💙Ep~~~11💚

732 62 0
                                    

Wishဖျားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့တတွေ
အရင်ကလို ခဏခဏစကားမများရတော့ပါဘူး ချာတိတ်ကလဲ အရင်ကထက်စာရင် သိပ်ပြီးလဲဂျစ်မတိုက်တော့ဘူးဗျ အာ့တာကိုတော့ ကျွန်တော်သတိထားမိတယ် စာကျက်ပါ
စာလုပ်ပါဆိုလဲ သိပ်မပြောရတော့ဘူး သူ့ဟာသူအလိုက်တသိနဲ့ လုပ်လာတတ်တယ် ကျွန်တော်တောင်ချာတိတ်ရဲ့ပြောင်းလဲမှုကို
တော်တော်လေးတော့အံ့သြမိသေးတယ်လေ ချာတိတ်တယောက် ဘာဆေးတွေများ အစားမှားမိတာလဲလိမ့် အံ့သြလွန်းလို့ပါဗျာ
အခု ချာတိတ်ကစာမေးပွဲပြီးထားပေမဲ့
ကျွန်တော်ကတော့ အခုမှစဖြေရမှာမို့ ချာတိတ်ကိုတောင်စာမပြပေးနိုင်ဘူး
ခဏနားထားရတယ် ဒီနေ့ကဟိုစပ်စုစိန်နှစ်ကောင်
အိမ်မှာ စာလာကျက်မယ်ပြောထားလို့ အိမ်အောက်ထပ်ကတံခါးပေါက်မှာ
ဆင်းစောင့်နေမိတယ်လေ ဒီနေ့က
ကျောင်းပိတ်ရက်မို့လို့် ချာတိတ်လေးလဲ
အိမ်မှာရှိနေတယ် ဟိုကောင်တွေကတော့
ဘာပြောဦးမလဲတောင်မသိဘူး အဲ့ကောင်တွေသိပ်စပ်စုတယ်

အင်း...ချာတိတ်ဆိုမှ ချာတိတ်လေးကို
လှမ်းကြည့်မိတယ် ချာတိတ်လေးက ယောက်ျားလေးသာဆိုတယ် ပန်းပင်လေးတွေ
ပန်းလေးတွေစိုက်ပျိုးတာကိုဝါသနာပါတဲ့သူဆိုတာကို
ဒီမှာနေလာတဲ့အတောအတွင်းသတိထားမိတယ် သူအားတဲ့ခါဆို ခြံထဲကပန်းပင်တွေကြားမှာ တကုပ်ကုပ်နဲ့လုပ်နေတာတွေ့တယ်လေ
ခုလဲကျောင်းအားရက်ဆိုတော့ ထုံးစံအတိုင်း
ပန်းပင်တွေကြားမှာ ပြုံးပျော်နေလေရဲ့ လှမ်းကြည့်လိုက်တော့ ချာတိတ်လေးက
ပန်းပင်တွေကိုရေပိုက်နဲ့ရေဖြန်းပေးနေတာပါ သူအပင်တွေကို ရေဖြန်းတဲ့မျက်နှာလေးက အပြုံးလဲ့လဲ့လေးနဲ့ပေါ့ ကြည်နူးစိတ်လေးနဲ့
ဖြန်းနေတာမို့ ကြည်လင်နေပါတော့တယ်
ငေးကောင်းကောင်းနဲ့ငေးနေမိတာ ဟိုကောင်နှစ်ကောင်ရဲ့ကားက ခြံထဲဝင်လာမှပဲ အသိပြန်ကပ်တော့တယ် ကိုယ့်အဖြစ်ကို
ပြန်တွေးမိပြီး ပြုံးပြုံးလေးနဲ့ခေါင်းလေးခါမိရင်း
ထိုင်ရာမှ ထလိုက်တယ် ပြီးတော့
ဟိုနှစ်ကောင်ရဲ့ကားဆီလှမ်းသွားလိုက်တယ်

Wishကလဲ ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ သူချစ်တဲ့အပင်တွေကို ပြုစုပေးရင်း အပင်ရေဖြန်းနေခဲ့တာပါ မလှမ်းမကမ်းမှာ
သူလာထိုင်တာကို မျက်ဝန်းထောင့်ကနေ
ရိပ်ခနဲတွေ့လိုက်တယ် သူထိုင်ပြီး ကျွန်တော့်ဘက်ကိုကြည့်နေတယ်ဆိုတာကို
သူ့ကိုလှည့်မကြည့်ပါပဲနဲ့ စိတ်ထဲကအလိုလို
သိနေတယ်လေ ကျွန်တော်နဲ့မလှမ်းမကမ်းမှာထိုင်ပြီး ကြည့်နေတာကိုသိတည်းက ကျွန်တော့်ရင်ခုန်သံတွေ
မြန်လာလို့ သူ့ကိုမသိချင်ယောင်ဆောင်ကာ
ရေပဲဖြန်းနေလိုက်တယ် သူကဘာလို့များ
ဒီမှာလာထိုင်နေပါလိမ့် သိပ်မကြာပါဘူး ကားတစ်စီးဝင်လာတာတွေ့တယ် ကားပေါ်ကနေ
သူနဲ့ရွယ်တူ ယောက်ျားလေးနှစ်ယောက်
ဆင်းလာခဲ့တယ် သူကတော့ အဲ့ဒီဘက်ကို
ထလျှောက်သွားတာကိုတွေ့လိုက်တယ်
အော်...သူက သူတို့ကိုလာစောင့်နေတာကိုး
ငါကတော့ ဘုမသိဘမသိနဲ့ရင်ခုန်နေရသေးတယ် သေတော့မှာပဲ Wishတယောက် ကိုယ့်ကိုယ်ကိုကျိန်ဆဲလိုက်ပေမဲ့ သိချင်စိတ်ကြောင့် မသိမသာလေးနားစွင့်နေမိတယ်လေ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Donde viven las historias. Descúbrelo ahora