💙Ep~~~17💚

832 79 9
                                        

Wishရဲ့ခန္ဓာကိုယ်လေးကို ပွေ့ချီလာပြီး
အခန်းထဲကိုဝင်လာခဲ့တယ် ပြီးတော့ခုံပေါ်မှာ
ချာတိတ်လေးကိုချလိုက်ပြီး Twoကတော့
ချာတိတ်ရှေ့မှာဒူးတဖက်ထောက်ထိုင်လိုက်တယ်
ပြီးတော့သူ့ပေါင်ပေါ်ကိုချာတိတ်ရဲ့ကြွက်တတ်ထားတဲ့
ခြေထောက်လေးကိုတင်လိုက်တယ်

Wishကတော့Twoလုပ်သမျှကို
မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်မိနေပြီး သူ့ရှေ့မှာဒူးထောက်ထိုင်လိုက်ကာ
သူ့ခြေထောက်ကိုဆွဲယူသွားပြီး
ပေါင်ပေါ်ကိုတင်လိုက်တဲ့ Twoကြောင့် အရမ်းလဲရှက်သလို အရမ်းလဲအားနာသွားရတယ်

Wish-အာ...ရတယ် ရတယ်
အာ့လောက်ကြီးမလိုပါဘူး
ကျွန်တော့်ဘာသာကျွန်တော်လုပ်မယ်

Two-ကိုယ်ကဆရာဝန်လောင်းတယောက်ဆိုတာကို မေ့နေတာလားချာတိတ်ရ ဒီလောက်ကတော့
ကိုယ်လုပ်တတ်ပါတယ်ကွ ယုံစမ်းပါ

Wish-အာ..မယုံတာမဟုတ်ပါဘူး
ဟို..ဟို..အားနာလို့ပါ

Two-အဟားဟား..အားမနာပါနဲ့ကွ
ဒါအားနာစရာမှမလိုတာ
ဆေးကုပေးတယ်လို့ပဲမှတ်လိုက်

Wishဘယ်လိုပဲပြောနေပါစေ Twoကတော့
ချာတိတ်ရဲ့ခြေသလုံးကြွက်သားတွေကို
မနာကျင်အောင် ညင်ညင်သာသာလေး
နှိပ်နယ်ပေးနေမိတယ်လေ သူ့ရဲ့နှိပ်နယ်ပေးမှုကြောင့် တော်တော်လေးတော့ သက်သာလာသလို
ခံစားလာရတယ် ခြေထောက်ကသက်သာလာပေမဲ့ သူ့ရဲ့အထိအတွေ့ကြောင့် ရင်ခုန်သံတွေက မငြိမ်မသက်နဲ့ရူးချင်လာသလိုပဲ သူကတော့ ဘာမှမဖြစ်သလို ကျွန်တော့်မျက်နှာကို
မော့ကြည့်လိုက် သာသာလေးနှိပ်လိုက်နဲ့ပေါ့
ဒါပေမဲ့သူ့မျက်နှာကြီးကလဲ ပြုံးနေတာဖုံးဖိမရပါဘူး
သူရော ကျွန်တော့်လိုရင်ခုန်နေလို့များလား
ကျွန်တော့်ကိုသူရောစိတ်ဝင်စားနေတာများလား
တကယ်လို့ သူကစိတ်ဝင်စားပြီးဖွင့်ပြောခဲ့ရင်ရော
ကျွန်တော်ဘယ်လိုလုပ်ရမလဲ အား...ရူးတော့မှာပဲ

Two-ချာတိတ် သက်သာရဲ့လား
ဘယ်နားနာသေးလဲ ချာတိတ် ချာတိတ်

Twoမေးတာကို တယောက်တည်းတွေးနေတဲ့
Wishကတော့ ဘာမှမကြားလိုက်ဘူးလေ
သူခဏခဏခေါ်လိုက်တော့မှ
သတိကပ်သွားတော့တယ် အမလေး ရှက်လိုက်တာဗျာ တယောက်တည်း ဘာတွေတွေးနေမိတာလဲ
Wishရာ သေလိုက်တော့

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now