🎀15🎀

12.4K 1.1K 92
                                    

(Zawgyi)

မနက်မိုးလင်းလာတော့ နေရောင်ခြည်က Xiao Zhanမျက်နှာပေါ်ဖြာကျလာပေမဲ့ ချက်ချင်းပြန်ပျောက်သွားတာကြောင့် Xiao Zhanမျက်လူံးဖွင့်ကြည့်လိုက်တော့ နေရောင်ကိုလက်နဲ့ကာပေးထားကာ သူ့ကိုငုံ့ကြည့်နေတဲ့ Yiboကိုမြင်လိုက်ရ၍ ရယ်ပြလိုက်ပြီး ထထိုင်လိုက်တယ်..

"ရောက်တာကြာပြီလား??"

"နဲနဲတော့ ကြာပြီ"

"အဲ့တာများ Geကိုတော့မနှိုးဘူး"

"Zhan Geအိပ်ရေးပျက်မှာဆိုးလို့လေ..ခုလဲနိုးလာပြီပဲမဟုတ်လား?? 😁ဟီး ပြီးတော့လေ Zhan Geအိပ်နေတဲ့ပုံလေးကချစ်စရာလေး"

စပ်ဖြီးဖြီးရုပ်လေးနဲ့ ပြောကာ အခန်းထဲကပြေးထွက်သွားတဲ့Yiboကိုကြည့်ပြီး Xiao Zhanခေါင်းတခါခါဖြင့်ရယ် လျက်ရေချိုးခန်းထဲဝင်သွားလိုက်သည်။

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

Xiao Zhanအခန်းထဲထွက်လာတော့ ဧည့်ခန်းထဲမှာ Yiboကိုမတွေ့၍ ထမင်းစားခန်းထဲဝင်ကြည့်လိုက်တော့မှ Yiboကကော်ဖီနဲ့မုန့် ပြင်ပြီး သူ့ကိုထိုင်စောင့်နေတာတွေ့လိုက်ရတာကြောင့် Xiao ZhanလဲYiboနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီး...

"Wangလေး လုပ်ထားပေးတာလား??"

"😁ဟီး ဟုတ်"

"ဒီနေ့ပျော်စရာများရှိလို့လား?? Wangလေးစောစောထဲကရယ်နေတာ"

"ရှိတာပေါ့ ကျတော် ပါးပါးcom.မှာအလုပ်လုပ်မယ်ပြောတာ ပါးပါးကလက်ခံတယ်တဲ့"

"တကယ်လား?? ဂုဏ်ယူပါတယ်ဗျ"

"ဂုဏ်ယူရင် နေ့ခင်းစာချက်ကျွေး ကျတော် ညနေလောက်မှပြန်မှာ"

"အွန်းပါ ဒီနေ့ကWangလေးမပြောတောင် Geချက်ကျွေးဖို့စဉ်းစားပြီးသား ကဲပါခုတော့စားရအောင်နော်"

"ဟုတ်ဟုတ်"

ကော်ဖီသောက်ပြီးတော့ နှစ်ယောက်လူံးဧည့်ခန်းထဲထွက်လာရင်း Yiboက..

"Zhan Ge ခုဘာလုပ်ရင်ကောင်းမလဲ??"

"အွန်းး TV ကြည့်ရအောင်လေ "

"ဟုတ်ပြီ ကြည့်ကြမယ်Zhan Ge"

Yiboကပြုံးပြုံးရွှင်ရွှင်ပြောနေပေမဲ့ Xiao Zhanမပြုံးပဲ Yiboမျက်နှာကိုပဲစိုက်ကြည့်နေတာကြောင့်..

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now