6 ) Cotton candy couple in the park

4.5K 623 127
                                    

Unicode>

ပိတ်ရက်မို့အတော်အသင့်လူစည်ကားနေသော
Seoulမြို့ရဲ့ပန်းခြံတစ်ခု...

စိမ်းရောင်ခြယ်မြက်ခင်းကော်ဇောထက်
ဟိုဒီဝိုင်းဖွဲ့ပျော်ပွဲစားထွက်နေသောမိသားစုများ ၊ ပြေးလွှားဆော့ကစားနေသောကလေးငယ်များနှင့် သာယာသောအခြေအနေအတိဖြစ်နေသော ပတ်ဝန်းကျင်နှင့် နေ့လည်ခင်း..

ပန်းခြံ၏တစ်နေရာ
အရိပ်ကောင်းကောင်းရသော ထုထည် ကြီးမားသည့် သစ်ပင်ကြီးအောက်တွင်တော့
ခပ်ငယ်ငယ်သက်တူရွယ်တူကောင်လေးနှစ်ယောက်

မိသားစုများ၊ ချစ်သူစုံတွဲများ သာအများစုလာလေ့ရှိသောကြောင့်
ရွယ်တူကောင်လေးနှစ်ယောက်အတူရှိနေသည့်မြင်ကွင်းက
သမားရိုးကျ မြင်ကွင်း မဟုတ်ခဲ့သော်လည်း
အပြုံးချင်းထပ်တူကျနေသောထိုကောင်လေးနှစ်ယောက်ရဲ့ လိုက်ဖက်နေမှုကတော့
ပုံမှန်စုံတွဲများထက်ပင် လိုက်ဖက်မှုတို့ အတိုင်းထက်လွန်ဖြစ်နေခဲ့သည်ကတော့
မြင်ရသမျှ လူတိုင်း ငြင်းနိုင်မည်မဟုတ်ပါ။

လူအများစိတ်ဝင်စားနေတဲ့ကောင်လေးနှစ်ယောက်သည်ကား
ပတ်ဝန်းကျင်ကို သတိမပြုမိဘဲ
တစ်ယောက်ကိုတစ်ယောက်သာ အာရုံရောက်ရင်းအလုပ်များနေခဲ့သည်။

အဝါနုရောင်အခင်း ပေါ်တွင် ခြေပစ်လက်ပစ်လှဲအိပ်နေသော Yoongiကို
စာကျက်ဖို့ အတင်းစည်းရုံးနေရသောJiminမှာ အတော်မောလှပြီ။
စာကျက်ဖို့လာမယ်ပြောသော်လည်းရောက်ကတည်းက
စာအုပ်ကိုတစ်ချက်လေးတောင်စောင်းငဲ့မကြည့်ဘဲ အပျင်းကြီးနေသောထိုလူသားကို
Jiminတစ်ချက်လောက်တော့နာနာလေးရိုက်ပစ်ချင်သည်...
တစ်ကယ်မရိုက်ရဲလို့သာပေါ့...

**Yoongi Hyung စာကျက်ပါတော့ဆို.. **

**ဟင့်အင်း **

**စာမကျက်ဘဲ ဘာလုပ်ဖို့လာလဲ**

**စာကျက်ရတာမုန်းတယ် သင်္ချာ တွက်ရတာတော့ပိုမုန်းတယ် မလုပ်ဘူးကွာ**

**စာမေးပွဲ နီးနေပြီဗျ အထက်တန်းနောက်ဆုံးနှစ်ပဲရောက်တော့မယ် စာသေချာလုပ်ရတော့မှာပေါ့  အဲ့တာမှ တက္ကသိုလ် ကောင်းကောင်းလဲတက်ရမှာ**

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now