🎀3🎀

18.6K 1.7K 68
                                    

(Zawgyi)

Yiboရေခဲမုန့်ဝယ်ပြီးပြန်လာတော့ စောင့်ခိုင်းထားတဲ့နေရာမှာ Xiao Zhanမရှိတော့တာကို မြင်ပြီး လန့်သွားရသည်။

"Zhan Ge!!!!!"

Yibo Xiao Zhanကိုကစားကွင်းတစ်ကွင်းလုံးနှံ့ အောင် လိုက်ရှာနေပေမဲ့ မတွေ့သေးတာကြောင့်ရင်ပူလာသည်..

Zhan Geရယ်ဘယ်သွားနေတာလဲ?? စိတ်ပူလိုက်တာဗျာ Zhan Geတစ်ခုခုဖြစ်ရင် ကျတော်သေမှာ...

ကျတော့်ကိုမသေစေချင်ရင် ဘာမှမဖြစ်ပါနဲ့နော်..

ဝယ်လာသောရေခဲမုန့်သည်လဲ ဘယ်မှာကျခဲ့မှန်းမသိတော့ပါ။

တစ်နေရာအရောက်မှာ မိန်းကလေးတစ်ယောက်နဲ့စကားပြောနေတဲ့ Xiao Zhanကိုမြင်လိုက်ရသဖြင့် Yibo စိတ်ပူနေရာမှ စိတ်တိုသွားပြီး
Xiao Zhanဆီအမြန်သွားလိုက်ကာ..

"Zhan Geဘာလုပ်နေတာလဲ??!!"

"ဝမ်....ဝမ်လေး"

Zhan Geဘာလို့ကျတော့်ကိုမြင်တော့လန့်သွားရတာလဲ ဟင့်အင် အဲ့လိုမဖြစ်ရဘူးလေ Zhan Geမှမဟုတ်တာ မလုပ်ထားတာမလန့်ပါနဲ့ ကျတေယ်ကြောက်လို့ပါ Zhan Geရယ်...

"သွားမယ် Zhan Ge!!"

"ဘယ်သူလဲ???"

ဘောက်ဆက်ဆက်မေးလာတဲ့ မိန်းကလေးကြောင့် Yiboလဲအဲ့မိန်းကလေးကိုကြည့်လိုက်ပြီး..

ခုနကစိတ်ပူနေတာနဲ့Zhan Geတစ်ယောက်ပဲကြည့်နေမိတာကို ကျတော်လဲ Zhan Geတစ်ယောက်ထဲပဲကြည့်တာမလို့ Zhan Geလဲကျတော့်ကို ပဲကြည့်ပေးပါ။

ခုမှသေချာကြည့်မိတယ်..

ပြင်ထားလိုက်တာများ နှုတ်ခမ်းနီကိုလဲရဲနေအောင်ဆိုးထားပြီး မိတ်ကပ်ကလဲခြစ်ချလို့ရလောက်တယ် သရဲမကြီးကျနေတာပဲ..

မျက်နှာဖြူပြီး နှုတ်ခမ်းနီ​နေတဲ့ သရဲမကြီးနဲ့တူတယ်။

အိစ်​ ရွံစရာကြီး...

"နှုတ်​ခမ်းကဓားရှလာတာလား??"

"ဘာကိုလဲ?"

"ခင်​ဗျား မျက်​နှာကိုလဲ ပြန်​ကြည့်​အုံး သရဲမကြီးကျ​နေတာပဲ အဲ့​လောက်​ထိပြင်​မ​နေပါနဲ့ဗျာ မလှတဲ့ရုပ်​က လှမလာတဲ့အပြင်​ သရဲမနဲ့ပါတူ​နေပြီ"

လူဆိုးလေးရဲ့ဒေါက်တာDär berättelser lever. Upptäck nu