ငံသားလဲ”
“ကျွန်တော်က ထိုင်းပါပဲ”
“အော် နာမည်က Perth နော် ငါ့နာမည်က Can သူက Tin သူကတော့ Pete”
“ဟုတ်တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်ကိုလည်း သူငယ်ချင်း တစ်ယောက်အဖြစ် သတ်မှတ်ပေးပါ”
“ငါကတော့ မသတ်မှတ်နိုင်ဘူး”
သူအဲ့လို ပြောပြောပြီးချင်း ထထွက်သွားတယ်။ စောစောက မိတ်ဆက်တဲ့ သူငယ်ချင်း နှစ်ယောက်လည်း သူ့နောက်က ပြာပြာသလဲ လိုက်သွားတယ်။
“ဟေ့ကောင် Pete ဘာဖြစ်တာလဲ ငါတို့ကို စောင့်ဦး Pete ပြောတာကြားလား”
“ငါ တစ်ယောက်တည်း နေချင်တယ်”
“ဘာဖြစ်ရပြန်တာလဲ ခုမှ မင်းတည်ငြိမ်လာတာကို ခုဘာဖြစ်ရပြန်တာလဲ Perth ကို သိလို့လား”
“ခုလောလောဆယ် အဲ့တာတွေ မပြောချင်သေးဘူး ငါ အိမ်ပြန်တော့မယ် စာသင်ချင်စိတ်လည်း မရှိဘူး”
“ငါလိုက်ခဲ့မယ်”
“ရပါတယ် Can ရယ်”
“မရပါဘူး ငါလိုက်ခဲ့မယ် ကို ကလေး Pete နဲ့ လိုက်သွားလိုက်မယ် ကျောင်းဆင်းရင် ကလေးကို Pete အိမ်မှာ လာခေါ်လှည့်နော်”
“ဟုတ်ပြီ ကလေး Pete ဒီနေ့တစ်ရက်ဘဲ မင်း ဒီလိုဖြစ်နေတာကို ခွင့်ပြုပေးမှာနော် မင်း ဒီနေ့ အကောင်းဆုံး အနားယူပြီး အတိတ်တွေ ကို အတိတ်မှာ ချန်ခဲ့လိုက်တော့ နေ့သစ်တိုင်းကို အကောင်းဆုံး စတင်ကြမယ် ဟုတ်ပြီလား”
“အင်းပါ အတန်းပြန်တော့လေ ငါတို့လည်း သွားတော့မယ်”
ကျွန်တော် အတန်းထဲက ရုတ်တရက် ထထွက်လာတာကို Tin နဲ့ Can က အနောက်ကနေလိုက်လာတာပါ။ ကျွန်တော် ဒီလို တည်ငြိမ်ဖို့ ၁ နှစ်လောက် ကြိုးစားခဲ့ရတာ ။ လွန်ခဲ့တဲ့ တစ်နှစ်က Ae ပြောသွားတဲ့ စကားတွေကို ခုထိ မမေ့သေးဘူး။ ကြိုးစားပြီး မေ့ဖျောက်ထားတာ မေ့ပျောက်မလို ဖြစ်နေကာမှ သူက ဘာလို့ ပေါ်လာတာလဲ။ သူက ဘယ်သူလဲ ဘာလို့ Ae နဲ့ တူနေရတာလဲ။
ကျွန်တော်နဲ့ can အိမ်ကို ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ကုတင်ပေါ် ပစ်လှဲလိုက်တယ်။ Can က ကျွန်တော့်ဘေးမှာထိုင်ရင်း
“ဘာလို့လဲ Perth က ဘာဖြစ်နေလို့လဲ မင်းနဲ့သူ တွေ့ဖူးလို့လား”
“perth ကိုတော့ မတွေ့ဖူးပါဘူး ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လဲ”
“ဒါပေမယ့် သူက Ae နဲ့ တူနေတာ”
