Chapter 218 - Deception

5.6K 601 7
                                    

စိတ်လွင့်သွားရတဲ့ယူရှောင်မော့တစ်ယောက် မြန်မြန်ပဲ အသိပြန်ကပ်လာတယ် ...

ဘာပဲဖြစ်ဖြစ် အဲဒါက လင်းရှောင်ပြောသလိုပါပဲ ... ကောင်းကင်ဘုံဆိုင်ရာဝိဉာဉ်ကျမ်းက သူတို့လက်ထဲမှာရှိတယ်ဆိုတာ ဘယ်သူမှမသိဘူး ... ဒါကြောင့် သူအလွယ်တကူပဲ လေ့ကျင့်နိုင်ခဲ့တာ ... အနာဂတ်မှာ လူတွေသိသွားခဲ့ရင်လည်း ကောင်းကင်ဘုံဆိုင်ရာဝိဉာဉ်ကျမ်းက သူ့ဟာဆိုတာ ဇွတ်အတင်းငြင်းမှာပဲ ... သူ့လက်ထဲက လွှဲပေးထားတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး ......

ကောင်းကင်ဘုံဆိုင်ရာဝိဉာဉ်ကျမ်းက ဘယ်သူ့အပိုင်ဆိုတာ စိတ်ဆုံးဖြတ်ပြီးတော့ ယူရှောင်မော့နဲ့လင်းရှောင်က သူတို့လိုချင်တဲ့ သတင်း စရှာဖို့လုပ်တယ် ...

ရှန်ကျီးလုံက သူတို့ရောင်းတဲ့သတင်းအကုန်လုံးကို ဘုတ်ပေါ်မှာ တင်မထားဘူး ... သူတို့က ဘယ်လိုသတင်းအမျိုးအစားလည်းဆိုတာကို ပိတ်ထားတဲ့ဈေးနှုန်းအိတ်နဲ့ ပထမဆုံးရှင်းပြတယ် ... မင်းတတ်နိုင်တယ်လို့ထင်ရင် ပြီးတော့ မင်းလိုချင်တဲ့သတင်းအမျိုးအစားဖြစ်ရင် အဆောက်အဦးထဲက သတင်းရောင်းတဲ့ ပြတင်းပေါက်ကို သွားနိုင်တယ် ...

ယူရှောင်မော့ ကားချပ်သေးပေါ်က သတင်းတွေကို ကြည့်လိုက်တော့ သူတစ်ခါမှ မကြားဖူးတဲ့သတင်းတွေ ... ဘယ်လိုမျိုးလဲဆိုရင် ပေးထားတဲ့ အင်အားနှစ်ခုက သဘောထားကွဲလွဲမှုတွေနဲ့ ... ကျော်ကြားတဲ့အင်အားကြီးအိမ်တော်အချို့ရဲ့ မဟာစစ်ပွဲကြီးရဲ့တိုးတက်မှုနဲ့ အကျိုးရလဒ်တွေလိုမျိုး ... ပြီးတော့ တစ်ခြားသတင်းတွေလည်း ရှိသေးတယ် ... ဒါပေမယ့် မျက်လုံးထဲအဖမ်းစားနိုင်ဆုံးသတင်းကတော့ သောက်ရှင်းအကယ်ဒမီအကြောင်းဆိုတာ အသေအချာပဲ ...

ယူရှောင်မော့ သောက်ရှင်းအကယ်ဒမီရဲ့ အချက်အလက်နဲ့ ကျောင်းသားဝင်ခွင့်အတွင်းသတင်းကို ထိပ်ဆုံးစာရင်းငါးခုထဲမှာ တွေ့တယ် ... ဒါပေမယ့် သတင်းရဲ့ဘေးက ပေးရမယ့်အဖိုးအခကို မြင်တော့ ပါးစပ်အဟောင်းသားနဲ့ မေးပြုတ်ကျသွားတယ် ... မကြာခင်ထွက်လာတော့မယ့် သတင်းဖြစ်ပေမယ့် သလင်းစတစ်ထောင်တောင် တောင်းထားတယ် ... ဒါက တကယ့်ကို ကန့်သတ်ချက်ကို ကျော်လွန်တဲ့ဈေးကြီးမှုပဲ ... ပြီးတော့ ကိစ္စတော်တော်များများအတွက် ယန်မြို့က သလင်းစကို အဓိက ထားသုံးတာတွေ့ရတယ် ...

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now