🐯Misunderstood🐉

2.9K 280 30
                                    

“Dam!!”
“အောင်း ညီ နိုးနေပြီလား”
“အစ်ကို ဒါဘာလုပ်တာလဲ ကျွန်တော်ကို ဘယ်ခေါ်လာတာလဲ”
“မမှတ်မိတော့ဘူးလား ဒါကိုကိုတို့ နှစ်ယောက်ရဲ့ အိမ်လေ”
“ဘယ်လို”
“ကိုကို တောင်းပန်ပါတယ် ညီလေးရာ ကိုကို့ကို ထပ်မထားသွားပါနဲ့တော့နော် အပြင်မှာ အန္တရာယ်များတယ် ညီလေးရဲ့”
“အစ်ကိုဘာတွေပြောနေတာလဲ ကျွန်တော် ခင်ဗျားညီ မဟုတ်ဘူးလေ”
“ညီလေးရယ် ကိုကို့ကို ပြောချင်ရာပြော လုပ်ချင်ရာ လုပ်ပါ အဲ့စကားကိုတော့ မပြောပါနဲ့ကွာ ကိုကို မခံစားနိုင်လို့ပါ ကိုကို့ မျက်နှာကို လူတော မတိုးရဲအောင် လုပ်ပြီးတာတောင် မကျေနပ်သေးဘူးလားကွာ”
“ညီ့နာမည် ဘယ်လို ခေါ်လဲ”
“ညီလေး အတိတ်မေ့သွားတာလား”
“မဟုတ်ပါဘူး အစ်ကို မှတ်မိသေးလားလို့ မေးကြည့်တာ”
“ငါ့ညီလေး နာမည်ကို မမှတ်မိစရာလား”
“ဒါဆို ပြောလေ”
“Ae”
“Ae!!!”
“ညီရာ ကိုယ့်နာမည်ကိုယ် ဘာလို့ အံ့သြနေရတာလဲ”
Pete~~~
ဒီအစ်ကိုကို ကြည့်ရတာ ညီကြောင့် စိတ္တဇဆန်နေတယ်လို့ ထင်တယ်။ အဲ့လိုလူတွေနဲ့ တအား သွားငြင်းရင် ကိုယ်ဘဲ ခံရမှာမို့ သူ့စကားတိုင်း မျောလိုက်လိုက်တယ်။ ခုအံ့သြရတာက သူ့ကို တအားမုန်းပြီး သူ့ကို ဒီဘဝရောက်အောင် လုပ်တဲ့သူက Ae တဲ့လား ။ လုံးဝမထင်ရဘူး ။ Ae က အဲ့လို လူမျိုးလား ။
“အစ်ကို ကျွန်တော့် အကြောင်းသိသလောက် ပြန်ပြောပြပါလား”
“ညီလေးကလည်းကွာ”
“ပြောပြပါ ကိုကိုရာ နော် နော် နော်”
“ဟုတ်ပါပြီဗျာ ညီလေးတောင် ကိုကို့ကို ဒီလို မချွဲတာ ကြာပြီနော်”
“ဟုတ်လား ညီတောင် သတိမထားမိဘူး”
“ညီလေးဒီလို မချွဲတော့တာ ညီ ၁၂ နှစ်တည်းကလေ”
“ညီ ကိုကို့ပေါ်ကို ဆိုးလားဟင်”
“ဘယ်လောက်ဆိုးဆိုး ကိုကိုကတော့ ညီလေးကို ချစ်တာပဲ သိတယ်”
“ဟုတ်ပါပြီ ဆက်ပြောလေ ညီ့အကြောင်း”
“ညီနားထောင်ချင်တော့ ပြန်ပြောရတာပေါ့ ဒါပေမယ့် ဒီတိုင်း မပြောချင်ဘူး”
“ဘယ်လိုပြောချင်လို့လဲ”
