💙Ep~~~3💚

1K 63 1
                                    

Twoကတော့မနက်အိပ်ရာထကတည်းက
မျက်ခုံးခပ်လှုပ်လှုပ်ရယ် ဒီနေ့ကျွန်တော်တို့နှစ်ယောက်
ကျောင်းတက်ဖို့ အတူတူသွားရမဲ့နေ့
သူနဲ့အခန်းကပ်ရက်မို့ မိုးလင်းကတည်းက
အသံတွေကြားနေရပါပြီ သူ့အသံတော့မဟုတ်ဘူး သူ့ကိုလာနိုးတဲ့Pinအသံ

Pin—Wish Wish ထတော့လေ နင်ဒီနေ့ကျောင်းစတက်ရမဲ့နေ့နော်
နင်အိပ်ရာထနောက်ကျရင် ဖေဖေလာလိမ့်မယ်နော်
ဟဲ့ ကြားလား Wish Wish

ညကစာနည်းနည်းကြည့်ပြီး ဂိမ်းဆော့နေလိုက်တာ
အိပ်ရာဝင်တာ နောက်ကျသွားတယ် ဒီမနက်ကျတော့
မျက်လုံးကဖွင့်မရဘူး ဒါပေမဲ့ ဖေဖေလို့အသံကြားတာနဲ့ မျက်လုံးကအော်တိုပွင့်

Wish—အင်း အင်း ထပြီ ထပြီ

Pinကတော့Wishရဲ့ထပြီလို့အော်သံကြားလို့
အောက်ကိုပြန်ဆင်းသွားပါပြီ Wishကိုနှိုးတဲ့
အသံတွေကြောင့် မနက်စောစောစာထကျက်နေတဲ့ ဘေးအခန်းကTwoမှာ စာထဲအာရုံမရတော့ပါဘူး စာထဲအာရုံမရမဲ့အတူတူ ရေချိုးပြီးကျောင်းသွားဖို့
ပြင်ဆင်တာပဲကောင်းပါတယ်ဆိုပြီး အင်္ကျီကိုချွတ် လည်ဂုတ်ပေါ်တဘက်တင် ပုဆိုးကိုတိုတိုဝတ်ပြီး
အခန်းထဲကထွက်လာခဲ့တယ် Wishတို့အိမ်က
နှစ်ထပ်တိုက်ပါ အောက်ထပ်မှာရေချိုးခန်းတခုရှိသလို အပေါ်ထပ်မှာလဲ ရေချိုးခန်းတခုရှိသေးတဲ့
အိမ်အမျိုးအစားပါ အပေါ်ထပ်မှာလဲ
သူနဲ့Wishတို့ပဲနေတာပါ ကျန်တဲ့သူတွေက
အောက်မှာပဲနေကြတာ ရေချိုးခန်းကိုသွားမယ်ဆိုရင် Wishရဲ့အခန်းကိုဖြတ်သွားရမှာပါ
ဒီလိုနဲ့ရေချိုးဖို့အခန်းထဲကအင်္ကျီချွတ်နဲ့ထွက်လာတဲ့ Twoနဲ့ အစ်မဖြစ်သူက ဖခင်နဲ့ခြိမ်းခြောက်သွားပြီး
အော်နှိုးသွားလို့ မျက်စိမဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးပွတ်သပ်ကာအခန်းထဲက ထွက်လာတဲ့
Wishတို့ Wishရဲ့အခန်းရှေ့မှာ ဝင်တိုက်မိကုန်ပါပြီ (ရင်တိုက်မှုကြီးပါ😝😝😂)

Two—အမလေး သေပါပြီဗျာ

အိပ်မှုံစုံမွှားနဲ့ထွက်လာတဲ့Wishတယောက် သူ့အခန်းရှေ့က ဖြတ်နေတဲ့Twoရဲ့ရင်ခွင်ထဲ
ဝင်ရောက်သွားပြီး Twoရဲ့မေးစေ့ကို Wishရဲ့ခေါင်းနဲ့
စောင့်မိလို့ Twoတယောက်အမလေးတနေရတာပါ
အိပ်ချင်မူးတူးနဲ့Wishကလဲ Twoနဲ့တိုက်မိကာ
Twoရင်ခွင်ထဲ အမှတ်မထင်ဝင်ရောက်ခဲ့သလို Twoရဲ့အော်သံကြောင့်လန့်ဖျန့်ကာ Twoရဲ့
ရင်အုပ်ကျယ်ကျယ်ကြီးကို လက်နှစ်ဖက်နဲ့အားရပါးရ အုပ်ကိုင်လိုက်မိပါတော့တယ် Twoကလဲမျက်စိရှေ့မှာ
ရုတ်တရက်ဝင်လာတဲ့အရိပ်ကြောင့် မရည်ရွယ်ပဲ
လက်ကအလိုလို အဲ့ဒီအရိပ်ကို ပြန်ဖက်ထားလိုက်တဲ့
အချိန် သူ့မေးစေ့ကိုအရှိန်နဲ့လာဆောင့်တဲ့Wishကြောင့် မီးတောင်ပွင့်သွားသလားပဲဗျာ နာသွားတဲ့မေးစေ့ကို
လက်တဖက်နဲ့အုပ်ကိုင်ရင်း အော်နေတော့တာ
ဒါပေမဲ့ လက်တဖက်က Wishရဲ့ခါးကို
ဖက်ထားမိတာကိုတော့ လွှတ်ဖို့သတိမရဘူး နှစ်ယောက်သားပုံစံကိုသာတွေးကြည့်ပါတော့
ပြီးမှTwoရဲ့အော်သံကြောင့် သတိဝင်လာပြီး
ရှက်ရှက်နဲ့ လူချင်းခွာလိုက်ကြတယ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Onde histórias criam vida. Descubra agora