3) Our class scary Snow White Princess

5.3K 666 132
                                    

Unicode>

နောက်တစ်နေ့မနက်ခင်း တွင် တော့
အအိပ်မက်သောJiminလေးတစ်ယောက် စောစောစီးစီး အိပ်ရာထကာ
ကျောင်းသွားဖို့အသင့်ပြင်ရသည်။

သူ၏ ချစ်ကြောက်ရိုသေရပါသော ချစ်သူ ကိုကို Min Yoongiက
လာကြိုပြီး ကျောင်းအတူသွားမည်ဆိုသောကြောင့်ပေါ့... ။

Jiminအိမ်နှင့်ကျောင်းသည် မဝေးပါ။
စက်ဘီးနှင့်သွားလျှင်ရနိုင်သော် အကွာအဝေးရှိသော်လည်း
အတန်းခေါင်းဆောင်တာဝန်အရ
မနက် စောစော ကျောင်းရောက်ရန်ကတစ်ကြောင်း
သူကိုယ်တိုင်က  အိပ်ချိန်နည်းနည်းလေးပိုရရန်တစ်ကြောင်း ကြောင့်
အိမ်မှ ကားဖြင့် လိုက်ပို့ပေးရသည်။

ယနေ့တော့ Yoongiက စက်ဘီးနှင့်လာခေါ်မည်ဆိုသောကြောင့်
စောစောစီးစီး ထနေရခြင်းပေါ့. ။
နောက်ကျရင် ဆဲခံရမှာလည်းကြောက်သည်လေ....

Yoongi hyungက သူ့မျက်စိနဲ့အချိုးမပြေတဲ့သူဆို
ဆဲတတ်တာ...
သူ့ရဲ့ Boyfriend ကိုတော့ မဆဲလောက်ဘူးမလား...
ပြောမရဘူးရယ်.....လူမိုက်အစ်ကိုကြီးပါဆို

သူမြန်မြန်ပြင်ဆင်ပြီး အိမ်ရှေ့ထွက်လာခဲ့တော့
Yoongiက ရောက်နေခဲ့ပြီ.. ။

**ရောက်တာကြာပြီလား ဟင် **

**မင်းကို စောင့်နေရတာပဲ ဘယ်လောက်စောင့်ရ စောင့်ရပေါ့**

**ဟုတ် 😊**

**မနက်စာရော စားလာခဲ့လား**

**ဟင့်အင်း ကျွန်တော်က မနက်စာစားနေကျမဟုတ်တော့**

**မနက်စာစားရတယ် ဒါကြောင့် မင်းက သေးကွေးနေတာ **

**Hyungကျတော့ရော သူလဲသေးတာပဲကို နည်းနည်းလေးပိုရှည်တာကိုများ**

**ဘာပြောတယ်**

**အဲ ဘာမှမဟုတ်ဘူး သွားမယ် ဟီး ကျောင်းနောက်ကျနေမယ် **

သူ့ကိုသေးတယ်ပြောမိတာနဲ့
ချက်ချင်းပြန်ပြောတော့တာပဲ ငစွာလေး.. ချစ်ဖို့ကောင်းတာကွာ..

**နေဦး စည်းကမ်းချက်တွေပြောမယ်**

**ဟင် ဘာကိုလဲ စက်ဘီးလိုက်စီးခွင့်ရဖို့ စည်းကမ်းကလိုက်နာရဦးမှာလား**

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now