💙Final💚

1.6K 90 11
                                    

အခုဆိုချာတိတ်လေးတို့ရဲ့No Gender Collectionက
တော်တော်လေးအောင်မြင်လာလို့ ချာတိတ်လေးရဲ့
ရည်မှန်းချက်အတိုင်း ဆိုင်တဆိုင်ဖွင့်နိုင်ခဲ့ပြီလေ...
ပြီးတော့ ချာတိတ်လေးကလဲ နောက်ဆုံးနှစ်စာမေးပွဲကို
ဒီနေ့ပဲဖြေဆိုပြီးလို့ ကျွန်တော်သွားကြိုပြီး အင်းလျားကန်ဘောင်မှာ
ခဏလောက်ဝင်ထိုင်လိုက်ကြတယ်....ဒီနောက်ပိုင်း
အခုလိုအေးဆေးမတွေ့ရတာ ကြာနေပြီလေ

Two-ချာတိတ်တောင် စာမေးပွဲဖြေပြီးပြီနော်
ကိုယ်လဲနောက်တနှစ်ဆို ကျောင်းပြီးပြီ ကိုယ်တို့လက်ထပ်ကြရအောင်နော်

Wish-အင်း..ကိုကြီးသဘောလေ ကျွန်တော်လည်းကိုကြီးနဲ့
အတူတူနေချင်ပြီ

Two-ကိုယ်ကတောင်ပိုပြီးနေချင်သေး အခုတောင်နေချင်ပြီ

Wish-အကဲပိုမနေပါနဲ့နော် ဟွန့် ဟိုအရင်တခါဒီကိုလာတုန်းက
ကျွန်တော့်ကိုစိတ်ဆိုးပြီးအော်တာကို သတိရသွားပြီ

Two-ဟာကွာ..အဲ့ဒီက အရမ်းတောင်ကြာနေပြီလေကွာ ဟဲဟဲ

Wish-ကြာနေပေမဲ့ ခေါင်းထဲဝင်လာသေးတယ်
မင်္ဂလာဆောင်ပြီးလို့ အဲ့ဒီလိုထပ်အော်လို့ကတော့
ကိုကြီးကိုပစ်ပြီး လုံးဝမတွေ့အောင်ပုန်းနေလိုက်မယ် ဘာမှတ်

Two-အမလေးဗျာ..ခြိမ်းခြောက်တာကြီးကလဲ ကြောက်စရာကြီး
မအော်ပါဘူး ချာတိတ်ရာ အဲ့တုန်းတည်းက ကတိပေးထားသားပဲ
အခုနောက်ပိုင်းရော ကိုယ်ဘယ်မှာအော်လို့လဲ ဟဲဟဲ
ထားတော့မထားသွားပါနဲ့ကွာ ကိုယ်သေလိမ့်မယ်ချာတိတ်ရ

Wish-ကိုယ့်စကားကိုယ်မှတ်ထားနော် ဟွန့်

Two-မှတ်ထားပါ့မယ် မှတ်ထားပါ့မယ် ချာတိတ်ကို
လုံးဝမအော်တော့ပါဘူး စိတ်ချပါ ကတိ ကတိ

Wish-အင်း..ပြီးရော... အဲ့ဒါဆို ရေခဲမုန့်ဝယ်ကျွေး

Two-ဟောဗျာ...ဘာမှလဲမဆိုင်ဘူးရော..ဟား...

Wish-ဘာလဲ လိုက်မကျွေးဘူးလား ငြိုငြင်တာလား

Two-ဟား...မကျွေးဘူးလို့ပြောမိလို့လား ဒီနေ့ကျမှ
ဘာလို့အရင်ကလိုဂျစ်ကျနေရတာတုန်း ဟားးး....

Wish-မသိဘူးဗျာ...လိုက်ကျွေး.....ဒါပဲ

Two-ကဲဗျာ..အဲ့ဒါဆိုလဲသွားကြစို့ သွားကြစို့

You've reached the end of published parts.

⏰ Last updated: Sep 15, 2020 ⏰

Add this story to your Library to get notified about new parts!

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now