🎀19🎀

10.4K 1K 128
                                    

(Zawgyi)

3years Later,

"Yibo မနက်ဖြန် နိုင်ငံခြားကဧည့်သည်လာမှာနော်"

ဆိုဖာပေါ်မှာထိုင်ကာ မုန့်တွေတစ်ခုပြီးတစ်ခုစားနေတဲ့ Yiboကိုကြည့်ပြီး Yubinပြောလိုက်ပေမဲ့  Yiboကတော့ သူ့ကိုတစ်ချက်တောင် မကြည်ပဲ.

"သိတယ်လေ.."

"သွားကြိုရမှာရော သိတယ်မလား??"

"သူကမလာတတ်ဘူးလား??"

"အေးမလာတတ်ဘူးတဲ့ကွ.."

"အဲ့ဆိုလဲ သွားကြိုရမှာပေါ့.."

ရွဲ့ပြောလိုက်ပေမဲ့ အဟုတ်မှတ်ပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေတဲ့ Yiboကြောင့် Yubinစိတ်ပျက်သလိုသာကြည့်နေလိုက်တော့သည်။

ခဏအကြာ...

"Yubin Ge"

"ဘာလဲ?!!"

"ရည်းစားလေးဘာလေးထားဖို့မစီစဉ်မရှိဘူးလား??"

"ဘာ!!! မထားပါဘူး။ ငါကလူပျိုကြီးလုပ်မှာကွ!!"

"မအော်ပါနဲ့ဗျ  ကျတော်သိပါတယ် Yubin Geကိုကြိုက်မဲ့သူမရှိလို့မလား?? .. အဲ့အတွက်တော့ မပူပါနဲ့ ကျတော် အောင်သွယ်ပေးမှာပေါ့ ကျတော့်မှာ သိတဲ့သူ အများကြီးရှိ..."

"Wang Yibo!!!!!"

အောင်မလေး အောင်မလေး သွေးတက်ပါပြီ။
၃နှစ်လုံး သူ့ကို အနစ်နာခံပြီး စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးမှ မထောက် အားနေရည်းစားထားပါ့လားပဲ လာပြောနေတယ်။အဲ့လိုပြောတိုင်း ကျတော်မကြိုက်မှန်း သိလို့သက်သက်စနေမှန်းသိတာကြောင့်..

"မထားဘူး!!!"

"မစွံရင် မစွံဘူးပေါ့"

"ဘာကွ!!"

လေသံတိုးတိုးလေးနဲ့ပြောလိုက်ပေမဲ့ ကျတော် ကြားသွားလို့ အော်လိုက်တော့လဲ လျှာထုတ်ပြလာပြီး မသိချင်အောင်ဆောင်သွားလေသည်..

Xiao Zhanရေ မင်းWangလေးကိုငါမနိုင်ဘူး..

အော်.. Xiao Zhanဆိုလို့် Xiao Zhanနဲ့ကျတော်အဆက်သွယ်မရတာ ၂နှစ်လောက်ရှိပြီ။ သူ့ဘက်က အဆက်သွယ်ဖြတ်သွားပေမဲ့ ကျတော် စိတ်မဆိုးပါဘူး သူလဲ အခက်ခဲရှိလို့နေမှာပါ။ကျတော် Xiao Zhanကိုယုံတယ် သူဟိုမှာ မဟုတ်တာ ဘာမှမလုပ်ဘူးဆိုတာ...ဟူးး ဒါပေမဲ့ Yiboကတော့ Xiao Zhanကိုခုထိမမှတ်မိသေးပါ။

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now