12) Class Leader 's Official Boyfriend

4.1K 516 50
                                    

[ Unicode ]

Verona မှာရော Romeမှာပါ အပြည့်အဝ
သုံးရက်လောက်လျှောက်လည်ပြီးနောက် မှာမှ
နှစ်ယောက်သားပြန်လာခဲ့ကြသည်။

တစ်ချက်လေးမှကြိုမပြောဘဲ
ရုတ်တရက် ကြီးသွားလိုက်တာကြောင့်
နှစ်ဖက်မိဘတွေရဲ့ဆူပူခြင်းကိုနှစ်ယောက်သား
ခံလိုက်ရသေးသည်။

ကျောင်းပြန်တက်သည့်အခါ Yoongiကတော့
Jiminရဲ့ လက်ကို ကိုင်ပြီးမလွှတ်တော့သည်မှာ
ကျောင်းပေါက်ဝကနေ အတန်းထဲဝင်တဲ့အထိပင်။

Jimin ချစ်သူရှိသွားပြီဆိုတာ
မယုံသေးဘူးဆိုတဲ့ ကောင်လေးတွေရော
ကောင်မလေးတွေရော
အခုတော့လက်ခံသွားရပြီ။

သူတို့မှာငေးကြည့်နေရုံပဲ တတ်နိုင်ရှာတော့သည်။

Jiminရဲ့ လက်ကို ဆွဲကိုင်ရင်း
ကောင်းကင်ပေါ်ရောက်တော့မည့် ခြေလှမ်းများနှင့်
မြောက်မြောက်ကြွ လျှောက်နေသည်မှာ
အလှလေးအား သိမ်းပိုက်ပြီး အောင်ပွဲခံလာသည့်
စစ်နိုင်လာသော ဘုရင်ကြီးကဲ့သို့ပင်။

အခုအားလုံး သိကြစေ
Park Jiminက ငါ့အပိုင်ပဲ... ။

Yoongiတစ်ယောက်အတန်းထဲရောက်သည်နှင့် တက်ကြွစွာထိုင်ရင်း
အနောက်သို့ လှည့်ပြီးခုံကို  လက်နဲ့ခေါက် ကာခေါ်သည်။

**ဟိုတစ်ယောက် **

နောက်ခုံဒုတိယတန်းတွင် ထိုင်နေသော Min Wooက
အလန့်တကြားထူးရှာသည်။

**ဗျာ ဘာဖြစ်လို့လဲ အကို Yoongi**

ပထမတခါတုန်းကတော့ အတန်းခေါင်းဆောင် နှင့်
Silentတွဲနေတာဟုရုတ်တရပ်ကြီးလာပြောပြီး နေရာ လာလုလို့ဖယ်ပေး လိုက်ရသည်။
ခုလည်းခေါ်ပြန်ပြီ။

**ငါနဲ့ Jimin က Official တွဲနေကြပြီသိလား official couple တွေ ကွ လက်စွပ်လည်းဆင်တူဝတ်ထားတယ် **

အတန်းခေါင်းဆောင် နဲ့လက်တွဲထားတာကို
မြှောက်ပြရင်း ပြုံးဖြီးဖြီး ပြောလာတဲ့ တစ်ယောက်ကို ကြည့်ရင်း တခဏလောက်တော့Min Woo ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

**အဲ့ဒါ ကျွန်တော် ဒီတစ်ခါ နောက်တန်းထပ်ဆင်းပေးရဦးမှာလားဟင်**

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now