“ညီ ငယ်ငယ်တုန်းကလို ကိုကို့ ရင်ခွင်ထဲမှာ ကိုကို ပုံပြောပြတာကို နားထောင်ရင်း အိပ်ခဲ့သလိုလေ”
“ဒါဆို ညီ့ကို အရင် ကြိုးတွေ ဖြည်ပေးလေ”
“အင်းပါ”
သူကြိုးတွေ ဖြည်ပေးလိုက်တယ်။ ပြီးတော့ ကုတင်ပေါ်မှာ အိပ်လိုက်တယ် ပြီးတော့ သူ့လက်မောင်းကို ပုတ်ပြတယ်။ သူ့လက်မောင်းပေါ် လှဲအိပ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော်လည်း လှဲအိပ်လိုက်တယ်။
“ကိုကိုနဲ့ ညီ စပြီး ဝေးရတဲ့ အကြောင်းက ဦးကြီး Chan ကြောင့်လေ”
“Chan”
“အင်း သူ့က ညီလေးကို ဘာတွေ သွေးထိုးလဲတော့ ကိုကို မသိဘူး တဖြည်းဖြည်းနဲ့ ညီ ကိုကို့ပေါ်ကို စိမ်းလာတယ် ပိုဆိုးလာတာက ဘယ်အရာမဆို ညီအတွက်ဘဲ ဖြစ်လာစေချင်တယ် ကိုကို့ကိုလည်း စကားရိုင်းတွေ ပြောလာတယ် အရင်က ကိုကို ကိုကို ဆိုပြီး ခေါ်နေရာကနေ ခင်ဗျားကြီး ဆိုပြီး ပြောင်းလဲ ခေါ်လာတယ် တစ်နေ့တော့ ကိုကို့ သူငယ်ချင်း ကောင်မလေး အိမ်လာလည်တော့ ညီက မြင်မြင်ချင်း စိတ်ဝင်စားသွားတယ် ။ ကိုကို မုန့်တွေ သွားယူပေးနေတုန်း ဘာတွေပြောကြလဲ မသိပေမယ့် ကိုကို ပြန်ရောက်တဲ့ချိန် အဲ့ကောင်မလေးကို သူမေးတာက ကိုကိုနဲ့ ညီ ဘယ်သူပိုချောလဲတဲ့ ။ ကိုကို့ သူငယ်ချင်းကလည်း စချင်တာကြောင့် ကိုကိုက ပိုချောကြောင်း ဘယ်လို စိတ်ကောင်းရှိကြောင်းနဲ့ ညီ့ကိုတော့ ဘဲရုပ်ဆိုးလေးလို့ပြောလိုက်တယ်။ ညီလည်း စိတ်ဆိုးပြီး အိမ်ပေါ်ကို တက်သွားတယ်။ ညရောက်တော့ ကိုကို အိပ်ပျော်နေတုန်း အခန်းထဲကို ဝင်လာတယ်။ ပြီးတော့…”
“ပြီးတော့ ဘာဆက်ဖြစ်လဲ”
“ကိုကို မျက်နှာကို ဒီလိုဖြစ်အောင် လုပ်ခဲ့တယ်လေ”
သူ့မျက်နှာပေါ်က mask ကို ဖယ်လိုက်တော့ မျက်နှာတစ်ခြမ်းလုံးက တော်တော်ကို ပျက်စီး နေတာ ကျွန်တော်တောင် လန့်ပြီး အနောက်ကို နည်းနည်း ဆုတ်မိသွားတယ်။
“ညီကိုကို့ကို ပြောခဲ့တာ မှတ်မိလား”
“ဟင့်အင်း”
“ခုကစပြီး ကျွန်တော် အချောဆုံးဖြစ်ပြီတဲ့”
“ကိုကိုရယ်”
