🐯Lie for love🐉

3K 234 44
                                    

Birthday Party
ခြံဝင်းတစ်ခုလုံးကို ဘောလုံးတွေ မီးတွဲတွေ လေးတွေနဲ့ လှလှပပအလှဆင်ထားတယ်။ ခြံဝင်းထဲက မြက်ခင်းစိမ်းစိမ်းပေါ်မှာလဲ home stage လေးရယ်၊ ခုံလေးတွေက လှပစွာ နေရာယူထားတယ်။
Pete တို့လည်း ခြံထဲကို ဝင်လာခဲ့တယ်။
“အောင်း Pete တို့ ရောက်လာပြီလား လာ”
Perth ဆီကို Pete တို့ လာနေတုန်း Perth ရဲ့ လက်ကိုတွဲပြီး လှမ်းပြောတဲ့ P.Wam ရယ်ပါ။
Pete ကို ငေးကြည့်နေမိတဲ့ Perth တောင် P.Wam စကားသံကြားမှ သူခိုးလူမိသလို ပြုံးပြရင်း Pete တို့ကို ကြိုဆိုလိုက်ရတယ်။
“ထိုင်လေ Pete”
Perth ဆွဲထုတ်ပေးတဲ့ ခုံလေးမှာ pete ထိုင်လိုက်တယ်။
Perth လည်း ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။
“Perth ငါတို့ကိုရော မြင်ပါတယ်နော်”
Tin စကားကြောင့် Perth လည်း ရှက်ပြီး ဂုတ်ကို လက်လေးနဲ့ ပွတ်ကာ
“အဲ့မှာခုံတွေရှိတယ်လေ ထိုင်လေ”
“အော် ဟုတ်လား ငါတို့က မမြင်လို့”
စနောက်နေတုန်း မွေးနေ့ကိတ်ခွဲမယ်ဆိုလို့ Stage ပေါ်ကို အားလုံးတက်လိုက်ကြတယ်။ Perthရဲ့ ဘေးမှာ Pete ရပ်လိုက်တယ်။ ဒါပေမယ့် Wam က နှစ်ယောက်ကြားကို ဝင်တိုးပြီး ရပ်လိုက်တယ်။ Pete လည်း အမြင်ကပ်ကပ်နဲ့ Wam ခြေထောက်ကို စောင့်နင်းပလိုက်တယ်။
“အား”
“Sorry နော် ကျွန်တော် မမြင်လိုက်လို့ P က အတင်း ဝင်တိုးတာကို ခုတော့နင်းမိပြီမလား ရရဲ့လား ကျိုးမသွားဘူးမလား”
“ရပါတယ် ဘာမှမဖြစ်ပါဘူး ဒါနဲ့ လက်ဆောင်ရော ဝယ်လို့ရရဲ့လား မရရင် ဟိုနေ့က Snowball လေးကို ယူချင်ယူလေ”
“မလိုပါဘူး အားလုံးထက်သာပြီး ဘယ်သူမှ လုဝယ်လို့ မရတဲ့ လက်ဆောင်မျိုးကို ယူလာခဲ့ပြီမို့”
“Woo ဒါဆို ဘယ်မှာလဲ အဲ့လက်ဆောင်”
“စောင့်ကြည့်ပေါ့”
Birthday song စဆိုလိုက်တာမို့ ကျွန်တော်တို့ စကားတွေ ရပ်သွားတယ်။
Cake ခွဲပြီး Perthက သူ့ Paw နဲ့ mae ကို ခွံလိုက်တယ်။ mae လည်းခွံပြီးရော သူ့သူငယ်ချင်း တစ်ယောက်က ထပြောတယ်။
“Perth birthday cake ခွံတယ်ဆိုတာ ကိုယ့်မိသားစုပြီးရင် အချစ်ရဆုံးလူကို ပထမဆုံး ခွံရတယ်ကွ အဲ့တော့ မင်း အချစ်ရဆုံး လူကို မင်းခွံကွာ”
“အော် အဲ့လိုလား ဒါဆိုလဲ ခွံရတာပေါ့”
