🎀14🎀

12.3K 1.1K 82
                                    

(Zawgyi)

Xiao Zhanနေ့ခင်းဟိုလူကြီးphဆက်ပြီးထဲကဆိုဖာပေါ်မှာထိုင်နေတာခုချိန်ထိမရထသေး...

အတွေးတွေကလဲတောင်တွေးမြောက်တွေးဖြစ်နေပြီး Xiao Zhanပူံစံကဆံပင်တွေလဲရှုပ်ပွနေကာ မျက်နှာကလဲအတော်စိတ်ညစ်နေပုံပေါ်နေသည်။

"ငါဘာလုပ်သင့်လဲ အနည်းဆုံးတော့Yubinကိုပြောပြလိုက်တာကောင်းမယ်ထင်တယ်"

Xiao Zhanပြောမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီး ရှေ့ကစားပွဲပေါ်ကphကိုယူကာ ဆက်လိုက်တယ်..

တူ...

"Hello Xiao Zhanငါမင်းကိုမေးစရာရှိတယ်!!"

ဝင်တာနဲ့တန်းကိုင်လို့်အံ့သြနေတုန်းရှိသေး Yubinဆက်ပြောလာတဲ့အသံက တော်တော်စိတ်တိုနေတဲ့အသံဖြစ်နေတာကြောင့်..

"ဘာဖြစ်နေတာလဲ"

"ငါခုမင်းအိမ်လာနေတာရောက်တော့မယ်!!"

"ငါလဲမင်းကိုပြောစရာရှိလို့ လှမ်းခေါ်တာ"

"အေး ဒါပဲငါလာပြီ"

ကျသွားတဲ့phကိုကြည့်ပြီး..

"Yubin ဘာဖြစ်နေတာလဲ မဟုတ်မှသိသွားတာလား??"

၅မိနစ်လောက်ကြာတော့ဘဲလ်တီးလာ၍ Xiao Zhanတံခါးသွားဖွင့်ပေးလိုက်သည်..

"မင်းအဲ့တာတွေ ဘာလို့ငါ့ကိုမပြောတာလဲ!!??"

ဆိုဖာပေါ်ထိုင်ရင်းပြောလာတဲ့Yubinကြောင့် Xiao Zhanလဲမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီး..

"ဘာကိုလဲ??"

"မင်းဟိုအဘိုးကြီးကို အကြွေးတွေဆပ်ရမဲ့ကိစ္စလေ!!!"

Yubinအော်လိုက်တာကြောင့် Xiao Zhanကိုယ်လေးဆတ်ခဲနဲတုန်သွားတယ်..

"မင်း ဘယ်လိုသိတာလဲ??"

"အေးမင်းမပြောလို့ ငါဘာသာစူံစမ်းရတာလေ ငါ့ကိုပြောပါအုံး အဲ့တာဘယ်လိုဖြစ်တာလဲ??"

ဒေါသတကြီးပြောနေရင်းမှ တဖြည်းဖြည်းစိတ်လျှော့သွားပုံရတဲ့ Yubinကြောင့် Xiao Zhan သက်ပြင်းချလိုက်ပြီး...

"ငါဆေးကျောင်းတက်နေတုန်း ငါ့appaဆုံးသွားခဲ့တယ်ommaကတော့ငါငယ်ငယ်လေးထဲကမရှိတော့ဘူး။appaဆုံးသွားတော့ စီးပွားပျက်သွားတယ်။ငါကလဲအဲ့တာတွေသိပ်နားမလည်သေးတော့မသိခဲ့ဘူး။အဲ့ချိန်မှာ ငါကျောင်းတက်နေရင်းအားတဲ့အချိန် အလုပ်လုပ်ရင်း ကျောင်းစရိတ်အတွက် ပိုက်ဆံစုခဲ့တယ် ဒါပေမဲ့ငါ့appaရဲ့နောက်မိန်းမက ငါစုထားတဲ့ပိုက်ဆံတွေကို ယူသုံးပစ်တော့ ငါလဲငိုယိုပြီးပြန်တောင်းတာပေါ့ အဲ့ပိုက်ဆံတွေကငါ့အတွက်အရေးကြီးတယ်လေ။အဲ့မှာ ငါ့appaမိန်းမက ပြန်ပေးမယ်ဆိုပြီးထွက်သွားတာနောက်နေ့ကျတော့ ပိုက်ဆံတွေအများကြီးနဲ့ပြန်ရောက်လာတယ်။ငါလဲ ငါ့ကိစ္စမဟုတ်တော့ ငါ့ပိုက်ဆံပဲပြန်ယူပြီး သူ့ကိုမသိချင်ယောင်ဆောင်နေလိုက်ပေမဲ့ နောက်၂လနေတော့ အဲ့မိန်းမကြီးက ထွက်ပြေးသွားတယ်။သူထွက်ပြေးသွားတယ်လို့သတင်းကြားတော့ သူ့အကြွေးရှင် ZiYue Daddyရောက်လာပြီး ငါ့ကိုပြန်ဆက်ခိုင်းတယ် ငါလဲဆရာဝန်ဖြစ်ရင်ပြန်ဆပ်ပါ့မယ်လို့ တောင်းပန်တော့ZiYue Daddyကအချိန်၇နှစ်ပေးတယ်"

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now