Chapter 223 - Conflicts rise

5.8K 706 14
                                    

ဒါဘယ်သူ့ကလေးလဲ ... တစ်ယောက်ယောက် သူ့ကို ကျေးဇူးပြုပြီး ခေါ်သွားကြပါ...

ဝိဉာဉ်ကျောက်တုံးပေါ်က ဂဏန်းက အတုမဖြစ်နိုင်ဘူး ...

ဘယ်လိုပဲဖြစ်ဖြစ် သောက်ရှင်းအကယ်ဒမီစထောင်တည်းက ဒီလို အသက်ကို ပြောင်းပြန်အမှတ်မှားမိတဲ့ မတော်တဆကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးဘူး ... ၀င်ခွင့်နှစ်တိုင်း ကိစ္စအမျိုးမျိုးပေါ်လာပေမယ့် သေသေချာချာကို သူတို့အားလုံးက အသက်ကြီးနေတာကို လျှော့ပြောကြတာ ...

ယူရှောင်မော့က အကယ်ဒမီရဲ့စံချိန်ကို ချိုးတဲ့ ပထမဆုံးသူပဲ ...

တစ်နှစ်လေးပဲ ကွာခြားချက်ရှိတာတောင် လူအများအတွက်က တစ်နှစ်ဆိုတာ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသွားနိုင်တယ် ... အထူးသဖြင့် ဉာဏ်ကြီးရှင်တွေအတွက်ပေါ့ ... ပိုငယ်လေ ပိုပြီး အလားအလာရှိလေပဲ ... ဆယ့်ကိုးနှစ်နဲ့ ဆယ့်ရှစ်နှစ်ကြားမှာ နှစ်ခုလုံးက ပါရမီရှင်လို့ သတ်မှတ်လို့ ရတယ် ... ဒါပေမယ့် ပိုငယ်တာက ပိုရှားတယ် ... ချဲ့ကားပြောတာ မဟုတ်ဘူး ... အဲဒါက နည်းပြဆရာတိုင်းကို သူတို့အတွက် အပြိုင်အဆိုင်တိုက်ခိုက်စေလိမ့်မယ် ... ဒါပေမယ့် ဆယ့်ရှစ်နှစ်ဆိုတာ မတူတဲ့ကိစ္စပဲ ...

သောက်ရှင်းအကယ်ဒမီရဲ့သမိုင်းတစ်လျှောက်မှာ အသက်ဆယ့်ရှစ်နှစ်မတိုင်မီ အဆင့်လေးရောက်တာဆိုလို့ နည်းတယ်ဆိုတာထက်တောင် နည်းသေးတယ် ... သူတို့အားလုံးက လုံထျန်းပြည်ရဲ့ ပထမအဆင့်မှော်ဆရာတွေ ဖြစ်လာကြတယ် ... ဥပမာတစ်ခုအနေနဲ့ မှော်ဆရာချိုရန်ကလည်း သောက်ရှင်းအကယ်ဒမီကို အသက်ငယ်ငယ်နဲ့ ၀င်ခဲ့တာပဲ ... (ချိုရန်က လင်းရှောင်ခိုးလာတဲ့ ကောင်ကင်ဘုံဆိုင်ရာဝိဉာဉ်ကျမ်းရဲ့ ပိုင်ရှင်ပါ)

နည်းပြဆရာမနင်ကျင့်က အလွန်အမင်းအံ့အားသင့်ခဲ့ရတာ တစ်ကြိမ်တင်မဟုတ်ဘူး ... နှစ်ကြိမ်တောင် ... ဒီလူငယ်လေးက ပိုပြီး ပိုပြီးကို အင်အားကြီးလာတာပဲ ... သူ(မ)နှလုံးကို ခြောက်လှန့်လုနီးပါးပဲ ... ဒီလူငယ်လေးက သူ(မ)ကို လက်ဖျားခါလောက်စရာ အံ့အားသင့်ရမှုကို ပေးလိမ့်မယ်လို့ ဘယ်တော့မှ မတွေးဖူးဘူး ...

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now