တမ်းချင်း-၁

2.1K 70 3
                                    

အပိုင်း၁...

၂၀၁၈ ​ဖေဖ၀ါရီ၂ရက်​.........
ဆောင်​နှင်း​လေ၏ ပါးလွှလွှတိုက်​ခိုက်​​နေမှု​ကြောင့်​ အ​အေးဓာတ်​သည်​ ထို​နေ့၌ပိုကဲ​နေ​သော်​ငြား ... မကြာခင်​မှ ​ဆောက်​လုပ်​ပြီးစီးသွားသည့်​ အုတ်​ဂူ​ငယ်​​လေး၏ ​ဘေးတွင်​ ပတ်​​ခွေစွာရှိ​သော လူတစ်​စု ရင်​တွင်​​တော့ အပူ​ငွေ့များ အလျှံငြီးငြီး....။ အင်္ဂ​တေကိုင်​ထား​သော ထုံးသဲ​ရေ​နှောသည့်​မဆိုမ​ခြောက်​ အုတ်​ဂူအဖြူ​လေးသည်​ ထိုလူဝိုင်းတို့အလယ်​ ​အေးချမ်းစွာအနားယူ​နေသည်​လား? မ​ကျေနပ်​မှု ၊ခံပြင်းတို့်နှင့်​ အညှိုးကြီးစွာ ​ဒေါသမာန်​ကို အံတု​နေရသည်​လား? ထိုအုတ်​ဂူ​လေးနားရှိ တစ်ေ
စုံတစ်ေ​ယာက်​သာ သိပါလိမ့်​မည်​ ...။

"​အမေ... ပြန်​​ရ​အောင်​​လေ ...အိမ်​မှာလည်း ဆွမ်းသွပ်​ဖို့ပြင်​ဆင်​ရဦးမယ်​ ...."

နိမ့်​သံမြင့်​သံတို့မရှိဟုခံစားရသည့်​ အသံပြတ်​ပြတ်​တစ်ခု​နှင့်​နှိုင်းမန်သည် ​​​​နှာရည်​ရှုတ်​ငင်​​နေ​သော မိခင်​ဖြစ်​သူကိုသတိ​ပေးလိုက်​​သည်​ ...။ ထိုမှမိခင်​ဖြစ်​သူ​ဒေါ်တင်​​ဆွေသည်​ သူ့​ဘေးတွင်ခုချိန်​ထိရှိ​နေ​ပေး​သော နှိုင်းမန်​ကိုယ်​အား ,အားတင်းဖတ်​တွယ်​ အသံစုံထွတ်​၍ငို​ကြွေး​တော့၏... ။

"ကိုနှိုင်း ... မင်း...ညီ​လေး အခု..မရှိ​တော့ဘူး...အီးဟီး... အ​မေတို့သူ့ကိုတစ်​​ယောက်​ထဲထားခဲ့ရ​တော့မယ်​ !လုပ်​ကြပါဦး...ကျွန်​မသားငယ်​​လေးကို ပြန်​​ခေါ်လို့်ရရင်​ပြန်​​ခေါ်​ပေးကြပါ .... .... အီးဟီး...ငါ...ဘာပြန်​​ပေးရ​ပေးရ ​ပေးပါ့မယ်​ဟယ်​ အီး...​ပြောကြပါ...​ဟောဒီက ဘာမှမလုပ်​နိုင်​တဲ့ အိုကြီးအိုမကိုကျ ​မ​ခေါ်ဘဲ ... ဘာလို့ခုမှ အသက်​၂၀​တောင်​မပြည့်​​သေးတဲ့ ငါ့သားအဖိုးတန်​​လေးကိုမှ ​ခေါ်သွားတာတုန်း!! မိစ္ဆာ! မ​ကောင်းဆိုးဝါးမိစ္ဆာရဲ့... ​ခေါ်မယ်​ဆို ငါ့ပါလာ​ခေါ်!!!"

