Chapter 202 - The End of the Show (Unicode)

12.3K 1.3K 65
                                    

နောက်ဆုံးမှာတော့ လင်းရှောင်ရဲ့ကြားဝင်မှုနဲ့ ထျန်းရှင်းဂိုဏ်းနဲ့ ချင်းချန်ဂိုဏ်းရဲ့တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ဆုံးရှုံးမှုအကြီးမားဆုံးကတော့ ထျန်းရှင်းဂိုဏ်းပဲ ချင်းချန်ဂိုဏ်းကတော့ အသေးစားထိခိုက်မှုတွေပဲလို့ လော့ချန်ယွမ်က သူ့လူတွေကိုပြန်လွှတ်လိုက်တယ်။ သုခဘုံနယ်မြေရဲ့အရှင်သခင်ထက်တောင် အင်အားကြီးတဲ့သူကြောင့်ထပ်ပြီးတိုက်ပွဲဖြစ်ဖို့ အကြောင်းပြချက်ကောင်းကောင်း သူမတွေ့တော့ဘူး .....

လင်းရှောင်ကတော့ ဒီထက်ပိုပြီး ထျန်းရှင်းဂိုဏ်းရဲ့ ဂိုဏ်းသားမဟုတ်တော့ဘူး ဒါပေမယ့် သူကာကွယ်တဲ့သူကတော့ အခုထိဂိုဏ်းသားဖြစ်တုန်းပဲ... လင်းရှောင်ရဲ့အခုရပ်တည်မှုက မသေချာပေမယ့် လော့ချန်ယွမ်ကတော့ ဘာမှမလှုပ်ရှားရဲဘူး မဟုတ်ရင် ထောင်ဖန်းဘေးကနေရာက သူ့အတွက်ဖြစ်သွားလိမ့်မယ်...

ချင်ချန်းဂိုဏ်းသားတွေထွက်သွားပြီးတဲ့နောက်ဘာမှကြည့်စရာမရှိတော့တဲ့လူအုပ်ကတစ်ဖြည်ဖြည်းကွဲသွားတယ် နှစ်နာရီအတွင်းမှာပဲမြေကွက်လပ်က ဗလာနီးပါးရှင်းလင်းသွားတယ် ကျန်ခဲ့တဲ့သူတွေကတော့ ထျန်းရှင်းဂိုဏ်းသားတွေပဲ လင်းရှောင်ကို လေးစားကြောက်ရွံ့ခြင်းအကြည့်တွေနဲ့ အတူ ထွက်ခွာမသွားရဲဘူး

ယွမ်မော့က အနည်းငယ်တုံ့ဆိုင်းသွားပေမယ့် အရှေ့ကိုထွက်လာပြီး လင်းရှောင်ကို ပြောတယ် "အခုကစပြီးမင်းကို လင်းရှောင်လို့ပဲခေါ်တော့မယ် ထောင်ဖန်းကိုလည်းမင်းသတ်လိုက်ပြီ မင်းရှာနေတဲ့သူကိုလည်းတွေ့ပြီဆိုတော့ မင်းနဲ့ထျန်းရှင်းဂိုဏ်းကြားထဲမှာ ဘာမကျေနပ်ချက်မှ မကျန်တော့ဘူးနော် ဟုတ်တယ်မလား"

တကယ်တော့ မင်းထျန်းရှင်းဂိုဏ်းကို ပြန်မကြည့်တော့ဘူးလားလို့ ပြောချင်ပေမယ့် သူ့အသက်နဲ့ရာထူးက ဒီလိုစကားတွေပြောဖို့ လွယ်လွယ်နဲ့ထွက်မလာဘူး

လင်းရှောင်ကအနည်းငယ်အသိအမှတ်ပြုတဲ့အကြည့်နဲ အကြီးအကဲကို ကြည့်လိုက်တယ် ထျန်းရှင်းဂိုဏ်းရဲ့အနာဂတ်အတွက် ယွမ်မော့က သူရဲ့မာနကိုတောင် လျစ်လျူရှုလိုက်ပြီဆိုတော့ ဒီကိစ္စက ဆွေးနွေးလို့ရပါတယ် လင်းရှောင်က ထျန်းရှင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်လုပ်ဖို့ အစီအစဉ်မရှိဘူး တကယ်လို့သူလုပ်ချင်ရင်တောင်မှ ယူရှောင်မော့က ခွင့်ပြုမှာမဟုတ်ဘူး အဲ့လိုထင်ရတာပဲလေ... လင်းရှောင်က သူ့ပါးပေါ်က သွားရာကိုအသာထိပြီးတွေးမိလိုက်တယ် ယူရှောင်မော့တော့ သူ့ကိုသေတဲ့အထိ ကိုက်ပစ်တော့မှာပဲလို့ .....

The Legendary Master's Wife (Zawgyi & Unicode)Hikayelerin yaşadığı yer. Şimdi keşfedin