Chapter 210 - Hei Yin Village (U)

7K 975 28
                                    

ဘေးအခန်းက ခွန်အားကြီးလူရဲ့အခန်းဆိုတာ သတိရလိုုက်တော့ ကြားလိုက်ရတဲ့အသံကြောင့် ယူရှောင်မော့ အံ့အားသင့်သွားတယ် .....

တကယ်လို့ တစ်ခြားရက်မှာသာဆို ယူရှောင်မော့ ဒီအသံကို လျစ်လျူရှုထားမိမှာ ... ဒါပေမယ့် ဘေးအခန်းက ခွန်အားကြီးလူက သူတို့နဲ့ပို့ဆောင်ရေးစက်ဝိုင်းအတူတူဖြစ်နေတယ် .....

လင်းရှောင်က သူ့မျက်ခုံးကို ပင့်လိုက်ပြီး "တစ်ယောက်ယောက်က သူ့ကို သတ်ချင်နေတယ်"

ဘယ်သူက သူ့ကို သတ်ချင်နေတာလဲလို့ ယူရှောင်မော့ မေးမလို့လုပ်နေတုန်း ဟိုဖက်ခန်းက တိုက်ခိုက်သံ ရပ်သွားတယ် .... ခဏကြာပြီးတဲ့နောက် ဘာမှမဖြစ်ခဲ့သလိုပဲ အရာအားလုံး ငြိိမ်သက်နေတယ် ... သူမြန်မြန်ပဲ လင်းရှောင်ကို မေးလိုက်တယ် "သူတို့တိုက်ခိုက်တာ ရပ်သွားပြီလား အဖြေက ဘယ်လိုလဲ"

လင်းရှောင်သူ့ကို ကြည့်လိုက်တယ် "မင်းဘာလို့ အဲ့လူအကြောင်း ဒီလောက်တောင် စိတ်ဝင်စားနေတာလဲ"

ယူရှောင်မော့ ခေါင်းခါလိုက်တယ်  "အာ.. ကျွန်တော်က ဒီအတိုင်းပဲ သိချင်လို့ပါ ပြီးတော့ သူက ကျွန်တော်တို့နဲ့အတူ သွားမယ့်သူလေ"

ရှင်းပြချက်က လက်ခံနိုင်လောက်ပါတယ် "သူမသေဘူး ဒဏ်ရာနည်းနည်းပဲ ရသွားတာ .. သူ့ကို အလစ်တိုက်တဲ့သူကလည်း သူနဲ့ အဆင့်အတူတူလောက်ပဲ ... တိုက်ခိုက်ဖို့ လူလွှတ်လိုက်တာ စောစောက သူနဲ့ရန်ဖြစ်ခဲ့တဲ့ လူငယ်ဖြစ်နိုင်တယ်"

"တော်တော်အမြင်ကျဉ်းတဲ့သူပဲ" ယူရှောင်မော့ သက်ပြင်းချလိုက်တယ် ...

တကယ်တော့ လူငယ်ရဲ့အမှားပဲ .. လူငယ်မှာ မကောင်းတဲ့စိတ်မျိုးရှိလိမ့်မယ်လို့ ယူရှောင်မော့ မမျှော်လင့်ထားမိဘူး .. ချက်ချင်းကို လူသတ်ချင်တာပဲ .. အဲဒါက လူငယ်က လူကောင်းမဟုတ်ဘူးဆိုတာကို ပြနေတယ် ... ယူရှောင်မော့ သူရဲ့ရန်သူ ထန်ယွင်းချီ ကို တွေးမိလို်က်တယ် .. စိတ်ကြီးဝင်တဲ့သခင်လေးပုံစံ တူတူပဲ ... တော်တော်လေးကို ပျက်စီးနေတယ် ...

လင်းရှောင်ရှေ့ကိုလျှောက်ပြီး ယူရှောင်မော့ကို ဖက်လိုက်တယ် ပြီးတော့ အိပ်ခန်းထဲကို ဦးဆောင်ခေါ်သွားတယ် "တစ်ခြားသူတွေရဲ့ကိစ္စကို စိတ်ထဲထားမနေနဲ့ အိပ်ပဲအိပ်ကြရအောင်"

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now