13 ) Too much PDA

3.9K 464 27
                                    

PDA - public display of affection

# U

Min Yoongiiii!!!!**

**ဘာလဲ babeရဲ့**

**ပြောလို့ **

**ဘာပြောရမှာလဲ **

**အဲ့အသားဖြူဖြူခပ်ချောချော noona ကဘယ်သူလဲဆို **

**ပြောပြီးသားလေ babe သိပြီးသားမလား Namjoon ကိုမေးထားတယ်ဆို **

**အာ့ဆို Namjoon Hyung ပြောတာအမှန်တွေပဲပေါ့**

**အင်းပေါ့ **

နှုတ်ခမ်းလုံးလုံးထူထူလေးတွေ စူထော်ကာ
အရမ်းကို သဝန်တိုနေတဲ့ Jimin ရဲ့ ပုံစံ က Yoongiကို ပျော်ရွှင်စေသည်။
အသည်းယားစရာကောင်းလိုက်တဲ့
သဝန်တိုနေတဲ့ကလေးလေး ။

မနက်ခင်း ကျောင်းရှေ့မှာ သူ့ကို ကျောင်းလာပို့တဲ့
Da Young noona ကို မြင်ပြီးနောက်
တစ်စုံတစ်ယောက်ကတော့ ဒေါသထွက်နေခဲ့တာ ။

ကျောင်းရှေ့ကနေ အတန်းထဲသွားရာလမ်းထိ
ဘာမှမပြောဘဲ
မျက်နှာထားတင်းတင်းနဲ့ရှိနေပြီး
အတန်းထဲက ခုံတွင် ထိုင်ပြီးသားမှသာ
မေးခွန်းတွေ တခုပြီးတစ်ခုမေးနေတော့တာပင်။

မှန်မှန်ပြောရင် ပြော မပြောရင် အသေသတ်ပစ်မယ်ဆိုသည့် အကြည့်တွေနှင့် ကြည့်ခံရလေ
Yoongi ကတော့ ပိုပြီး ရယ်ချင်ကာ
စနောက်ချင်လေဖြစ်သည်။

**မရဘူး သေချာပြော သူနဲ့ Hyungကဘာလဲ လို့ သူကHyung အချစ်ဆုံးအဒေါ်နဲ့ရင်းနှီးတယ်လည်းပြောတယ် hyung ommaနဲ့ရော ရင်းနှီးတာပဲလား**

**အင်းပေါ့ ရင်းနှီးတာပဲပေါ့  Hyungနဲ့ကလည်းအရမ်းရင်းနှီးတာပဲ  အာ အဘိုးကဆို သူ့ကို အရမ်းချစ်တာ **

**တော်ပြီ Hyungနဲ့ စကားမပြောတော့ဘူး**

ပြောပြီးသည်နှင့် တခြားတစ်ဖက်ကို လှည့်သွားတော့သည်။
ရောက်ကတည်းက ဝုန်းဒိုင်းကြဲ နေသော Jiminကြောင့် အတန်းထဲကသူတွေလည်း
စိတ်ဝင်တစားကြည့်နေကြသည်။

အတန်းခေါင်းဆောင်တို့အတွဲ ရန်ဖြစ်နေတာလား
မြင်ရခဲတယ် ကြည့်မှ
အမြဲ သူတို့အတွဲက romanticနေကြတာ
ငါတို့ single တွေ အားငယ်အောင်လုပ်နေကြတဲ့အတွဲ ရန်ဖြစ်နေကြပြီ ကောင်းလိုက်တာ .....

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now