Chapter 221 - Get In Through The Back Door (U)

6.5K 937 16
                                    

ကျယ်ကျယ်လောင်လောင်ရယ်လိုက်တဲ့သူက လူအုပ်ထဲက ထွက်လာတယ် ... အဲဒီလူက ကြီးမားတဲ့ဓါးကို နောက်ကျောမှာလွယ်ထားတဲ့ အမျိုးသားတစ်ယောက် ... သူ့မှာ သိသိသာသာကိုထင်ရှားတဲ့မျက်နှာကျနဲ့ တောက်ပပြီးတက်ကြွတဲ့မျက်နှာရှိတယ် ... တော်တော်လေး ကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်ပဲ ... တောက်ပကာ ကျော့ရှင်းရည်မွန်ပြီး သမရိုးကျမဟုတ်တဲ့ရောင်ဝါ ထုတ်လွှတ်နေတယ် ... သူက တည်ကြည်ပြီး ယောက်ျားပီသတဲ့သူဆိုတာ အကြည့်တစ်ချက်ကနေတောင်ပြောနိုင်တယ် ...

"ငါ အမှတ်မမှားဘူးဆိုရင် အဲ့ဒါ ကောင်းရန်ကောရှမဟုတ်ဘူးလား ... သူဒီကိုဘာကြောင့်လာတာလဲ"

"မင်း ... အရူး ... ကောင်းရန်ကောရှက ဒီကို ဘာလို့မလာသင့်ပဲ ရှိမလဲ ... သူက သောက်ရှင်းအကယ်ဒမီလက်ထောက်ကျောင်းအုပ်ရဲ့တပည့်ဆိုတာ မမေ့နဲ့ဦး"

"ငါကြားတာ သောက်ရှင်းအကယ်ဒမီက ကျောင်းသားဝင်ခွင့်ကျင်းပတာ ဘေးကင်းဖို့နဲ့ အမိန့်တည်မြဲဖို့ ထူးချွန်တဲ့ ကျောင်းသားတွေလွှတ်မယ်ဆိုပေမယ့် ကောင်းရန်ကောရှကို လွှတ်လိမ့်မယ်လို့တော့ တစ်ခါမှ မတွေးဖူးဘူး ... သူက တကယ့်ကို မယုံနိုင်ဖွယ်ရာ အံ့ချီးလောက်ဖွယ်ပဲ ... အာ့!"

သူတို့တွေ သူ့ကိုတွေ့တော့ လူတွေက လိုလိုချင်ချင်ပဲ အံ့သြသွားကြတယ် ... အံ့သြတာတင်မကဘူး ... ပင့်သက်ပါရှိုက်မိကြတယ် ... သူတို့အားလုံး ကောင်းရန်ကောရှရဲ့နံမည်ကျော်ကြားမှုကို ကြားဖူးကြတယ် ... ဒါပေမယ့် ကျက်သရေရှိလှတဲ့ ဟန်ပန်သွင်ပြင်ကိုတော့ မြင်နိုင်ခွင့်မရှိကြဘူး ... လူတော်တော်များများက ဒါကိုတွေ့ရင် အတော်အသင့် ပူဆွေးဝမ်းနည်းကြတာကို တွေ့ရတယ် ... ဘာလို့လဲဆိုတော့ သူ့ကို ဒီလောက်အနီးကပ်တွေ့မြင်ရလိမ့်မယ်လို့ သူတို့တစ်ခါမှ မမျှော်လင့်ထားဖူးဘူး ... ဒါကြောင့်သူတို့ အခုတည်းက လွမ်းနေရပြီ ... တစ်ချို့ အမာခံပရိတ်သတ်တွေဆိုရင် သူ့အနားဝိုင်းအုံပြီး ပျော်ရွှင်မှုနဲ့ မျက်နှာချိုသွေးနေကြတယ် ...

ယူရှောင်မာ့ကို စောစောက လှောင်တဲ့လူငယ်ရဲ့မျက်နှာက ဖြူဖျော့သွားတယ် ...

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now