Chapter 214 - Helenos of Troy

6.4K 946 28
                                    

ယန်မြို့မှာ မြို့ထဲဝင်ဖို့ ဂိတ်လေးခုရှိတယ် ... တစ်ခုစီက အရပ်မျက်နှာတစ်ခုစီမှာ ရှိတယ် ... ဂိတ်လေးခုစလုံးကို ကောင်းမွန်တဲ့ကျောက်စိမ်းနဲ့ ပြုလုပ်ထားတယ်လို့ ပြောကြတယ် ... ပြီးတော့ စိတ်ဝိဉာဏ်အဆင့်သိုင်းသမားကို ခြစ်ရာလေးတောင်မထင်စေဘဲ  ဆန့်ကျင်ခုခံနိုင်တယ် ...

အရင်တုန်းက... သိုင်းပညာရှင်တစ်ယောက်က ဒီဂိတ်တွေဟာ ဒဏ္ဍာရီထဲကလို တကယ်ပဲ ကြံ့ခိုင်ရဲ့လားဆိုတာကို စမ်းသပ်ချင်ခဲ့တယ် ..... သူ့ရဲ့တိုက်ခိုက်မှုစပြီးသိပ်မကြာခင်မှာပဲ ဂိတ်အစောင့်ရဲ့ဖြိုလှဲတာကို ခံလိုက်ရတယ် ... ဂိတ်ကတော့ လုံးဝကိုပဲ ခြစ်ရာလေးတောင်မထင်ဘူး ...

ယန်မြို့က မြောက်ပိုင်းရဲ့ ကိုယ်စားပြုပြရုပ်တစ်ခုပဲ .. အပြင်လူတွေကို ပိုင်နက်နယ်မြေရဲ့အခွင့်အာဏာပြဖို့ ... ဒီအချက်ကြောင့်  ဒီနယ်မြေမှာ မြို့ရဲ့အပေါ်ကနေ လေထဲမှာ ခရီးသွားတာကို တားမြစ်ထားတယ် ... လေထဲမှာသွားနေတာတွေ့ခဲ့ရင် ကင်းလှည့်တဲ့တပ်သားတွေက ဘယ်ကျူးကျော်သူကိုမဆို ချက်ချင်းပဲ ပစ်ချလိမ့်မယ် ... အဆိုးရွားဆုံးဖြစ်နိုင်ချေကတော့ တရားခံက နယ်နှင်ဒဏ်ခံရလိမ့်မယ် ပြီးတော့ သက်တမ်းတစ်လျှောက်လုံး မြို့ဝင်ခွင့် အပိတ်ခံရလိမ့်မယ် ...

ပြစ်ဒဏ်က နည်းနည်းတော့ ရက်စက်တယ် ... အတိတ်မှာတုန်းက နမူနာအနေနဲ့ အပြစ်ပေးခံရသူတွေရှိတာကြောင့် မြို့ကိုဖြတ်ပြီးခရီးသွားတဲ့သူတွေအကုန်လုံး ယန်မြို့ရဲ့ သီးသန့်ဥပဒေကို သတိထားဖို့လိုတယ် ... ကြေငြာထားတာမရှိပေမယ့် မြို့ဝင်ခွင့်အတွက်လိုအပ်ချက်တစ်ခုလို့ သတ်မှတ်နိုင်တယ် ...

ရောမရောက်ရင်ရောမလိုကျင့်ဆိုတဲ့စကားလိုပဲ ..... ယူရှောင်မော့နဲ့လင်းရှောင်လည်း လူအုပ်ရဲ့နောက်ကိုလိုက်ပြီး သူတို့ရဲ့ခြေလျင်ခရီးကို စတင်လိုက်တယ် ... ရောက်လာတော့မှပဲ ယန်မြို့က သူတို့ဆင်းသက်တဲ့နေရာနဲ့ တော်တော်လေးဝေးတယ် ... သူ့ရဲ့အဆမတန်ကြီးမားနေတဲ့အရိပ်ကြောင့် နီးတယ်လို့ ထင်ရတာ .....

လေးနာရီလောက်လမ်းလျှောက်ပြီးတော့ ယူရှောင်မော့ လေ့ကျင့်ခန်းအလွန်အကြွံလုပ်မိသလိုစပြီးခံစားလာရတယ် ... အမြင်နဲ့သာနီးနေတဲ့မြို့က ရောက်မလာနိုင်တာကိုကြည့်ပြီး သူစိတ်ပျက်အားငယ်မှုနဲ့ အားအင်ကုန်ခမ်းလာတယ် .....

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now