“ဘယ်လို!!!Ae နဲ့တူတယ် ဟုတ်လား မင်းက သေချာလို့လား”
“သိပ်သေချာတာပေါ့ ငါ့ကို စော်ကားသွားတဲ့ကောင်ကို ငါ သေရင်တောင် မမေ့ဘူး”
“အင်းပါ ဒါပေမယ့် Perth က Ae မှ မဟုတ်တာ”
“ငါသိပါတယ် ရုတ်တရက်ဆိုတော့ ဘယ်လိုမှ ခံစားလို့ မရလိုက်လို့”
“အင်းပါ ထွေထွေထူးထူးမဟုတ်ဘူးဆိုတော့ နားလိုက်ဦးလေ ငါအောက်မှာ နေ့လည်စာချက်လိုက်ဦးမယ်”
“အင်း ရေခဲသေတ္တာထဲမှာ အကုန်ရှိတယ် ချက်ချင်တာသာ ချက်လိုက်တော့ ငါ ခဏ အိပ်လိုက်ဦးမယ်”
“အေး အေး”
~~~
Perth
သူဘာဖြစ်သွားတာလဲ ဘာလို့ ထထွက်သွားတာလဲ ။
ကျွန်တော် သူ အပြင်မှာ ရှိလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ ခုလို အပြင်မှာ တွေ့ရတော့ တအားပျော်တယ်။ ဒါပေမယ့် ကျွန်တော် နောက်ပိုင်းမက်နေတဲ့ အိမ်မက်ထဲကလို ကျွန်တော့်ကို မုန်းနေတဲ့ အကြည့်တွေနဲ့ ကြည့်ရတာလဲ ဘာလို့လဲ။
Tin ပြန်ဝင်လာပေမယ့် ကျန်တဲ့တစ်ယောက်နဲ့ ကောင်လေးတော့ ပြန်မပါလာဘူး။
“Pete ရော”
“နေမကောင်းလို့ အိမ်ပြန်သွားတယ်”
“ဟုတ်လား ငါမင်းကို တစ်ခုလောက်မေးလို့ ရမလား”
“အင်း မေးကြည့်လေ”
“Peteက Singapore ကို ရောက်ဖူးလား”
“ဟင့်အင်း မရောက်ဖူးပါဘူး ဘာလို့လဲ”
“ဒီတိုင်းဘဲ မေးကြည့်တာပါ ငါ သူ့ကို မြင်ဖူးသလို ခံစားရလို့”
“အော်”
ကျွန်တော်တို့ အတန်းချိန်ပြီးလို့ အိမ်ကိုပြန်ကြတယ်။
အခန်းပြန်ရောက်တော့ ခဏနားပြီး ရေချိုးလိုက်တယ်။ ရေချိုးရင်း သတိရလို့ ကိုယ်ခါးကိုယ် မှန်မှာပြန်ကြည့်လိုက်တော့
ကျွန်တော့် ခါးမှာ မွေးကတည်းက နှင်းဆီပုံ အမှတ်လေးပါတယ်။ မေမေက ဆရာတွေဘာတွေ နဲမေးကြည့်တော့ ထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြတယ်လို့ ကျွန်တော်ကို မေမေပြောပြဖူးတယ်။ ခုထူးခြားနေတာက ကျွန်တော်ငယ်ငယ်တုန်းက အမှတ်လေးက အညိုရောင်လေး ခုတော့ အနီရောင်ကို ပြောင်းသွားတာ။ ဘာလို့ ပြောင်းသွားလဲ ကျွန်တော်လည်း မသိဘူး။ BKK ကို မပြန်လာခင်ထိ အညိုရောင်ဆိုတာ သေချာတယ်။
ဒီရောက်မှ အနီရောင်ကို ပြောင်းသွားတာ။
ကျွန်တော် တွေးမိတာက ဟိုကောင်လေးနဲ့များဆိုင်မလားလို့။
အတွေးတွေရပ်ပြီး ရေဆက်ချိုးပြီး ညနေစာ အပြင်ထွက်စားလိုက်တယ်။
~~~
