1) Silent RS

8.2K 798 239
                                    


Unicode>

ကျောင်းတတ်ရန် မိနစ်အတော်များများလိုနေသေးသည်ကြောင့်
အထက်တန်း ဒုတိယနှစ် တန်းခွဲ A တွင် တော့
ကျောင်းသားအနည်းငယ်သာ ရောက်ရှိကြသေးသည်။

စောရောက်နေကျဖြစ်သည့်
အတန်းခေါင်းဆောင်Jiminကတော့
သူ၏နေရာရှေ့ဆုံးတန်း အလယ်ခုံတွင်ထိုင်၍
အတန်းပိုင်ခိုင်းထားသော စာရင်းများတွက်ချက်ရင်း
အလုပ်ရှုပ်လျက်ရှိသည်။

သူနောက်တွင်တော့
ကျောင်းသူနှစ်ယောက် စာဆွေးနွေးကြသည်။
တန်းခွဲအေ သည်
စာတော်သောကျောင်းသားကျောင်းသူများရှိသောအခန်းဖြစ်တာကြောင့်
ကျောင်းမတက်သေးသောအချိန်များတွင်လည်း ဆူညံနေခြင်းမရှိ။
အားလုံးကသူတို့လေ့လာစရာ သင်ခန်းစာများကိုသာ
အာရုံစိုက်နေကြသည်။

အတန်း၏ထောင့်နောက်ဆုံးခုံတွင် လက်ပေါ်ခေါင်းတင်ကာအိပ်မောကျနေသော
သူတစ်ယောက်ကလွဲ၍ပေါ့လေ။

🐥🐥🐥🐥

**အတန်းခေါင်းဆောင် ဘာဖြစ်လို့လဲ ဆရာမကခေါ်ပြီးဘာပြောလိုက်လို့လဲ**

နေ့ခင်းထမင်းစားဆင်းချိန်တွင် တစ်ယောက်တည်းငူငူငိုင်ငိုင်ထိုင်နေသော
Jiminကို အတန်းသားတစ်ယောက်ကထူးဆန်းနေသလိုမေးလိုက်ခြင်းဖြစ်သည်။
ဟုတ်တာပေါ့ အမြဲအပြုံးအေးအေးလေးနှင့် တက်တက်ကြွကြွနေတတ်တဲ့သူက
ငိုင်နေတော့ထူးဆန်းတာပေါ့။
သူ့လိုအမြဲ သူများကိုကူညီဖို့အသင့်ရှိနေတတ်တဲ့ တက်ကြွတဲ့ကောင်လေးကလေ။

**ငါတစ်ယောက်ယောက်ကို နှစ်ဝက်စာမေးပွဲအတွက် စာကူလုပ်ပေးရမယ်တဲ့**

**သြော် အဲ့ဒါ ဘာဖြစ်လို့လဲ အရင်ကလည်း ကူပေးနေကျပဲလေ Jiminက စာတော်တာတင်မဟုတ် စာသင်တာလည်းကောင်းလို့ ငါတို့တွေ စာနားမလည်လည်း ရှင်းပြနေကျပဲကို**

**အင်း ဟုတ်ပါတယ် ဒါပေမဲ့. ငါသင်ပေးရမှာကလေ Min Yoongi အကို ကိုတဲ့**

**ဟမ်!!!**

Jiminတစ်ယောက်စိတ်နဲ့လူနဲ့မကပ်သည်မှာလည်း
အဆန်း မဟုတ်တော့။

USS Enterprise ဆိုတဲ့
ယောကျာ်းလေးသီးသန့်အထက်တန်းကျောင်းရဲ့
နတ်ဆိုးဟု အမည်ကျော်ကြားထင်ရှားကျော်ဇောသူ
Min Yoongiဟူသော
လူမိုက်အကိုကြီးကို သင်ပေး ရမည်ဆိုတော့ ဖြစ်သင့်ပါတယ်လေ... ။

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now