9) Yes, I love You too

4.4K 533 64
                                    


Unicode >

**Yoongi ရေ Yoongi **

မနက်စောစော ကျောင်းရောက်လာကာ
လန်းဆန်းတက်ကြွမှုမရှိ အတန်းထဲတွင်ထိုင်နေသော သူ တစ်‌ယောက်ဆီသို့ တက်ကြွစွာအော်ဟစ်ရင်း Namjoon အနားမှာ ဝင်ထိုင်လိုက်သည်။

**ဘာလဲကွာ**

**ငါပြောစရာရှိလို့**

**ဘာလဲ မင်းရည်းစားနဲ့ ပြတ်သွားပြီတဲ့လား**

**Yahh! Min Yoongi! မဟုတ်ပါဘူး ဘာတွေပြောနေတာ ဘာလို့ ပြတ်ရမှာ **

**ဒါဆို ဘာလဲ ငါစိတ်မကြည်ဘူးနော် မြန်မြန်ပြော**

**ငါသိတယ်လေ မင်းစိတ်မပျော်မှန်း သိလို့ လာတာပေါ့ ငါနဲ့အိမ်လိုက်ခဲ့စမ်းပါ ကျောင်းလစ်ရအောင်**

**Jiminက.. **

**Jimin ကဘာလဲ မင်းစောင့်နေတာ တစ်ပတ်ကျော်ပြီလေ အဲ့ကောင်လေး လာမှမလာတာ ကျောင်းမတက်ဘူးဆို လာပါ ငါနဲ့လိုက်ခဲ့**

**အေးကွာ **

**ငါကမင်းကို တစ်ယောက်တည်းဝမ်းနည်းနေတာ ငြိမ်နေတာမျိုး မ ဖြစ်စေချင်လို့ပါ **

**ငါဘယ်တုန်းက ငြိမ်မနေလို့လဲ အပိုတွေ**

စိတ်ရှုပ်တဲ့ဟန်နှင့် ပြောပြီး အရှေ့မှအရင်ထွက်သွားတဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း
Namjoon ပြောမထွက်နိုင်..
အရင်က ငြိမ်ပြီး အေးဆေးနေတာဆိုပေမဲ့
အခုက ပုံမှန်ထက်ပိုတဲ့ တိတ်ဆိတ်ခြင်း မျိုးနဲ့ဖြစ်နေတာ ...
စိတ်ဓာက်ကျနေသလို.. ထိုင်းမှိုင်းနေတဲ့ အမူအရာ...
ဖျော့တော့နေတဲ့ မျက်ဝန်းတွေနဲ့လေ...
အသည်းကွဲ တယ်ဆိုတာ... ဒီလိုများလား...
သူတော့ မသိဘူး... မခံစားဘူးပါ...

ဘာလို့ဆို.... ကျွန်တော်ကတော့
Kim Seokjinဆိုတဲ့ ကျွန်တော့်ကိုကြီး နဲ့
သိပ်ကိုအဆင်ပြေနေတာမို့လိုပေါ့
ကျွန်တော့်ကိုကြီး ကအရမ်းချောတာ
အရမ်းလည်းကြည့်ကောင်းတယ်
တခါတရံ ကလေးလေးလိုချွဲရင်လည်း သိပ်ချစ်ဖို့ကောင်းတာ...
အဟမ်း ဒါက ကြော်ငြာ ဝင်တာ
ခင်ဗျားလေးတို့မှာရော အဲ့လိုကိုကြီးရှိလားပြော...

မရှိဘူးမလား ထားလိုက်ပါ...
Yoongiအကြောင်းဆက်မယ်...

သူတစ်ယောက်ထဲ ကျောင်းကိုမပျက်မကွက်လာ
Jiminဆိုတဲ့ကောင်လေးကိုစောင့်...
ဝမ်းနည်းနေတာမျိုးမဖြစ်ဖို့
သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျွန်တော်က
အဖော်ပြုပေးဖို့ပါ.. ။

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now