Tin ကားလေး Pete အိမ်ရှေ့ရပ်ပြီး အိမ်ထဲ ဝင်လာခဲ့တယ်။ နှစ်ယောက်သား ရေခဲမုန့်စားရင်း TV ကို အငြိမ့်သားထိုင်ကြည့်နေလေရဲ့
“အိုး ဟို ဇိတ်ကျနေကြတယ်ပေါ့ ငါ့မှာတော့ Pete ဘာများဖြစ်သွားပါလိမ့်ဆိုပြီး စာသင်ရတာတောင် မဖြောင့်ဘူး”
“Sorry ပါ Tin ရယ်”
“ကိုရယ် အရင်ကိစ္စကြောင့်ပါဘဲ စိုးရိမ်စရာတော့ မဟုတ်ပါဘူး”
“အင်း ဒါနဲ့ Perth ကို တွေ့တာနဲ့ Pete ဒီလို ဖြစ်သွားတယ်လို့ ထင်တယ်”
“ဒီလို ကိုရဲ့ Perth က Ae နဲ့ ရုပ်ချင်းတူတယ်တဲ့”
“ဟင် သေချာလို့လား Pete ရာ”
“အင်း သေချာတယ်”
“ကဲပါ အဲ့ဒါတွေထား ကလေး ဘာစားပြီးပြီလဲ Pete ရော”
“တော်သေးတာပေါ့ ငါ့သတိရသေးလို့”
“မင်းကလည်းကွာ … ငါတို့ အပြင်မှာ သွားစားကြမလား”
“ကောင်းတယ် ကို”
“အော် ကိုကို့ ကလေးလေးက မငြင်းရှာဘူးဘဲ ကိုက ငြင်းမှာ စိုးရိမ်နေတာ”
“အစားက လူနဲ့တည့်တယ်လေ ငြင်းစရာမှ မလိုတာ”
“ဟုတ်ပါပြီဗျာ”
“မျက်စိကို နောက်တယ် အပြင်သွားစားမယ်ဆိုလည်း ထ သာယာမနေကြနဲ့”
“အေးပါကွာ”
ကျွန်တော်တို့ သုံးယောက် အပြင်မှာ ညစာစားဖို့ ထွက်လာခဲ့တယ်။ ညစားထွက်စားတာ မှားသွားသလားတောင်ထင်ရတယ်။ မမြင်ချင် မတွေ့ချင်တဲ့သူနဲ့လာတွေ့နေတယ်။
ဆိုင်ထဲကို ဝင်သွားတယ် ဆိုရင်ဘဲ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် စားချင်စိတ်ကို ပျောက်သွားတယ်။
P-“အောင်း Pete တို့ပါလား”
C-“အော် Perth ဘာလာလုပ်တာလဲ”
P-“ညစာ လာစားတာပါ Can တို့ရော ညစာလာစားတာလား ကျန်တဲ့ဝိုင်းတွေ ပြည့်နေတာ ဆိုတော့ ကျွန်တော်နဲ့ တူတူထိုင်လိုက်ကြပါလား”
သူပြောမှ ဆိုင်ထဲကိုကြည့်မိတယ်။ ဟုတ်တယ် ဝိုင်းတိုင်းပြည့်နေတာ။
Pete-“ဝိုင်းတွေ ပြည့်နေတာဆိုတော့ နောက်ဆိုင်သွားကြမယ်လေ”
P-“ကျွန်တော်နဲ့ တူတူ မစားချင်လို့လား”
T-“အော် အဲ့လို မဟုတ်ပါဘူး Pete က အားနာလို့နေမှာပါ ဟုတ်တယ်မလား Pete”
Tin ကျွန်တော့်ကို မျက်ရိတ်နဲ့ပြပြီး ဒီလိုမလုပ်နဲ့လို့ ပြောတာကြောင့် မထိုင်ချင်ဘဲ ထိုင်လိုက်ရတယ်။
P-“မှာနော် ဒီညစာ ကျွန်တော် ဝယ်ကျွေးပြစေ”
Pete-“မလိုပါဘူး ကိုယ့်ဘာကိုယ် ဝယ်စားနိုင်တယ်”
