🎀21🎀

10.4K 1K 108
                                    

(Zawgyi)

ဒေါက် ဒေါက်!!..

"Yibo.. Geဝင်လာပြီနော်!"

"အင်း Yubin Ge"

Yubin အခန်းထဲဝင်သွားလိုက်တော့ ငူငူကြီးထိုင်နေတဲ့ Yiboကို တွေ့လိုက်ရလို့ အံ့သြသွားရသည်။

"ဘာဖြစ်နေတာလဲ?? "

ပုခုံးကိုအသာကိုင်ကာမေးလိုက်တော့ အောက်ငုံ့ထားတဲ့ခေါင်းတော့ မော့မလာပေမဲ့..

"ကျတော်လဲမသိဘူး Yubin Ge.. မနေ့က Xiao Zhanဆိုတဲ့သူကိုမြင်ပြီးထဲက ဘယ်လို့ဖြစ်သွားမှန်းမသိဘူး တစ်ခုခုကိုဝမ်းနဲနေသလိုပဲ အရမ်းငိုချင်နေတယ်"

ကျချင်နေတဲ့ မျက်ရည်တွေကို Yiboသုတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်တော့မှ Yubinနောက်မှာ ပါလာတဲ့မျက်ရည်တွေဝဲကာသူ့ကိုရပ်ကြည့်နေတဲ့ Xiao Zhanကိုမြင်လိုက်ရ၍

"ဟို..ဟိုလေ ကျတော်က.. "

ခုသူက Xiao Zhanပါလာမှန်းမသိလို့ Yubinကိုရင်ဖွင့်နေကြအတိုင်းပြောလိုက်ပေမဲ့ Xiao Zhanကိုမြင်တော့ မျက်နှာတွေပူပြီး ဘာလုပ်ရမှန်းမသိဖြစ်
သွားရသည်။

Xiao Zhan Yiboရဲ့အကျပ်ရိုက်သွားတဲ့ပုံကိုကြည့်ပြီး ရယ်လိုက်ကာ..

"ရပါတယ် Geတစ်မျိုးမထင်ပါဘူး"

Geယုံတယ်Wangလေး မင်းစိတ်ထဲရော မင်းနှလုံးသားထဲမှာရော Geအတွက်နေရာရှိသေးတယ်ဆိုတာကို..

တစ်မျိုးမထင်ဘူးလို့ ပြောပေမဲ့ သူ့အကြောင်းကိုသူ့ရှေ့မှာပြောသလိုဖြစ်သွားတာကြောင့် အားနာနာနဲ့ပဲ စကားလမ်းကြောင်းလွဲလိုက်ရသည်။

"ဒါနဲ့ ဘာကိစ္စရှိလို့လဲ Mr.Xiao Zhan"

Mr.Xiao Zhanလို့ခေါ်လိုက်တာ Geဘယ်လောက်တောင် နာကျင်ပြီး ရင်ဘတ်ထဲအောင့်သွားလဲ Wangလေးသိရဲ့လား?? တစ်ခါမှ နာမည်အပြည့်တောင်မခေါ်ဘူးတဲ့ မင်းက Mr.Xiao Zhanတဲ့လား Wangလေးရယ်..

Xiao Zhanမျက်နှာပျက်သွားတာကို မြင်လိုက်တာကြောင့် Yubinကပဲ..

"Yibo. Xiao Zhanကငါနဲ့အသက်တူတူပဲလေ အဲ့တော့ ငါ့ကိုGeလို့ခေါ်သလို သူ့ကိုလဲGeလို့ပဲခေါ်ပါ့လား နောက်လဲအလုပ်တူတူလုပ်ရမဲ့သူတွေဆိုတော့ ပိုရင်းနှီးသွားတာပေါ့"

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now