💙Ep~~~10💚

811 62 1
                                        

နှစ်ယောက်သားဖက်လျက်သားနဲ့အားပါးတရ
နှစ်ခြိုက်စွာ အိပ်ပျော်သွားလိုက်ကြတာ မိုးလင်းတာတောင်မသိလိုက်ကြဘူး
နှစ်ယောက်တည်းမှာအရင်နိုးလာတာက အဖျားကျသွားပြီဖြစ်တဲ့Wishပါ နိုးလာတော့ လူကလှုပ်မရစွာတင်းတင်းကြပ်ကြပ်ကြီး
အဖက်ခံထားရသလိုဖြစ်နေလို့ မျက်လုံးကို
အားယူပြီးဖွင့်လိုက်တယ် မျက်လုံးကိုဖြည်းဖြည်းချင်း
ဖွင့်ရာကနေ အလင်းရောင်လေးတွေ တိုးဝင်လာလို့ မျက်လုံးလေးပြန်ပိတ်လိုက်ကာ နောက်တကြိမ်
ထပ်ဖွင့်ကြည့်လိုက်မိပြန်တယ် ဒီတခါမှာတော့ သူ့ကိုယ်ခန္ဓာက ဘာလို့တင်းကြပ်သလိုမျိုး
ခံစားရတာလဲဆိုတဲ့ အဖြေရှာတွေ့ပါပြီ
သူ...ကျွန်တော့်ကိုသူ့ရင်ခွင်ထဲမှာတင်းကြပ်စွာ
ဖက်ထားပြီး အိပ်ပျော်နေတဲ့သူ Wishတယောက်
Twoကိုတချက်မော့ကြည့်ပြီး တုတ်တုတ်မှမလှုပ်ရှားပဲ ဘာလို့ဒီလိုအဖြစ်ရောက်နေရတာလဲကို
သိချင်လို့ပြန်စဉ်းစားလိုက်တော့ မနေ့ညကပုံရိပ်တွေက
ခေါင်းထဲမှာတရိပ်ရိပ်နဲ့ပြန်ပေါ်လာတယ် သူမနေ့ကဖျားနေတာမို့ သူလာပြုစုပေးတာတာကိုတော့ မှတ်မိလိုက်တယ် ဒါပေမဲ့ဘာလို့သူကကျွန်တော့်ကို အတင်းဖက်ထားရတာလဲ လူကလှုပ်ရှားမှုမရှိပေမဲ့ တယောက်တည်းမနက်စောစော
အတွေးပေါင်းမြောက်မြားစွာတွေးခဲ့ပေမဲ့လဲ အဖြေကိုရှာမတွေ့ပါ အဖြေသာရှာမတွေ့မိပေမဲ့ ရင်ခုန်သံကတော့ လှိုင်းစီးနေရပါပြီ

Wish—အာ...မသိတော့ပုကွာ အိ🙊

Twoနိုးသွားမှာစိုးလို့ မလှုပ်ရှားပဲနေနေပေမဲ့ ပါးစပ်ကလွှတ်ခနဲ စကားသံကထွက်သွားရပါတော့တယ် Wishအသံလေးကြောင့် အအိပ်ဆတ်တဲ့
Twoတယောက် နိုးလာရပါတော့တယ်
အိပ်ရေးပျက်ပေမဲ့လည်း အအိပ်ဆက်တော့
ကြားလိုက်မိတယ်လေ မျက်လုံးလေးဖွင့်ပြီး ချာတိတ်ကိုသတိတရနဲ့ကြည့်လိုက်မိတယ်
ရင်ခွင်ထဲကချာတိတ်ကလဲ သူ့ကို
ပြန်မော့ကြည့်နေခဲ့တယ်လေ လမ်းခုလတ်မှာ
အကြည့်ချင်းဆုံကာ အကြည့်တွေကလွှဲလို့မရတော့
စက္ကန့်အတော်ကြာ ရင်ခုန်မှုများစွာနဲ့ကြည့်နေမိကြတယ်
ပြီးမှWishကအရင်သတိဝင်လာပြီး Twoရဲ့ရင်ဘတ်ကြီးကို အတင်းတွန်းလွှတ်ဖယ်လိုက်ပြီး ထထိုင်လိုက်တယ် ပြီးတော့ အနောက်ဘက်ကို
နည်းနည်းလေးရွေ့လိုက်မိတယ် Twoလဲအဲ့ခါကျမှ
သတိဝင်လာပြီး အမြန်ထဖို့ပြင်လိုက်တယ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now