P-“ကျွန်တော်က အဲ့ သဘောပြောတာ မဟုတ်ပါဘူး သူငယ်ချင်းတွေ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ပါ”
Pete -“ဘယ်သူက သူငယ်ချင်းဖြစ်တယ် ပြောလို့လဲ”
P-“ဒါဆို သူငယ်ချင်းမဖြစ်ရင် ဘာဖြစ်ချင်တာလဲ”
Pete-“ဘာပြောတယ်”
ဒေါသက ထောင်းကနဲ ထွက်သွားတာမို့ ခုံကို လက်နဲ့ထုပြီး မတ်တပ်ထရပ်လိုက်တော့ ဆိုင်ထဲက လူတွေက ကျွန်တော်တို့ ဝိုင်းကို ကြည့်နေကြတယ်။Tin ကဘဲ အခြေအနေကို ဝင်ထိန်းလိုက်တယ်။
T-“အော် Pete ကလည်း ဘယ်လိုဖြစ်တာလဲ Perth က စတာကို စိတ်လျှော့်နော် ထိုင် ထိုင် Perth ကလည်း နောက် အဲ့လို မစနဲ့ ကြားလား Pete က အဲ့လို စတာတွေကို မကြိုက်ဘူး”
P-“ကျွန်တော် တောင်းပန်ပါတယ်”
C-“ဗိုက်ဆာပြီ မှာမယ် မှာမယ်”
T-“ညီရေ အစ်ကိုတို့မှာမလို့”
W-“ဟုတ် ဘာမှာမလဲ အစ်ကိုလေးတို့”
T-“ကြက်ပင်စိမ်းထမင်း ၃ ပွဲ ၊ တုန့်ရန်းဟင်းချို ၊ သဘောင်္သီးထောင်းတစ်ပွဲ စပ်စပ်လေးလုပ်ပေး”
W-“ဟုတ်ခဏလေး စောင့်ပါခင်ဗျ”
ခဏကြာတော့ မှာထားတာတွေ ရောက်လာတယ်
C-“Perth စားဦးလေ ငါတို့မှာထားတာတွေလည်း ထည့်စား”
P-“ဟုတ် ရပါတယ် ကျွန်တော် သိပ်မကြိုက်တာတွေမို့ ပြီးတော့ ကျွန်တော် ငြုပ်သီးလည်း မစားနိုင်လို့”
Pete-“မရပါဘူးနော် စားဆို စားရမယ် ဘာလဲ Perth က Pete တို့ကို မခင်တာလား”
P-“အဲ့လို့ မဟုတ်ပါဘူး”
Pete-“ဒါဆို ဟ”
P-“ဗျာ”
ကျွန်တော် တမင် သက်သက် ငြုပ်သီးတောင့်ပါ ခပ်ပြီး ခွန့်ပေးလိုက်တယ်။ ဒီဆိုင်က ငြုပ်သီးက အရမ်း စပ်တာမို့ အစပ်မစားနိုင်ဘူးဆိုလို့ တမင်ကျွေးလိုက်တာပါ။ သူကျွန်တော် ချွဲချွဲလေး ပြောလိုက်တာမို့ မငြင်းနိုင်တော့ဘဲ ကျွန်တော် ခွန့်တာ စားလိုက်ရတယ်။ သူ အရမ်းစပ်ပြီး ရေသောက်ပြန်တော့လည်း ရေကသီး စပ်လွန်းလို့ မျက်ရည်ပါကျနေတဲ့ သူ့ရဲ့ ပုံစံက ကျွန်တော် အတွက်တော့ အရမ်းကို လှတဲ့ ပုံရိပ်တစ်ခုဘဲ
P-“ကျွန်တော် ပြန်တော့မယ်နော်”
Pete-“ဟင် ပြော သူ ဝယ်ကျွေးမယ်ဆို”
Tin နဲ့ Can တောင် ကျွန်တော့်ကို နားမလည်သလို ကြည့်လာတယ်။ မတတ်နိုင်ဘူးလေ ကျွန်တော် သူ့ကို မုန်းတယ်ဆိုတာဘဲ သိတယ်။ သူနဲ့ မသက်ဆိုင်ဘူးဆိုတာ သိပေမယ့် Ae ပတ်သက်သမျှ မုန်းတဲ့ ကျွန်တော်အတွက်တော့ Ae နဲ့ ရုပ်ချင်းတူနေတဲ့ သူကတော့ အမုန်းခံ လူသားဘဲ။