ဘာကြောင့်ရယ်မသိ မျက်ရည်ဝိုင်းလာတယ်။ ပြီးတော့ အဲ့ဒီ Ae ဆိုတဲ့လူကို သိပ်မုန်းတာဘဲ။ သူလုပ်တယ်ဆိုတာ မဆန်းပါဘူး ။ကျွန်တော့်ကိုတောင် အလိုမတူဘဲ နမ်းခဲ့သေးတာဘဲ ။ သူလိုတာဆို မရရအောင် လုပ်တတ်တဲ့သူကို။ ဒါပေမယ့် အစ်ကို အရင်းတစ်ယောက်ကို ဒီလောက်ထိလုပ်ဖို့လိုလို့လား။ စိတ်ဓာတ်က အဲ့လောက်တောင်ဘဲလား ။ သူ့ကို မြင်မြင်ချင်း ချစ်သလို ဖြစ်ခဲ့တဲ့ ကိုယ့်စိတ်ကိုယ်တောင် စိတ်တိုမိတယ်။
Dam~~~
‘မုန်းလိုက်စမ်းပါ Pete ရာ မင်းAe ကို မုန်းလိုက်စမ်းပါ။ ပြီးရင်တော့ ငါ့ရဲ့ မိန်းမ အဖြစ် ဆက်နေပေးပါ ။ Ae ရေ ငါ့ဘက်ကတော့ ပြိုင်ပွဲကို စတင်လိုက်ပြီနော် ။ မင်းဘက်က ပြန်ထိုးစစ်နိုင်ပါစေလို့ ဆုတောင်းပေးတယ်။ ခုတော့ Pete ကို မင်း ရှင်းပြလိုက်ဦးပေါ့’
“အိပ်တော့လေ ညီ မနက်ကျောင်းသွားရမယ်မလား”
“ကိုကို”
“ပြောလေ ဘာလိုလို့လဲ”
“ညီက အဆောင်နေနေတာဆိုတော့ ကိုကို့ဆီကို ကျောင်းပိတ်ရက်တွေမှ ပြန်လာနိုင်မှာ”
“ဒီမှာ နေလို့မရဘူးလား ညီရယ်”
“မရလို့ပါ ကျောင်းပိတ်တိုင်းပြန်လာမယ်လို့ ကိုကို့ကို ကတိပေးတယ်လေ”
“ပြီးရောလေ ပြန်မလာလို့ကတော့ ဒီနေ့လို လာခေါ်မှာနော်”
“ဟုတ်ကဲ့ပါ ကိုကိုရဲ့ goodnight နော်”
“အင်း…”
သူထွက်သွားမှ သက်ပြင်းချနိုင်တယ်။ Ae ကို မုန်းတာက သတ်သတ် ဒီလူဆီမှာလဲ မနေချင်ဘူး သူကျေနပ်အောင် ကတိတစ်ခုလုပ်ပြီး အိမ်ပြန်ဖို့ ဖန်တီးလိုက်ရတယ်။ တော်သေးတာပေါ့ ပြောလို့ရလို့ မဟုတ်ရင် ဒီအိမ်က ဘယ်လို ထွက်ရမလဲ မသိဖြစ်နေတာ ကျောင်း ကယ်နေလို့။
တစ်ညတာအိပ်ပြီး မနက်မိုးလင်းတော့ သူ့ကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ထဲဝင်တော့ တင်းကျပ်စွာ ပြေးဖက်ခြင်း ခံလိုက်ရတယ်။
“ဘယ်တွေသွားနေတာလဲကွာ ကို စိတ်ပူလို့သေတော့မယ် ဘယ်တွေသွားနေလို့ ခုမှ ပြန်လာရတာလဲ”
“ခင်ဗျားလွှတ်စမ်းပါ”
“ဘယ်တွေလျှောက်သွားနေတာလဲ Pete ရယ်”
“ကျွန်တော်ဘာ ကျွန်တော် ဘယ်သွားသွား ခင်ဗျားနဲ့ ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ သိပ်ဆိုင်တာပေါ့ မင်းက ငါ့..ငါ့”
“ဘာဖြစ်လဲ”
“ငါ့ မိန်းမလေ”
“ဘာ!!!”
