Chapter 226 - Teng Zi Xin (U)

16.4K 1.1K 39
                                    

ညှို့ဓာတ်အပြည့်ရှိတဲ့ပုံရိပ်ရဲ့သခင်ကတော့ အလွန်အမင်းဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တစ်ယောက် ... သူ(မ)ရဲ့အလှအပက နည်းပြဆရာမနင်ကျင့်ထက် သာလွန်တဲ့အနေအထားမှာရှိတယ် ...

သူ(မ)ရဲ့ကိုယ်နေဟန်ထားက ယုံကြည်မှုအပြည့်နဲ့ ရင်ကိုကော့ပြီးခေါင်းကိုမော့ထားတာ သူ(မ)ရဲ့ပြစ်မျိုးမှဲ့မထင်သောမျက်နှာကို လူတိုင်းမြင်နိုင်အောင် ဖော်ပြထားတယ် ... သူ(မ)ရဲ့အကြည့်က အေးစက်ပြီး ချဉ်းကပ်ဖို့ခက်ခဲတဲ့အရှိန်အဝါကို ရှင်းရှင်းလင်းလင်းပြသနေတယ် ... လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကို သူ့လမ်းလျှောက်ပုံကနေ ကောက်ချက်ချနိုင်တယ်လို့ ပြောကြတယ် ... သူ(မ)က အပြည့်စုံဆုံးဥပမာပဲ ...

အမျိုးသမီးက မြေကြီးကိုထိလုနီးပါး ခရမ်းဖျော့ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားတယ် ... အင်္ကျ ီလက်ဝကျယ်မှာ ပတ်ပတ်လည် ပန်းထိုးဆင်ယင်ထားတယ် ... လက်တစ်ဆုပ်တောင်မရှိလောက်အောင် သေးသွယ်တဲ့ခါးထက်မှာ  ပျော့ပျောင်းနူးညံ့တဲ့ချည်သားခါးပတ်ကို ချည်ထားတယ် ... အနောက်ဘက်က ပန်းထိုးဆင်ယင်ထားမှုက ခါးနဲ့ပခုံးကထက် ပိုများပြီးတော့ ပိုးချည်မျှင်တွေလို ချောမွေ့ပြောင်လက်နေတယ် ... ဘာမှလိမ်းခြယ်မထားတဲ့ ချောမွေ့တဲ့မျက်နှာက အပြစ်ပြောစရာမရှိအောင် မြင့်မြတ်အထက်တန်းကျပြီးတော့ လူကို အံ့အားသင့်စေတဲ့ အရှိန်အဝါရှိတယ် ......

အမျိုးသမီးက အခန်းထဲမှာရှိတဲ့ လူတိုင်းရဲ့အာရုံက သူ(မ)ဆီမှာရှိနေတာကို အနှောင့်အယှက်နည်းနည်းလေးတောင် မဖြစ်ဘူး ... ပေါ့ပါးပြီးကျော့ရှင်းတဲ့ခြေလှမ်းတွေနဲ့ လူအုပ်ကိုဖြတ်ပြီး သူ(မ)လမ်းကြောင်းကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ ဦးတည်သွားတယ် ... သူ(မ)ရဲ့ ညှို့ယူဆွဲဆောင်နေတဲ့ ကိုယ်နေဟန်ထားက သူ(မ)ရဲ့အေးစက်တဲ့အရှိန်အဝါကို ထိခိုက်စေဖို့ မလုပ်နိုင်ဘူး ... အချိန်ရပ်တန့်သွားသလို လူအများရဲ့ သူ(မ)အပေါ်လေးစားမှုမှာ မိမိဘာသာ လမ်းပျောက်သွားစေတယ် ...

ကောင်းရန်က သူတို့ ဘယ်နှစ်ကြိမ်ပဲ တွေ့ပါစေ အမျိုးသမီးငယ်ရဲ့ အလှအပကြောင့် အမြဲတမ်းအံ့အားသင့်မှင်တက်မိသွားမြဲပဲ ... သူ ရှင်းမပြခင် သူ့စိတ်သူထိန်းဖို့ သက်ပြင်းရှည်ကြီးချလိုက်တယ် ... "သူ(မ)က ထန်မိသားစုရဲ့ ထန်ကျီရှင်းပဲ ... ထန်ကျီရဲ့ ရဲ့ အသက်နှစ်ဆယ်အရွယ်ညီမလေး ... သူက အလယ်အလတ်အဆင့်ငါးမှော်ဆရာဖြစ်နေပြီ ... သူ(မ)အစ်ကိုနဲ့ အဆင့်အတူတူပဲ ... အချက်အလက်တွေအရ နှစ်တစ်ထောင်မှ တစ်ကြိမ်တွေ့ရတဲ့ ရှားပါးတဲ့ ပါရမီရှင် ... အသက်ဆယ့်ခြောက်နှစ်မှာ အဆင့်လေးကိုရောက်ပြီး အဆင့်ငါးကို သူ(မ)အစ်ကိုထက်တောင်စောပြီးရောက်တယ် ... ပြီးခဲ့တဲ့တစ်ခေါက်က သောက်ရှင်းအကယ်ဒမီကို မဝင်ဖြစ်ရတဲ့အကြောင်းရင်းက သူ(မ)ရဲ့ အဆင့်တစ်ဆယ်ဆရာ(ရှစ်ဖူ)နဲ့ ခရီးထွက်နေလို့"

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Oct 05, 2020 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

The Legendary Master's Wife (Zawgyi & Unicode)Waar verhalen tot leven komen. Ontdek het nu