P-“အဲ့လို မဟုတ်ပါဘူး ကျွန်တော့်ကို ကျွန်တော် သိတယ် ကျွန်တော် ပိုက်ဆံရှင်းခဲ့မယ်လေ”
Pete-“ရတယ် မလိုဘူး သွား”
Perth~~~
ကျွန်တော် အစပ်မစားနိုင်တာ မဟုတ်ဘူး အစပ်နဲ့ မတည့်တာ။ အစပ်စားရင် ရင်ထဲမှာ အောင့်တက်လာတာ။ အရင်တစ်ခါက စားတုန်းကဆို သတိမေ့လို့ ဆေးရုံတောင် တင်လိုက်ရသေးတယ်။ ခုလည်း ကျွန်တော် ဆေးသောက်မှ ရတော့မယ်။ ဆေးကလည်း အိမ်မှာ ကျန်ခဲ့တာမို့ အိမ်ပြန်မှ ရတော့မယ်။ ဒါပေမယ့် မနက်ကနဲ့ မတူလောက်အောင် ချွဲပစ်ပြီး ပြောနေတဲ့ Pete တစ်ယောက်ကြောင့် ပြန်ဖို့လည်း ခက် မပြန်လို့ကလဲ မဖြစ်။
စပ်တဲ့အရှိန်ရော ရင်ထဲက အောင့်တဲ့ အရှိန်ရောကြောင့် ဇောချွေးတွေတောင် ပြန်လာတယ်။ အရင်ဆုံးတည်ငြိမ်အောင်လုပ်ပြီး ရေတစ်ခွက်ကို သောက်လိုက်တယ်။ ရလောက်ပြီထင်တာမို့ စားလက်စကို စားဖို့ လုပ်လိုက်တယ်။ စပ်တာပျယ်ပေမယ့် ရင်ထဲက အောင့်တာတော့ သိပ်မပျောက်သေးဘူး။
Pete-“ရော့ ဟ”
P-“ရပါတယ် စားပါ”
Pete-“ဘာလဲ Pete ခွန့်တာမို့လား”
P-“ဟာ မဟုတ်ရပါဘူး”
Pete-“ဒါဆို စား”
တမင်သက်သက်ကို ကြက်ပင်စိမ်းကို ငြုပ်သီးနဲ့ ထည့်ခွန့်ပလိုက်တာ ။
Tin တို့တော့ သတိမထားမိလိုက်ဘူး။ သူ့ကို ကြည့်လိုက်တော့လည်း ဇောချွေးတွေ တော်တော်ပြန်နေပြီ ။ အစပ်အဲ့လောက်မစားနိုင်တဲ့ ယောက်ျားလေး ရှိသေးသားဘဲလို့ တွေးမိသေးတယ်။ ပြီးတော့ သူ ဘာလို့ ဇွတ်မငြင်းတာလဲ။ မငြင်းဘဲ စားနေတာကိုက ပို စိတ်တိုချင်စရာ။
~~~
Perth
သူတမင် ငြုပ်သီး ထပ်ထည့်လိုက်တယ်ဆိုတာ သိပါတယ်။ ဘာကြောင့်ရယ်မသိ ကျွန်တော် ဆေးမိသလိုမျိုး သူကျွေးသမျှကို မငြင်းဘဲ စားနေမိတာကို ကိုယ့်ဘာကိုယ်တောင် နားမလည်တော့ဘူး။
ကျွန်တော် မခံနိုင်တော့လို့ အိမ်ပြန်ဖို့ ထရပ်လိုက်ပေမယ့် ရောက်သွားတာက အမှောင်ကမ္ဘာထဲကို….

see u next part.
Pete လေး ဘယ်ချိန်ထိ Perth ကို မုန်းနေဦးမလဲနော်။
Perth လေးကို လုပ်လို့ Pete ကိုရော သာသာကိုရော မုန်းရဘူးနော် ဇာတ်လှအောင် လုပ်ရတာမို့ပါနော်။
ချစ်ယူ

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now