Perth ပြောပြီး မွေးနေ့ကိတ်ကို P.Wam ကို ခွံလိုက်တယ်။
Pete အဲ့လုပ်ရပ်ကို ကြည့်ပြီး ဘယ်လိုမှ မခံစားနိုင်တဲ့အဆုံး Perth ကိုင်ထားတဲ့ ပန်းကန်ကို ဆွဲယူပြီးလွတ်ပလိုက်တယ်။
W-“ဒါဘာလုပ်တာလဲ Pete”
P-“မြင်တဲ့ အတိုင်းဘဲလေ”
W-“နင်”
Perth-“နေပါဦး P.Wam ကျွန်တော် ဖြေရှင်းပေးပါ့မယ် Pete ဘာလို့ ဒီလို လုပ်တာလဲ”
Pete-“လုပ်သင့်လို့ လုပ်လိုက်တာလေ ဘာလဲ ဒါ နင့်ရဲ့ သက်သေပြချက်လား ဒီမှာ Perth ငါမင်းကို ရှင်းရှင်းပြောမယ် မင်းငါ့ကို ကစားဖို့တော့ မကြိုးစားနဲ့ ပြီးတော့ မင်းက ငါ့အပိုင်ဆိုတာ ဘယ်တော့မှ မင်း မမေ့နဲ့”
Pete တစ်ယောက်ပေါက်ကွဲပြီး မွေးနေ့ပွဲက ထွက်သွားတယ်။ Perthကတော့ ပြုံးပြီးကျန်ခဲ့တယ်။ ဟုတ်တယ်လေ သူ Pete ရဲ့ အချစ်ပေါက်ကွဲသံကို ကြားလိုက်ရတာကို။
တစ်ညတာလုံး Pete လည်း ဒေါသတွေနဲ့ အိပ်မရ Perth ကလည်း ကြည်နူးမှုတွေနဲ့ အိပ်မရ။
ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မသိသော်လည်း ဒီတစ်ညတာ အခန်းကဏ္ဍလေးကိုတော့ သိမ်းထားချင်မိတော့တယ်။
နောက်တစ်နေ့ ကျောင်းရောက်တော့ Perth တစ်ယောက် pete ကို ရှာနေမိတယ် ။ အတန်းထဲမှာလည်း မတွေ့ ကန်တင်းမှာလည်း မတွေ့ ရှာရင်း ရှာရင်းနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသတွေ အထွတ်အထိပ်ကို ရောက်သွားတယ်။
Perth မြင်ရတဲ့ မြင်ကွင်းက
ပြိုင်ကားအနီလေး တစ်စီး ကျောင်းဝင်ထဲကို ဝင်လာတယ်။ ဆင်းလာတဲ့ ကောင်လေးတစ်ယောက်ကြောင့် မိန်းကလေးတွေ Woo ကနဲ ဖြစ်သွားတယ်။
G-“ဟယ် ချောလိုက်တာ ကျောင်းပြောင်းလာတာ ဘယ်သူလဲ မသိဘူး”
Perth လည်း မိန်းကလေးတွေ ပြောစကားကြောင့် လှမ်းကြည့်လိုက်တော့ ကားပေါ်က ဆင်းလာတာက P.Tee
‘ဒီကောင် ကျောင်းကို ဘာလာလုပ်ပါလိမ့်’
စိတ်ထဲက တွေးရင်း pete ကို ဆက်ရှာမလို့ အလုပ်
Pete က P.Tee ကားပေါ်က ဆင်းလာတယ်။ ပြီးတော့ ၂ ယောက်လက်ကို တွဲပြီး ဝင်လာတယ်။  Perth ရှေ့လဲ ရောက်ရော
“အော် perth အတန်းထဲ မဝင်သေးဘဲ ဘယ်သွားမလို့လဲ”
“လာ ငါနဲ့ လိုက်ခဲ့”
Perth pete လက်ကို စောင့်ဆွဲခေါ်သွားတယ်။
ကျောင်းအနောက်ဘက် လူပြတ်တဲ့နေရာထိကို ဆွဲခေါ်သွားတာ။ Pete လည်း ရုန်းရင်းနဲ့ကို မရုန်းနိုင်တဲ့ အဆုံး သူခေါ်ရာကို လိုက်လာခဲ့ရတယ်။ ကျောင်းနံရံဘက်ကို pete ကို စောင့်တွန်းလိုက်တယ်။ ကျောနဲ့ နံရံ့နဲ့ စောင့်မိတာကြောင့်အင့်ခနဲ မြည်သွားတယ်။
