14 ) Ending

5.8K 478 18
                                    


#U

ကျောင်းသားဝတ်စုံဆင်တူနှင့်
ငယ်ရွယ်သောကောင်လေးနှစ်ယောက်...

တီရှပ်ဆင်တူနှင့်
လွတ်လပ် ပေါ့ပါးသော လူငယ်လေးနှစ်ယောက်...

အနောက်တိုင်းဝတ်စုံ ကိုယ်စီဖြင့်
ပိုပြီးရင့်ကျက်လာသောဟန်ဖြင့် သူတို့နှစ်ယောက်....

စားပွဲပေါ်တွင်အစီအရီတင်ထားသော ဓာတ်ပုံများ....

အချိန်...
နေရာ....
နောက်ခံမြင်ကွင်း....
အသီးသီးပြောင်းလဲသွားပေမဲ့

မပြောင်းလဲခဲ့သော အပြုံးများ...
တစ်နည်းအားဖြင့် အတူရှိခြင်း၏ ပြည့်စုံမှု....
သို့မဟုတ်
တစ်ဦးအပေါ်တစ်ဦး ထားရှိသော ချစ်ခြင်းတရား.... ။

မနက်ခင်း နိုးလာသည်နှင့်
Jimin မြင်ရသည်က သူနှင့် Yoongiရဲ့ စုံတွဲ ပုံ များ
နှင့် .. နှုတ်ခမ်း ပါးပါးတို့ ကပုံဖော် သည့်
ချစ်စရာ အပြုံးနဲ့ လူတစ်ယောက်၏ပုံရိပ် ... ။

ထိုဓာတ်ပုံရိုက်စဥ်
ခပ်တည်တည်နေရင်း Cool guy
ဟန်ဆောင်ချင်ပေမဲ့
Jimin ရဲ့ မျက်နှာပြောင်မှုတွေကြောင့်
ရယ်ရင်းနှင့် ချစ်စရာကောင်းသွားတဲ့ပုံဖြစ်သွားလို့
အလိုမကျဖြစ်ခဲ့သေးသည့် Yoongi hyung...

ပြန်တွေးမိရင်း အပြံးနုနုတို့ဖြစ်တည်သွားရသည်။

ဒါက မရေမတွက်နိုင်တဲ့မနက်ခင်းတိုင်းမှာ
အိပ်ရာနိုးနိုးချင်း
အဝါနုရောင်မှန်ဘောင်လေးနှင့်ကွပ်ထားတဲ့ပုံကို
ကြည့်လိုက်မိတိုင်း
Jiminကို ပြုံးရယ် စေတဲ့ အမှတ်တရလေးတခုပါ... ။

အိပ်ရာပေါ်ကမထခင်
အကျင့်ပါနေကျ အတိုင်းဖုန်းကိုကြည့်လိုက်မိသေးတယ်။
Good morning ဆိုတဲ့ message တော့မဟုတ်ဘူး
ညနေကျအလုပ်ဆင်းရင် တွေ့မယ်နော်တဲ့.... ။

ရူးကြောင်ကြောင် Good morning ဆိုတဲ့
စကားထက်
မင်းနဲ့ညနေခင်းမှာတွေ့ဖို့
မနက်ထဲကတောင်မျှော်လင့်နေပါတယ်ဆိုတဲ့စကား
ကပို ရင်ခုန်ဖို့ကောင်းတယ်ဆိုတာ သိလား ။

နှိုးစက်တို့ဖုန်းတို့ဘေးနားရှိသားနဲ့
တစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်နိုးတာထက်
ဒီနေ့ သူမနက်စာဘာစားချင်မလဲခန့်မှန်းရင်း
ဖုန်းဆက်မှာပေးတာမျိုးက
ပို ပြီး အဓိပ္ပာယ် ရှိစွာ romantic ဖြစ်စေတယ်ဆိုတာ မင်းတို့ မသိဘူးမလား ။

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now