“ဟုတ်တယ်လေ မင်း အရမ်းကို သိချင်ပြီး ရှာနေတဲ့ CCTV အဖြေက ငါဘဲ”
“လျှောက်ပြောမနေနဲ့ ဘယ်cctv ကို ပြောနေတာလဲ ဘာကို ကျွန်တော်က ရှာရမှာလဲ”
“Pete ရာ မလိမ်စမ်းဘာနဲ့ Peteကို လုပ်သွားတဲ့သူကို Pete သိချင်နေတာဆိုတာ ကို သိတာပေါ့ ကိုလည်း ပြောပြဖို့ကို မနေ့ကတည်းက လုပ်ထားတာ Pete မှ အိမ်ပြန်မလာတာ”
“မယုံဘူးဆိုရင်ရော ကျွန်တော့်ဘာ ကျွန်တော်တောင် ဘာဖြစ်လို့ ဖြစ်မှန်းမသိတာ ခင်ဗျားက ဘယ်လိုလုပ်သိမှာလဲ ပြီးတော့ မှတ်တမ်းထဲမှာလဲ ကျွန်တော် ခံရပါတယ်လို့ ပြောရအောင်လဲ အခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်းလေ ခင်ဗျားမှ မရှိတာ”
“ခေါင်းမမာချင်စမ်းပါနဲ့ Pete ရာ”
“ဒါဆို ခင်ဗျားသက်သေပြလေ ကျွန်တော်က ခင်ဗျားပိုင်တယ်ဆိုတာကို”
“ကောင်းပြီလေ လာ”
သူ ကျွန်တော့်ကို ဆွဲခေါ်သွားတယ် ။ ကွန်ပျူတာရှေ့ ထိုင်ခိုင်းပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်။ ပြီးတော့ cctv ကို ပြန်ပြတယ်။ ကျွန်တော့် မျက်လုံးကိုတောင် ကျွန်တော် မယုံနိုင်တော့ဘူး ။ ဟုတ်တယ် သူ ကျွန်တော့်ကို သိမ်းပိုက်ထားတာ။
“ယုံပြီလား Pete”
ကျွန်တော် ရှက်တာရော ဒေါသဖြစ်တာရောကြောင့် မတ်တပ်ရပ်ပြီး သူ့ဘက် လှည့်ကာ ၂ ချက်လောက် ပစ်ထိုးလိုက်တယ်။ ထိုးရင်နဲ့လဲ ပါးစပ်က ပြောလိုက်တာက
“ဒါက အလိုမတူဘဲ ကျွန်တော်ကို သိမ်းပိုက်လို့ ဒါက ခင်ဗျား အစ်ကိုပေါ် ယုတ်မာထားတဲ့ အတွက်”
“မင်း ဘာကို ပြောတာလဲ”
Ae~~~
ကျွန်တော် နှုတ်ခမ်းထောင့်က စီးကျလာတဲ့ သွေးကို လက်ခုံနဲ့သုတ်ရင်း မေးလိုက်တယ် ။ပထမ တစ်ချက်က ကျွန်တော့်လုပ်ရပ်ကြောင့် ခံရတယ်ဆိုတာကို နားလည်တယ်။ နောက်တစ်ခုက အစ်ကိုပေါ် ယုတ်မာတယ်ဆိုတာ ဘာလဲ။ ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော် နားမလည်ဘူး။
“ခင်ဗျား ဘာလုပ်ထားလဲ ခင်ဗျားကိုယ် ခင်ဗျားသိမှာပေါ့ ကျွန်တော်က ရှင်းပြနေရဦးမှာလား”
“မင်း Dam နဲ့ တွေ့လာတာလား”
“ဟုတ်တယ် ခင်ဗျားကြောင့် လူတော တိုးလို့ မရတော့တဲ့ ခင်ဗျား အစ်ကို အရင်းခေါက်ခေါက်နဲ့ တွေ့လာတာ”
“ငါ သဘောပေါက်ပါပြီ ဒါပေမယ့် တစ်ခုတော့ မှတ်ထား Pete ကြားတဲ့ အရာတိုင်းက အမှန် မဟုတ်သလို မြင်တဲ့ အတိုင်းကလည်း အမှန် မဟုတ်တတ်ဘူးဆိုတာကို”

ကျွန်တော် သဘောပေါက်လိုက်ပြီ Pete ဒီလိုဖြစ်နေတာ Dam လက်ချက်ဆိုတာကို။ ဒီချိန်ရှင်းပြရင် သွေးပူနေချိန်မို့ ဘာမှ အရာထင်မှာ မဟုတ်လို့ Pete စိတ်ငြိမ်အောင် စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးကွယ်မရသလို ဘယ်အရာကမှလဲ ဖျောက်ပစ်လို့မရဘူး။

See u next part

Pete တော့ အထင်လွဲသွားပြီ ဘယ်လို လုပ်ကြမလဲဟင်😔

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now