2) A Shy kiss thief

6K 712 105
                                    

Unicode>

ဘေးတွင်ထိုင်နေသော Yoongiအား
နှုတ်ခမ်းဆူပြီး ပေစောင်းစောင်းကြည့်လိုက်
Yoongi ကကြည့်လာလျှင်.. တဖက်ကိုလှည့်ပြီး
မသိချင်ယောင်ဆောင်လိုက်နှင့် စာတွင် စိတ်မဝင်စားနိုင်ဖြစ်နေသော Jiminလေး...

ဒီ Hyung ကတော့ တစ်ကယ်ပဲ...
သူပဲ... ကတိပေးထားပြီးတော့..
ပြောတုန်းကတော့ တ စက္ကန့် လေးတောင်မစဉ်းစား. အင်း.. ဆိုပြီး.. ခုတော့
တစ်ကျောင်းလုံးသိကုန်တော့မှာပဲ...

ငါ က Straight ပါ Sorry ပဲ ဆိုပြီး
ငြင်းထားသမျှ အတန်းထဲကကောင်လေးတွေကိုရော
စီနီယာတန်းကအကိုကြီးတွေရော
အငယ်တန်းက ကောင်လေးတွေကိုရော ဘယ်လိုလုပ်မလဲ
သူတို့ရှေ့မှာ ဖြတ်တောင်မလျှောက်ရဲတော့ဘူး... တစ်ကယ်ပဲ
ဟိုဘက်ကျောင်းကမိန်းကလေးတွေကျ Oppaကစာပဲ စိတ်ဝင်စားတယ်ဆိုပြီး
ပြောထားတာလေ... ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး. ။

မတတ်နိုင်ဘူး နှစ်ဝက်စာမေးပွဲမပြီးခင်အထိတော့
သည်းခံရဦးမှာပေါ့လေ.... ..
ဆရာမက အကူအညီ တောင်းလို့ ပါနော်
ပြီးရင် let's Break Up ပဲ.. ဟွန့်....

ထိုကောင်လေး၏အတွေးကိုသာ ကြားခဲ့လျှင်
Yoongi တစ်ယောက် မည်သို့များ တုံ့ပြန်လာလိမ့်မလဲနော်....

နွေဦးရာသီရဲ့ နွေးထွေးမှုကြောင့်
ပန်းကလေးတွေ လှပစွာဖူးပွင့်တယ်.... ။
Park Jiminရဲ့ အပြုံးနွေးနွေး.. တို့ကြောင့်
ကျွန်တော် ရဲ့ပျော်ရွှင်မှုတို့ဖြစ်တည်တယ်.... ။

မဆိုင်လိုက်တာလို့ ပြောရဲလား...
ကျွန်တော့် ရှေ့က အပြုံးနွေးနွေးလေးတွေ နဲ့ တောက်ပနေတဲ့
ကောင်ကလေးကို မမြင်ရဘဲနဲ့လေ.... ။

**Yoongi Hyung ကျွန်တော်ပြောတာလေး နားထောင်နေလားဟင် **

**ဟမ် ဘာပြောလိုက်တာ**

**အာ သင်္ချာ ရှင်းပြနေတာလေဗျာ**

**sorry မင်းရယ်နေတာလေးကို လိုက်ကြည့်နေမိလို့ မသိလိုက်ဘူး**

သူ့ရဲ့အဖြေကြောင့် Jiminက
ပေါက်ကရတွေပြောနေတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။

** စာပဲကြည့်ပါဆို**

**မရဘူးလေ ကြည့်မိနေတာကို**

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now