Chapter 225 - Assessment

6K 693 9
                                    

မနေ့က ကြီးကျယ်တဲ့အခြေအနေနဲ့ယှဉ်ရင် မြေကွက်မှာ လူအရေအတွက်က မနေ့ကထက် သိသိသာသာ နည်းသွားတယ် ...

ယူရှောင်မော့တစ်ယောက်သာ အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ဖို့ရှိတာဆိုတော့ လင်းရှောင်နဲ့ လျိုယွဲ့က ဒီကို အဖော်အဖြစ်ပဲ လိုက်လာတာ ...

မနေ့က သူတို့ အနောက်တံခါးကနေ ၀င်သွားရတာတောင် သူတို့ ကောင်းရန်နဲ့ သိပ်မရင်းနှီးသေးတော့ ယူရှောင်မော့က ဒီနေ့ ကောင်းရန်ကိုသွားရှာပြီး အနောက်တံခါးကနေထပ်ဝင်ဖို့ အစီအစဉ်မရှိဘူး ... ပြီးတော့ သူက နံမည်ကြီးနေတာ သူမသိဘူး ...

သူ မှော်ဆရာတွေကို အကဲဖြတ်တဲ့နေရာရောက်ရုံပဲ ရှိသေး တစ်ယောက်ယောက်က သူ့ဆီလျှောက်လာတယ် ...

ယူရှောင်မော့ သူ့မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်တော့ အဲဒါက ကောင်းရန်ဖြစ်နေတယ် ... သူ့ပုံစံကိုကြည့်ပြီးဝေဖန်ရရင် အချိန်အနည်းငယ်ကြာအောင် သူ စောင့်နေပုံပဲ ... သူ အံ့သြမှုကို ခံစားလိုက်ရတယ် ...

သူ့ကိုမြင်ရတာ ကောင်းရန်အရမ်းပျော်သွားတယ် ... သူအဲ့ကိုလျှောက်မလာခင်အထိ ယူရှောင်မော့ဘေးမှာ မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသားတစ်ယောက်အပိုပါလာတာကို မသိလိုက်ဘူး ... ဒီအမျိုးသားရဲ့အ၀တ်အစားတွေက အထက်တန်းကျပြီး သာမန်လူနဲ့ မတူဘူး ... ဒါပေမယ့် ကောင်းရန်က ဒီနေ့ တစ်ခြားရည်ရွယ်ချက်ရှိတော့ တစ်ခြားကို သူသိပ်ပြီးအာရုံမစိုက်ဘဲ ယူရှောင်မော့အပေါ်ပဲ အကြည့်ဦးတည်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပြောလိုက်တယ် "ညီလေးယူ ... ဒီအစ်ကိုကြီးက မင်းကို စောင့်နေတာ နည်းနည်းတောင် ကြာသွားပြီ ... နည်းပြဆရာမနင်ကျင့်က ငါ့ကို သူ(မ)ဆီ မင်းကိုခေါ်လာစေချင်တယ်"

ယူရှောင်မော့ မျက်ခုံးပင့်ပြီး မေးလိုက်တယ် ... "ကျွန်တော့်ကို သွားစေချင်တာလား"

ကောင်းရန်ကရှင်းပြတယ် ..."ဒီနေ့ မင်းဒီကိုရောက်လာတာ အကဲဖြတ်စစ်ဆေးခံဖို့ မဟုတ်ဘူးလား ... နည်းပြဆရာမနင်ကျင့်က အကဲဖြတ်စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ရှိတယ် ... သူက မင်းကို အဲ့နေရာကို မြန်မြန်ခေါ်လာစေချင်တယ် အဲဒါက မင်းအချိန်အကြာကြီး တန်းစီရတာထက် ရှင်းရှင်းလင်းလင်းကို ပိုပြီးကောင်းတယ်လေ"

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now