🎀18🎀

13.5K 1K 152
                                    

(Zawgyi)

Yubinကားမောင်းရင်း Yiboအကြောင်းစဉ်းစားနေမိသည်။

Yiboသတိပြန်ရပြီး၁လအကြာမှာ ကျတော့်ကိုပြန်မှတ်မိလာခဲ့တယ်။Xiao Zhanလား??အွန်းး  Xiao Zhanကိုတော့မှတ်မိတယ်ပြောရမလား?..မမှတ်မိဘူးပြောရမလားတောင်မသိတော့..

Zhan Geဆိုတဲ့နာမည်ကိုတော့မှတ်မိပေမဲ့ Zhan Geဆိုတာဘယ်သူလဲဆိုတာတော့မမှတ်မိခဲ့..

ပြီးတော့ Zhan Geဆိုတာ Xiao Zhanဆိုတာလဲမသိသေးပါ။ခုသူ့စိတ်ထဲမှာသိတာက Zhan Geဆိုတာပဲ ရုပ်လဲမမှတ်မိသလိုနာမည်အရင်းလဲမမှတ်ခဲ့ပါ။

ကျတော်တို့ပြောပြမလို့လုပ်ပေမဲ့ ဆရာဝန်ကသူ့ဘာသာမှတ်မိလာတာအကောင်းဆုံးမလို့မပြောပါနဲ့တဲ့...မပူပါနဲ့အချိန်တန်ရင်မှတ်မိလာပါလိမ့်မယ်လို့ပြောထားတာကြောင့် ကျတော်တို့လဲမတတ်သာ၍ မပြောပဲနေနေခြင်းသာ..

Xiao Zhanနဲ့လဲဒီကြားထဲအဆက်သွယ်မပြတ်ခဲ့ပေမဲ့ Yiboသူ့ကိုမေ့သွားတာကိုတော့ မပြောပြရက်ခဲ့...ခုချိန်ထိ Yiboသတိရလာပြီးအဆင်ပြေပြေနေနေတယ်လို့ပဲ ပြောထားရတယ်။ဟူးးး Yiboရေ မြန်မြန်ပြန်မှတ်မိလာပါတော့ကွာ..

ခုဆိုYiboက နေကောင်းပြီးထဲကသူ့ပါးပါး com.ကိုဦးစီးနေပြီလေ။သူကCEOဆိုတော့ သူ့ကိုအနီးကပ်စောင့်ရှောက်လို့ရအောင် ကျတော် ဆေးရုံကထွက်လိုက်ကာ သူ့အတွင်းရေးမှူးဝင်လုပ်နေခြင်းဖြစ်သည်။ကျတော်တက်နိုင်တဲ့ဘက်က နှစ်ယောက်လုံးကိုမြန်မြန်ပြန်တွေ့နိုင်အောင်ကူညီပေးချင်လို့ပါ။ YiboကCEOဆိုပေမဲ့ ကျတော့ကိုလဲYubin Geလို့ပဲခေါ်သလို ကျတော်လဲYiboလို့ပဲ ခေါ်ဖြစ်ကြသည်။ကျတော် သူ့ကိုအဲ့လိုခေါ်လို့အဆင်ပြေပါ့မလားလို့တစ်ခါမေးဖူးပေမဲ့ သူကတော့ထုံးစံအတိုင်းခေါင်းမာစွာပင် အခေါ်ဝေါ်ကအရေးမကြီးဘူးတဲ့၊ ပြီးတော့ဘယ်သူ့ကိုဂရုစိုက်ရမှာလဲတဲ့၊ Yubin Geမလို့ Yubin Geခေါ်တာဘာဖြစ်လဲတဲ့၊အဲ့ကြောင့် Yubin Geလဲ Yiboလို့ပဲခေါ်တဲ့လေ ကျတော်ပြောလဲရမှာမဟုတ်သလို.သူ့ကိုအရင်ထဲကကျတော်မနိုင်တာမလို့ သူ့သဘောအတိုင်းသာထားလိုက်တော့သည်။

ဂျစ်ကန်ကန်နဲ့ကလေးဆန်တာကတော့CEOဖြစ်နေလဲ အရင်အတိုင်းပဲ ခုလဲကြက်ကြော်ကို သူစားချင်တဲ့ဆိုင်ကဝယ်ပေးပါဆိုလို့ ၂နာရီလောက်ကားမောင်းကာသွားဝယ်ပေးပြီး ပြန်လာခဲ့ရတယ်။

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now