Chapter 204 - The Past

10.4K 753 10
                                    

နောက်တစ်နေ့မှာတော့ ဖန်ချန်းလဲ့က ယူရှောင်မော့ကို မတွေ့ရဘူး

ဘာကြောင့်မှန်းမသိပေမယ့် မနေ့ကကိစ္စကြောင့် ယူရှောင်မော့ အပြစ်ပေးခံခဲ့ရမယ်ဆိုတာ သူမှန်းကြည့်လို့ရတယ်

သက်ညှာသောအားဖြင့် သူတို့ ယူရှောင်မော့ကို သွားမရှာကြဘူး...

နေ၀င်သွားတဲ့အချိန်မှာတော့ အပြစ်ပေးခံရတဲ့ ယူရှောင်မော့ရဲ့မျက်လုံးတွေ နောက်ဆုံးမှာ ပွင့်လာခဲ့ပြီ...

သူ့မျက်လုံးရှေ့မှာတော့ ရင်းနှီးတဲ့အခန်းအပြင်အဆင်ကိုတွေ့ရတယ် နေ၀င်သွားတာတောင် နေရောင်ကစူးရှနေတုန်းပဲ သူမျက်လုံးဖွင့်ပြီး ချက်ချင်းပဲ ပြန်ပိတ်လိုက်တယ် သူ တစ်နေ့လုံးအိပ်နေတယ်လို့ ခန့်မှန်းလိုက်မိတယ်

ယူရှောင်မော့ ပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူ့လည်ချောင်းက လောင်ကျွမ်းထားသလို ခြောက်သွေ့နေတယ် ဘာအသံမှကို ထွက်မလာဘူး

ညက သူတို့ဘယ်အချိန်မှာအဆုံးသတ်သွားလဲဆိုတာတောင် သူမမှတ်မိဘူး ဘာလို့လဲဆိုတော့ မနေ့က တစ်စုံတစ်ယောက်က အလယ်မှာတင် ငြိမ်သက်စွာနဲ့ပဲ သတိလစ်သွားလို့ လေး ငါး ခြောက်နာရီလောက် မရပ်မနားလုပ်ပြီးချိန်မှာ ဘယ်သူကများ နိုးနေနိုင်ဦးမှာလဲ တကယ်လို့ နိုးနေနိုင်တဲ့တစ်ယောက်ယောက်ရှိမယ်ဆို သူတကယ်ကိုလေးစားမိလိမ့်မယ်

သူနည်းနည်းလေးပဲလှုပ်တာတောင် ချက်ချင်းပဲ အရိုးတွေအကုန် စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရတယ် ညဉ်းသံသေးသေးလေးထွက်လာတာကိုပဲ ကြားနိုင်တယ် နာကျင်မှုကြောင့် နောက်တစ်ကြိမ်တောင် ပြန်မေ့သွားချင်မိတယ် သူ့ခန္ဓာကိုယ်ရဲ့ အနာကျင်ရဆုံးနေရာကတော့ အောက်ဖက်က သူ့ရဲ့ကိုယ်ပိုင်နေရာလေးပါပဲ နာကျင်မှုတစ်ဝက်လောက်က အဲ့နေရာကနေလာတာ ဆွဲဆန့်ခံရတဲ့အထိအတွေ့ကိုတောင် အခုထိ ခံစားနေရသေးတယ်.....

အဆုံးမှာတော့ အဲ့နေရာလာတဲ့ နာကျင်မှုကြောင့် သူ့ခြေထောက်တွေကိုတောင် စေ့မထားနိုင်ဘူး မာရသွန်ပြေးလိုက်ရသလိုပဲ

မနေ့ကအကြောင်းကို ပြန်တွေးလိုက်မိတော့ ကိုယ်အတွင်းရောအပြင်မှာပါ ဇောချွေးပြန်လာမိတယ် ယူရှောင်မော့ တိတ်တိတ်လေးပဲ လင်းရှောင်ကို ကျိန်ဆဲမိတယ် သားရဲထက်တောင် ဆိုးတဲ့ကောင်ပဲ ကောင်းကောင်းဆိုးဆိုး ဒါသူရဲ့ ပထမဆုံးအကြိမ်ပဲလေ သူက ဖက်တောင်ဖက်ထားမိသေးတယ်...

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now