“သေပါပြီ ဘာလို့ သေအောင် စောင့်တွန်းနေတာလား”
သူမျက်နှာလေးမဲ့သွားလို့ အရမ်းနာသွားမလားလို့ စိုးရိမ်မိပေမယ့် စိတ်ကို ပြန်တင်းပြီး
“ဒါဘာသဘောလဲ Pete”
“ဘာကိုလဲ”
“မင်းဘာလို့ သူ့လက်ကို တွဲထားတာလဲ”
“အဲ့ဒါမင်းနဲ့ ဘာဆိုင်လဲ”
“ဘာဆိုင်လဲ သိချင်လား”
perth pete နှုတ်ခမ်းကို စုပ်နမ်းလိုက်တယ်။
“ဘာလုပ်တာလဲ လွှတ်”
Perth အနမ်းတွေကို လည်ပင်းကို အနမ်းတွေကူပြောင်းရင် Pete အင်္ကျီက ကြယ်သီးတွေကို ချွတ်လိုက်တယ်။
“Perth ရပ်တော့နော် ဒါ ကျောင်းမှာဆိုတာ မမေ့နဲ့ …ရပ်တော့လို့”
ဟင့်အင်း Perth ကို ထိန်းမှရတော့မယ် မဟုတ်ရင် အရှက်ကွဲစရာတွေ ဖြစ်လာတော့မယ်။ ဘာလို့ဆို သူ့လက်တွေက ကျွန်တော်ဘောင်းဘီက ဇစ်တွေဆီ ရောက်လာပြီမို့လို့ဘဲ။
“ငါသိတယ် ဒါပေမယ့် မင်းက ငါ့ကိုပိုင်တယ်ပြောသလို ငါလည်း မင်းကို ပိုင်တယ် ဆိုတာကို အားလုံးရှေ့မျာ သက်သေပြရရင် ပြရမှာဘဲ”
“မင်းရဲ့ တလွဲသက်သေတွေကို ချပြမနေနဲ့ ငါ P.Tee နဲ့လက်တွဲလာတော့ မင်းက စိတ်တိုတယ် မင်းနဲ့ P.Wam ကျတော့ ငါဘာမှ မပြောရတော့ဘူးလား အဟင့် တော်တော့လို့ … တော်ပါတယ် Perth ရယ် တောင်းပန်ပါတယ်”
သူ့တောင်းပန်တယ်ဆိုတော့ စကားကို ကြားမှ ကျွန်တော်အသိစိတ်ဝင်တော့တယ်။ ဟာ ငါဘာတွေ လုပ်လိုက်မိပါလိမ့်။ အသိစိတ်ဝင်လို့ကြည့်လိုက်တော့မှ pete အင်္ကျီကိုလည်း ကြယ်သီးအားလုံး ဖြုတ်ထားပြီး ရင်ဘတ်ဖွေးဖွေးလေးက ပေါ်နေပြီး ပြီးတော့ ဘောင်းဘီကလည်း တင်ပါးအောက်ထိ ဆွဲချွတ်ထားမိတယ်။ ပိုဆိုးတာက ကျွန်တော့်လက်… ကျွန်တော့်လက်က သူ့Boxer ထဲက အရာကို ဆုပ်ကိုင်ထားတာ။
ကျွန်တော်လက်ကို ဆွဲထုတ်လိုက်ပြီး သူ့အင်္ကျီတွေကို ကြယ်သီးပြန်တပ်ပေးရင်
“ငါတောင်းပန်ပါတယ်ကွာ ငါ စိတ်လွတ်သွားလို့ပါ ငါလုပ်ရပ်တွေက မင်းကို ခံစားရစေမှန်း မသိလို့ပါ ငါတောင်းပန်ပါတယ်”
သူ့အင်္ကျီတွေပြန်လည်ဝတ်ပေးပြီးတော့  သူ့ရှေ့မှာ ဒူးထောက်လိုက်တယ်။
“ငါတောင်းပန်ပါတယ်ကွာ”
pete ငိုပြီးထွက်ပြေးသွားတယ်။ pete ထွက်သွားပြီးနောက် Tee ရောက်လာပြီး
“ဒါတော့ မင်း နည်းနည်း လွန်တယ်လို့ ငါထင်တယ်”
“မင်းငါ့ကို ဘာမှ လာဆရာလုပ်စရာမလိုဘူး”
