🐯dream hacker🐉

3K 271 53
                                    

“ဒါဆို P သွားတော့မယ်”
“နောက်တစ်ဆင့်လည်း ကူညီဦးနော် P”
“အင်းပါ”
Can-“သူက ဘယ်သူလဲ”
Perth-“ငါ့အမ ဝမ်းကွဲလေ”
Can-“အော် ငါ သဘောပေါက်ပြီ”
Perth-“မင်းက သဘောပေါက် လွယ်သားဘဲ”
Can-“မင်း pete ပေါ် သစ္စာဖောက်လို့ကတော့ ငါ မင်းကို အရင်လာသတ်မှာနော်”
Perth –“အေးပါကွ ငါ pete တစ်ယောက်တည်းကိုပဲ သက်ဆုံးတိုင် ချစ်သွားမှာ”
မုန့်မှာတဲ့ နားမှာ
Tin-“အောင်း pete ငါက စတာပါ ဒီမှာ မှာထားပြီးပြီ စောင့်နေတာ”
Pete-“မဟုတ်ပါဘူး မမြင်ချင်တာတွေ ရှောင်ချင်လို့ ထွက်လာတာ”
Tin-“ဘာကိုလဲ”
Pete-“ဒီလိုပါဘဲ မှာထားတာတွေ  ငါကူသယ်ပေးမယ် ပေး”
စားစရာတွေ ယူပြီး ပြန်လာတယ်။
Perth က ကျောပေးထိုင်တာမို့ pete တို့ လာတာကို မမြင်၊ Can ကတော့ ဇာတ်လမ်းကို အသက်ပိုဝင်အောင် လုပ်ပေးလိုက်ပြီ
Can-“ဒါဆို Perth က သူ့ကို လက်ထပ်ဖို့ထိ ရည်ရွယ်တယ်ပေါ့”
ရုတ်တရက် Can စကားကြောင့်ကြောင်သွားပေမယ့် ချက်ချင်း သဘောပေါက်လိုက်တယ်။
Perth –“အင်း ဆိုပါတော့ ငယ်ငယ်ထဲက တူတူ ကြီးပြင်းလာတာရယ် မိဘချင်းတွေကလဲ ရင်းနှီးတာက တစ်ကြောင်း သူကလည်း ချောလှသူတစ်ယောက်ဆိုတော့ ငါ့ဘက်က မဖြစ်ချင်စရာ ဘာအကြောင်းရှိလို့လဲ သူသာလက်ထပ်မယ်ဆို လက်ထပ်ဖို့ ဝန်လေးစရာလည်း မရှိဘူးလေ ငါ့မှာ ချစ်သူရှိရင် တစ်မျိုးပေါ့ ခုက ငါက Single လေ အဲ့တော့ သူ့ကို ချစ်သူဖြစ်စေချင်တာ မလွန်ဘူးမလား”
စကားအဆုံးမှာ ကြားလိုက်ရတဲ့ ပန်းကန် တစ်ချပ်ကွဲသွားတဲ့ အသံ
ခွမ်း
ကျွန်တော် လှည့်ကြည့်လိုက်တော့ ပြေးထွက်သွားတဲ့ ကောင်လေး တစ်ယောက်ရဲ့ နောက်ကျော
ကျွန်တော်လည်း ပြေးလိုက်သွားတယ်
~~~
Pete
ဘာရယ်ကြောင့်မသိ ရင်ထဲ အလိုလို ဝမ်းနည်းလာတယ်။ ဒီနေရာမှာ ဘယ်လိုမှ တောင့်ခံပြီး မနေနိုင်တော့တဲ့ တစ်ဆုံး
ကျောင်းအပြင်ဘက်ကို ဦးတည်ပြီး ထွက်ပြေးခဲ့တယ်။
ကြွေလွင့်သွားတဲ့ မျက်ရည်တွေကိုတော့ ဘယ်သူမှ မြင်မည် မထင်
Perthလည်း သူ့နောက်ကို ပြေးလိုက်နေရင်း
‘ငါလွန်သွားပြီလား တောင်းပန်ပါတယ် pete ရယ် Pete ရဲ့ အချစ်တွေ ပြန်လည်း နိုးထလာဖို့ ပွင့်အန်လာဖို့ ဒီနည်းလမ်းဘဲ စဉ်းစားမိတာကြောင့်ပါ မှန်လား မှားလား မသိပေမယ့် မင်းအချစ်တွေ မြင်ရဖို့ ငါ ရှေ့ဆက်တိုးနေရဦးမှာဘဲ ခုတော့ မင်းမျက်ရည်တွေကို မမြင်ချင်ယောင်ဆောင်နေရဦးမှာမို့ ငါတောင်းပန်ပါတယ်ကွာ’
“Pete Pete ဘာဖြစ်တာလဲ ငါ့ကို စောင့်ဦးလေ”
ရုတ်တရက် ပြေးနေရာက ရပ်လိုက်တာမို့ နောက်က လိုက်နေတဲ့ ကျွန်တော် အရှိန်မထိန်းနိုင်ဘဲ သူ့ကျောကုန်းကို ဝင်တိုက်မိတယ်။
Pete လည်း ရှေ့နည်းနည်းယိုင်သွားပြီး
“သေပါပြီ  ဘယ်လိုဖြစ်လို့ လူကို ဝင်တိုက်နေတာလဲ”
“အောင်း Pete က ရုတ်တရက် ရပ်လိုက်တာလေ”
“ဟာ မင်းဘဲ လှမ်းခေါ်ပြီးတော့”
“အဲဒါနဲ့ ချက်ချင်း ရပ်လိုက်ရလား နာလိုက်တာကွာ”(ရင်ဘတ်ကို လက်နဲ့ ပွတ်ရင်း)
“ဟွန့် သူကဘဲ ပြောရတယ် ရှိသေး”
နှုတ်ခမ်း စူစူလေး ထပ်မံ ပေါ်ပေါက်လာတာမို့ အကြည့်တွေကိုရှောင် စိတ်ကို ထိန်ချုပ်လိုက်ရတယ်။
“ဘာပြောမလို့လဲ”
“သဘက်ခါ ငါ့မွေးနေ့ မင်းကို ဖိတ်ဖို့ ကျန်နေလို့”
Pete မျက်နှာ နည်းနည်း ပျက်သွားတယ်။ စိတ်ထဲကလည်း
‘စောစောက ဘာဖြစ်သွားတာလဲလို့ ဘာလို့ မမေးတာလဲ Perth ရယ်’
မျက်နှာကို တည်လိုက်ပြီး
“ဘယ်မှာ လုပ်မှာလဲ”
“ငါ့အိမ်မှာ”
“ဘယ်ချိန်လဲ”
“ညနေ ၆ နာရီ”
“အင်း Can တို့နဲ့ လာခဲ့မယ် ဒါပဲ မလား သွားတော့မယ်”
ခပ်ပြတ်ပြတ်ပြောပြီး ထွက်ခဲ့တယ်။
ကျောင်းပြင်ရောက်တော့ Store ဆိုင် တစ်ခုကို ဝင်လိုက်တယ်။
ပစ္စည်းတွေကို လျှောက်ကြည့်နေရင်း မျက်စိကျသွားတဲ့ အရာလေးက
Snowball အပြာရောင်လေး

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now