Part1

1.1K 60 6
                                    

ပြင်းရှ​သော rock genreဆန်​သည့်​ ဂစ်​တာသံစဉ်​သည်​ အနီ​ဖျော့​ရောင်​၃ထပ်​တိုက်​အိမ်​ကြီးတစ်​အိမ်​၏studioခန်း၌ အဆက်​မပြတ်​ထွက်​​ပေါ်​နေသည်​။တစ်​စက္ကန့်​မျှ ရပ်​နားခြင်းမရှိပဲ musicတစ်​ခု၏ဘာသာရပ်​ကို ​ပေါ်လွင်​​နေ​စေသလို တီးခတ်​​နေသူ၏ passionကို ခံစားမိ​စေသည်​။

"​တော်​ပြီ​လေ ​ထေးဟန်​။ငါတို့မနက်​တည်းကတီး​နေတာ။မနက်​စာအချိန်​လွန်​​နေပြီ။ပြီးမှပြန်​တီးကြစို့"​အီ​​ဂျောင်းက သူ့လက်​ထဲက အဖြူ​ရောင်​ကြိုးတပ်​ထား​သော ဂစ်​တာကို ချရင်း သတိ​ပေးလိုက်​သည်​။ထိုဂစ်​တာသည်​ သူ့ကို ​ထေးဟန်​အထက်​တန်း​နောက်​ဆုံးနှစ်​ဖြေပြီးသည့်​​နေ့က ​Birthday present​ပေးခဲ့ခြင်းဖြစ်​သည်​။ကြိုးအဖြူ​ပေမဲ့ ဂစ်​တာမှာ rockerကြီးများတီးသည့်​ ​ငွေနဲ့ခဲစပ်​ထား​သော modestအ​ကောင်းစားဂစ်​တာအမျိုးစားဖြစ်​သည်​။အထက်​တန်းexamနေ့က ​ထေးဟန်​ဆီမှ ​အီ​ဂျောင်းပထမဆုံး လက်​​ဆောင်​ရခဲ့ခြင်းဖြစ်​သည်​။

ထေးဟန်​:အင်း dadနဲ့mom သွားပြီလား။ထေးဟန်သည်ဂစ်​တာကြိုးအမည်း​ရောင်​နှင့်​စွတ်​စွတ်​ဖြူကာ​ ပုလဲ​ရောင်​​ထနေ​သော အီဂျောင်းပေးထားသည့်ဂစ်​တာကို ချရင်း​မေးသည်​။

အီ​ဂျောင်း:အင်း ဟုတ်​​လောက်​မယ်​။ငါတို့​လေ့ကျင့်​​နေတာနဲ့ dadနဲ့momကို နှုတ်​မဆက်​လိုက်​ရဘူး။အီ​ဂျောင်းမိဘနှစ်​ပါးကို ​ထေးဟန်​က သူ့မိဘသဖွယ်​ 'အ​ဖေနှင့်​အ​မေ'ဟု သတ်​သတ်​မှတ်​မှတ်​​ခေါ်သည်​။နှစ်​​ယောက်​သားသည်​ အထက်​တန်း ပထမနှစ်​တွင်​ အဆိုပြိုင်​ပွဲ၌ သီချင်းဆိုရင်း​တွေ့ခဲ့ကြသည်​။မဲနှိုက်​အဖွဲ့ခွဲ​စဉ်​ နှစ်​​ယောက်​တူတူဆိုရန်​တာဝန်​ကျခဲ့သည်​။အ​ပေးအယူတည့်​စွာ သီချင်း​လေ့ကျင့်​ရင်းခင်​သွားခဲ့ကြသည်​။

အီ​ဂျောင်း:rockပိုင်းတီးရတာ ဘယ်​လို​နေလဲ။မင်းအ​ဖေတီးတဲ့Pop and soul ဘက်​နဲ့စာရင်​ ဘယ်​ဟာပိုသန်​တယ်​ထင်​လဲ။အ​ဒေါ်ကြီးချ​ပေးလာ​သော ဝက်​နံရိုးကြွပ်​​ကြော်​ကို sauceတို့ရင်း​စား​နေသည်​။နံရိုးကြွပ်​​ကြော်​ဆိုသည့်​အတိုင်း အီ​ဂျောင်း၏နှုတ်​ခမ်းသားထူထူနီနီဆီက ဆီဝင်းကာ ​ပြောင်​​ပြောင်​လက်​လက်​​လေးဖြစ်​​နေသည်​။အ​ပေါ်​အောင်​နှုတ်​ခမ်းသားတစ်​စုံသည်​ထူအိကာ ​နဂိုနီသည်​​ကြောင့်​ ​စားလိုက်​တိုင်းအသံတဂျွတ်​ဂျွတ်​က ထင်​သာမြင်​သာရှိ​နေသည်​။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now