“လုပ်သင့်ရင်လုပ်ရမှာဘဲ ပြီးတော့ဒါက ကျောင်း မင်းလုပ်ချင်တိုင်း လုပ်နေရင် Pete ဘဲ အရှက်ရစေမယ်ဆိုတာ မင်း မသိတာလား သိရက်နဲ့ လုပ်နေတာလား”
“……”
“ငါ့နေရာမှာ အခြားတစ်ယောက်သာဆို ဘယ်လို လုပ်မလဲ Pete ဘဲ အရှက်ကွဲမှာ ပြီးတော့ ငါနဲ့ တွဲလာတယ်ဆိုတာ မင်းကို ရွဲ့ဖို့ မင်းဘဲ မနေ့က မွေးနေ့ပွဲမှာ မိန်းကလေးတစ်ယောက်ကိုဘဲ ဂရုစိုက်ပြီး သူ့ကို ပလစ်ထားတယ်ဆို”
“ဘယ်သူပြောလဲ”
“Pete ကိုယ်တိုင်ပြောပြတာ မင်းက အဲ့ကောင်မလေးကို လက်ထပ်ဖို့တောင် ရည်ရွယ်တယ်ဆို”
“မဟုတ်ဘူး ငါလိုချင်တာနဲ့ ဖြစ်နေတာနဲ့ လွဲကုန်ပြီ”
“မင်းက ဘာကိုလိုချင်လို့ ဘာကိုလုပ်နေတာလဲ”
“P.Wam က ငါ့ ဝမ်းကွဲအမကွ ငါ Pete သဝန်တိုအောင် တမင် ဇာတ်လမ်းဆင်ထားတာကွ”
“ဒါဆိုရင်တော့ အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို မင်းခံစားနေရတာပေါ့”
“ငါနားမလည်ဘူး”
“ဒီလိုလေ မင်းက သူသဝန်တိုပြီး သူ့အချစ်တွေပေါ်လာအောင်ဖန်တီးတယ် ဒါပေမယ့် သူ့အချစ်တွေ မပေါ်လာဘဲ အရွဲ့တိုက်မှုတွေဘဲ ပေါ်လာတယ် အဲ့ဒါ မင်းဇာတ်လမ်းရဲ့ side effect ပေါ့”
“ငါ ဘယ်လို ဆက်လုပ်ရမလဲ မင်းနဲ့သူနဲ့လည်း တကယ်ဘာမှ မပတ်သက်ပါဘူးနော်”
“အော် ဘယ်နှခါရှင်းပြရမလဲ”
“ဒါဆို ငါ့ကို ကူညီပါလားကွာ”
“ဟင့်အင်း မကူညီနိုင်ပါဘူး”
“ပြီးတာဘဲ ငါကိုက မျှော်လင့်မိတာ”
“ဟား ဟား ငါက စတာပါကွာ ကူညီမှာပေါ့ ငါ့အရေးတော် အောင်ဖို့ဘဲဟာ”
“ဘာအရေးတော်ပုံလဲ”
“အဲ့ဒါအသာထားပါ မင်းသူ့ကို ချော့ဖို့ပြင်ထား ပြီးတော့မင်း ဇာတ်လမ်းကိုလည်း ရပ်”
“အင်း…”
ထိုအချိန်Tin ရောက်လာပြီး
“ရှာလိုက်ရတာ Perth ရာ မင်းတို့ကို ပါမောက္ခ ခေါ်နေတယ်”
“ဘာလို့လဲ”
“မသိဘူးလေ မင်းနဲ့ Pete ကို ခေါ်တာ Pete သွားခဲ့ပြီ မင်းကို လိုက်ရှာနေတာ ခုမှ တွေ့လို့ မင်းလည်းသွားလိုက်ဦး”
“အေး အေး”
Perth အပြေးသွားခဲ့တယ်။ ရုံးခန်းထဲဝင်သွားတော့ Pete က ငိုနေတယ်။ ပြီးတော့ ပါမောက္ခ စကားကြောင့် ကျွန်တော် ကြောင်အမ်းသွားတယ်။
P-“ရောက်လာပြီလား ထိုင် မင်းတို့ကို ကျောင်းထုတ်လိုက်ပြီ”
perth-“ဗျာ ဘာလို့လဲ ခင်ဗျ ကျွန်တော်တို့ ဘာအမှားလုပ်ထားမိလို့လဲ”

See u next part
Perth တို့ဘာလို့ ကျောင်းထုတ်ခံရပါလိမ့်။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now