4 ) [x]

5K 631 120
                                    

Unicode>

**အစိုးရက စီးပွားရေးလုပ်ငန်းတွေနဲ့ပက်သက်တဲ့အကောက်ခွန်တိုးကောက်ဖို့ပြင်နေတယ်တဲ့ ဒီကိစ္စက လုပ်ငန်းရှင်တွေကိုတော်တော်ဂယက်ရိုက်စေနိုင်တယ်ကွ**

စီးပွားရေးသတင်းစာကို လက်ကချရင်း
ပြောလာသော Kim Namjoon
တက္ကသိုလ်မှာစီးပွားရေးမေဂျာ ရဖို့ ရည်မှန်းချက် ထားကာ ကြိုးစားနေသော
နောက်ဆုံး နှစ် အထက်တန်းကျောင်းသားကြီးဖြစ်သောသူ
Min Yoongi၏တစ်ဦးတည်းသော သူငယ်ချင်းအရင်းကြီးဖြစ်လေသည်။

**အင်းငါလည်း အခွန်ခတွေတိုးဆောင်ရင်ကောင်းမလား **

**ဟမ် ဘာအခွန်လဲ **

**နေ့တိုင်းအလင်းရောင်ပေးတဲ့အတွက် တာဝန်သိသိနဲ့ ကိုယ့်ဘာသာဆောင်ချင်လို့ဆောင်တဲ့အခွန်**

**လျှပ်စစ်ခွန်? အစိုးရကို?**

**တောက်ပတဲ့အပြုံးတွေ စွန့်ကြဲပေးလို့ကျေးဇူးတင်တဲ့အခွန် . Park Jimin ကို .**

Namjoonက နားမလည်တဲ့အကြည့်နဲ့ကြည့်တော့
Yoongiကဆက်ပြောသည်။

**မင်းသိလား ပျင်းဖို့ကောင်းပြီး ငြီးငွေ့စရာတွေနဲ့ပြည့်နှက်နေတဲ့ ငါ့ရဲ့မှောင်မိုက်နေတဲ့ ကမ္ဘာကြီးကို Park Jiminဆိုတဲ့ကောင်လေးက အပြုံးလေးတစ်ချက် နဲ့တင် လင်းလက်စေခဲ့တာ...အခုဆို သူကငါနဲ့အတူရှိနေပြီး နေ့တိုင်းတောက်တောက်ပပရယ်မောရင်းအလင်းပေးနေတယ်မင်းပြောကြည့် ဘယ်လောက်သဘောကောင်းတဲ့ကောင်လေးလဲငါ့နှလုံးသားကပြောနေတယ်ကွ တာဝန်သိသိနဲ့ အခွန်ဆောင်သင့်တယ်တဲ့ ဒါကြောင့် Park Jiminကိုအခွန်ဆောင်ရမှာ လေ**

ရှည်လျားလှသော Yoongiရဲ့ ရှင်းပြစကားသံအဆုံးမှာတော့
Namjoonတစ်ယောက် မူးဝေသွားရပြီ။
တစ်ကယ် သူ့တစ်သက်မှာ Min Yoongiနဲ့ပေါင်းလာတဲ့သက်တမ်းတစ်လျှောက်လုံးမှာ Yoongiဆိုတဲ့ကောင် စကားအရှည်ကြီးပြောတာ ဒီတခါပဲရှိဖူးတာ
ပြီးတော့လည်း နားထောင်ကြည့်ကြပါဦး
ပျားရည်ဆမ်းပြီး သကြားမှုန့်ထပ်ဆင့်ဖြူးထားတဲ့ အချိုကဲကဲ စကားတွေ..
တစ်ကိုယ်လုံးရွစိတက်လာပြီ ပုရွက်ဆိတ်တွေများရောက်လာပြီလား....

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now