Wishစာမေးပွဲဖြေနေရတဲ့ရက်အတွင်းတော့ နှစ်ယောက်သား စကားမများရအောင် Twoတယောက်သတိထားပြီးနေခဲ့တယ်
စာမေးပွဲဖြေနေရတဲ့သူကို စိတ်အနှောက်အယှက်
မပေးချင်လို့ပါ Wishကလဲ စာတွေပဲကျက်နေရလို့ Twoနဲ့တောင် ခါတိုင်းလို စကားနိုင်မလုအားပါဘူး Twoကအလိုက်တသိနေပေးတာလဲပါတာပေါ့လေ မနေ့တုန်းကWishရဲ့စာမေးပွဲပြီးတဲ့နေ့ပါ
ဟိုတနေ့ကစာမေးပွဲပြီးရင် ကြိုက်တာလုပ်ပေးမယ်
ပြောထားလို့ ဒီနေ့နှစ်ယောက်သား ကစားကွင်းသို့
ချီတက်ခဲ့ကြတယ်.သူတောင်းဆိုတာကိုက ကစားကွင်းတဲ့နော် ဘယ်လိုတောင်ကလေးဆန်တဲ့ ချာတိတ်လဲလို့ ပြီးရင်သူ့ကိုယ်သူကလေးမဟုတ်ဘူးတဲ့ဗျ ဒါကိုသွားရဖို့ သူ့အဖေကိုပြောပြီး ခေါ်ခဲ့ရတာ သူ့သားအကြောင်းသိလို့ သူ့အဖေကသိပ်မလွှတ်ချင်ဘူး
ကစားကွင်းကိုရောက်တော့ ဂိမ်းတွေကိုတခုပြီးတခု
ဆော့တာဗျာ အရုပ်ကောက်တယ် ဆိုင်ကယ်စီးတယ် ကတယ် ကားမောင်းတယ် စကိတ်စီးတယ်
အို...စုံတာမှ အတော်စုံတာပါဗျာ အဲ့ဒါတွေကို သူ့ဟာသူတယောက်တည်းဆော့တာမဟုတ်ဘူးနော်
သူနဲ့အတူတူ ကျွန်တော့်ကိုလိုက်ဆော့ခိုင်းတာ ဒီကကောင်ကလည်း တခါမှကစားကွင်းမှာ
လာမဆော့ဖူးတဲ့သူ အမြဲလိုလိုစာထဲပဲ
ခေါင်းစိုက်နေတဲ့သူလေ အခုတော့သူနဲ့အတူတူ
လိုက်ဆော့ရတာ ဘယ်လောက်အရှက်ကွဲတယ်မှတ်လဲ သူကတော့အေးဆေးပဲ ဆော့နေရင်းကျွန်တော့်ကို သူနဲ့တခြားသူတွေကကြည့်ပြီး တဟားဟားနဲ့
ဝိုင်းရယ်ကြတာ ကြာတော့ဒေါသကထွက်ချင်လာတယ်
အခုလဲ မိုးပျံရထားစီးချင်ပါတယ်တဲ့ သေရောလေ
ကျွန်တော်က အမြင့်ကြောက်တတ်တဲ့သူတယောက်
Wish-ဟိုမှာ မိုးပျံရထားသွားစီးရအောင်ဗျာ ပျော်စရာကြီး
Two-တော်ပြီ တော်ပြီ စီးချင်ရင်
ကိုယ့်ဘာသာကိုယ်သွားစီး ငါမလိုက်တော့ဘူး
မစီးဘူး မစီးချင်ဘူး
Wishတယောက်သူနဲ့အတူ မဆော့ချင်ပဲ
ဆော့နေရတဲ့ Twoကိုသေချာကြည့်လိုက်တယ် ခုနကသူမဆော့ချင်လဲ အင်တင်တင်နဲ့တော့
လိုက်ဆော့ပေးရှာပါတယ် ခုတခါကျတော့
အတင်းဇွတ်ငြင်းနေတာတခုခုတော့ တခုခုပဲ
Wish-ဘာလဲ ခင်ဗျားကြောက်နေလို့မလား မထင်ရဘူးနော် ဟား..
Wishကသူ့စိတ်ကိုရိပ်မိပြီးပြောလာတော့ အမှန်ဖြစ်နေတာမို့လို့ နည်းနည်းတော့ရှက်သွားတယ် ဒီလိုချာတိတ်တယောက်ရှေ့မှာ သူ့သိက္ခာကို
အကျခံစရာလား ချက်ချင်းမျက်နှာထားတင်းလိုက်တယ်
YOU ARE READING
💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)
FanfictionMean X Plan (2wish)💙💚 ကိုယ့်ရဲ့ ဒုတိယခြေလှမ်းလေးပါ😊 ကိုယ်ချစ်တဲ့2wishလေးကို ခံစားပုံဖော်ထားပါသည်😊 proမဟုတ်သည့်အတွက် လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်😁😁 2wishကိုချစ်လွန်းလို့ ရေးသားထားခြင်းဖြစ်ပါသည်✌✌ WTG💙💚