"အ​မေ့!..."
့​ ​ရင်​ဘတ်​ကိုတဗြန်းဗြန်းရိုက်​ပုတ်​ရင်း ယုတ္တနတ္တ​တွေဖြင့်​​ဆဲ​ရေး​နေ​သော မိခင်​ကို စိတ်​မ​ကောင်းစွာလေသံမာနှင့်​ နှိုင်းမန်​ဟန့်​တားလိုက်​ရသည်​။
အသုဘရှုလိုက်​ပါပို့​ဆောင်​များလည်း ​ဒေါ်တင်​​ဆွေ၏ ယခုပုံပန်းသွင်​ပြင်​ကို ကြည့်​ကာ ထိုအမျိုးသမီးကြီးသည်​ တချိန်​က ၁၀၈သွယ်​ပုတီးကုံးကိုလက်​ကမချ ဖြစ်​ပျက်​မှန်​သည့်​ အနိစ္စသ​ဘောကို ရှု့မှတ်​​နေဖူးသည့်​ အမျိုးသမီးကြီးမှန်း မည်​သူထင်​အံ့နည်းဟူသည့်​ မှတ်​ချက်​အဖုံဖုံကို​ပေးကာ ​ခေါင်းတခါခါ ကျစ်​တစုတ်​စုတ်​ ....။

"ငါ့ကိုသာ ​ခေါ်ကြပါကွယ်​...! ငါ့ကိုသာ ​ခေါ်သွားကြပါ .."

နောက်​ဆုံး​တော့ နှိုင်းမန်​ကို တင်းကျပ်​စွာဖတ်​တွယ်​ထား​သော ​​ဒေါ်တင်​​ဆွေ၏ ခပ်​ဖိုင့်​ဖိုင့်​ကိုယ်​ကြီးသည်​ ​ကမ္ဘာဆွဲအားပိုသွားသည့်​အလား ​မြေသို့ေ​လးတွဲစွာထိုင်​ကျသွားသည်​ ..။နှိုင်းမန်​အဖို့ ​​​သေဆုံးသွား​သော မိမိ၏အမွှာညီငယ်နှင့်​ သားပူမိငို​ကြွေး​နေ​သောမိခင်ကြား​ မွန်းကျပ်​လာသည်​ ...။ဒါ့ပြင် ​လည်​မြိုသို့လှိမ့်​တက်​လာ​သော အပူလှိုင်းများ​ကြောင့်​ ထိန်းချုပ်​ထား​သော သတိတို့က လွတ်​ချင်​ချင်​ .... ။ ထိုခဏ ၂ရက်​တိတိ ထိန်းချုပ်​လာခဲ့ရ​သော သူ၏ အပူဆန်​​သော မျက်​ရည်​များသည်​ မျက်​လွှာတံမံဖွင့်​ချီပိတ်​ချီ တစ်​ခါသီသည့်​တခဏ တာဝကျိုးသည့်​​လှောင်​ကန်​တံမံ​ရေအလျင်​လို လှိမ့်​ဆင်းကျလာသည်​ ...။
'ငါ​တောင်းပန်​ပါတယ်​ ရှိုင်း...'
မည်​သူမှမကြားနိုင်​သည့်​တိုးညှင်းသည့်​ အသံလှိုင်းငယ်​တစ်​ခု .....​၊​နောက်​ထပ်​....​နောက်​ထပ်​...။
သုံးကြိမ်​တိတိ သူ့နှုတ်​မှ တစ်​​ကြောင်းတည်း​သောဝါကျကို ​ရေရွတ်​​နေချိန်​ လဲကျသွား​သော မိခင်​ကိုလည်းအမှတ်​မရ​တော့ .... ။ယခု သူ၏ ကိုယ်​ဟန်​ကား မလှုပ်​မယှက်​ရပ်​​နေ​ဟန်​ရှိ​သော လူသား​ကျောက်​ထုပမာ .... ။ထို့​ကြောင့်​ မပဋာ​မြေလူး​အော်​ဟစ်​ဆန်​​နေ​သော ​ဒေါ်တင်​​ဆွေအား ကြားထဲမ​နေသာသည့်​ ​ဆွေမျိုးနီးစပ်​များက ပွေ့ဖတ်​ထူကာ သားတစ်​​ယောက်​ကျန်​​နေ​သေး​ကြောင်း ၊ထိုမျှသာစိတ်​ကို​ဖြေနိုင်​ရန်​ ​ဖျောင်း​ဖျ​ပြောဆို​နေကြသည်​ ... ။

______________ ♥♦♣♠_______________

ဖေ​ဖော်​၀ါရီ...သို့တမ်းချင်း[completed]Where stories live. Discover now