🎀20🎀

10.3K 950 121
                                    

(Zawgyi)

"Wow ခုမှပဲစိတ်ထဲလန်းဆန်းသွားတော့တယ် မင်္ဂလာပါတရုတ်ပြည်ကြီးရေ ငါပြန်လာပြီ"

"အဲ့လောက်တောင်ပျော်တာလား?? နဲနဲပါးပါးလဲစိတ်လေးထိန်းဦး.. မပြောချင်ဘူး။"

"Qin lingရာ ငါဘယ်လောက်ပျော်နေလဲသိရက်နဲ့"

"Hkhk အေးပါကွာ ဘယ်မှာလဲမင်းကောင်လေး"

Xiao Zhanလဲ လေဆိပ်ထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ သူတို့နဲ့ မလှမ်းမကမ်းမှာရပ်နေတဲ့ Wang Yiboနဲ့Yubinကိုတွေ့တာကြောင့် အတောက်ပဆုံးပြုံးလိုက်ပြီး..

"သွားမယ် Qin ling"

Qin lingကတော့ Xiao Zhanနောက်ကြောင်တောင်တောင်နဲ့လိုက်သွားရသည်။

"ဟို ဒီက Wang Yiboတို့လားမသိဘူး"

Xiao Zhanအပြုံးလေးနဲ့ မသိချင်ယောင်ဆောင်ပြီး စကာမေးလိုက်ပေမဲ့ ပြန်ကြည့်လာတဲ့ Wang Yiboမျက်လုံးက သူ့ကိုခုမှတွေ့ဖူးတဲ့သူတစ်ယောက်လိုကြည့်နေ၍

"Geကိုမမှတ်မိဘူးလား Wangလေး!"

Yiboကမသိသလိုပုံနဲ့ ကြောင်ကြည့်နေတာကြောင့် Yubinကပဲကြားထဲက ဝင်ပြောလိုက်ရသည်..

"ပြန်တွေ့ရတာဝမ်းသာပါတယ် Xiao Zhan"

"Yubin Wangလေး...သူက"

"နောက်မှပြောကြတာပေါ့ Xiao Zhan"

Yubin Xiao Zhanစကားကိုဖြတ်ပြောလိုက်ပြီး ခေါင်းခါပြလိုက်တာကြောင့် Xiao Zhanကနားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ကြည့်လာတာကိုသိပေမဲ့ မသိချင်ယောင်ဆောင်လိုက်ကာ..

ဘာမှမသိတဲ့ လူတစ်ယောက်လိုရပ်နေတဲ့ Yiboကို..

"Yibo သူကXiao Zhanတဲ့ Geကို com.ကိုလာတဲ့သူဆိုတာ သူလေ"

"အာ...တွေ့ရတာဝမ်းသာပါတယ်ဗျ Wang Yiboပါ "

လက်ကမ်းပေးလာပြီး အပြုံးလေးနဲ့ နှုတ်ဆက်လာတဲ့ Yiboကိုနားမလည်နိုင်သလိုကြည့်ရင်း မျက်ရည်တွေဝဲလာတဲ့Xiao Zhanကြောင့် Qin lingကပဲ ကြားထဲက လက်ဆွဲနှုတ်ဆက်လိုက်သည်..

"တွေ့ရတာဝမ်းသာပါတယ် Qin Lingပါ"

Yiboကနှုတ်ဆက်ပြီး Yubinဘက်ကိုလှည့်ကာ တိုးတိုးလေးပြောလိုက်တဲ့စကားကြောင့် Yubinမျက်နှာပျက်သွားပေမဲ့ ပြန်ထိန်းလိုက်ကာ..

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now