ပြင်းရှသော rock genreဆန်သည့် ဂစ်တာသံစဉ်သည် အနီဖျော့ရောင်၃ထပ်တိုက်အိမ်ကြီးတစ်အိမ်၏studioခန်း၌ အဆက်မပြတ်ထွက်ပေါ်နေသည်။တစ်စက္ကန့်မျှ ရပ်နားခြင်းမရှိပဲ musicတစ်ခု၏ဘာသာရပ်ကို ပေါ်လွင်နေစေသလို တီးခတ်နေသူ၏ passionကို ခံစားမိစေသည်။
"တော်ပြီလေ ထေးဟန်။ငါတို့မနက်တည်းကတီးနေတာ။မနက်စာအချိန်လွန်နေပြီ။ပြီးမှပြန်တီးကြစို့"အီဂျောင်းက သူ့လက်ထဲက အဖြူရောင်ကြိုးတပ်ထားသော ဂစ်တာကို ချရင်း သတိပေးလိုက်သည်။ထိုဂစ်တာသည် သူ့ကို ထေးဟန်အထက်တန်းနောက်ဆုံးနှစ်ဖြေပြီးသည့်နေ့က Birthday presentပေးခဲ့ခြင်းဖြစ်သည်။ကြိုးအဖြူပေမဲ့ ဂစ်တာမှာ rockerကြီးများတီးသည့် ငွေနဲ့ခဲစပ်ထားသော modestအကောင်းစားဂစ်တာအမျိုးစားဖြစ်သည်။အထက်တန်းexamနေ့က ထေးဟန်ဆီမှ အီဂျောင်းပထမဆုံး လက်ဆောင်ရခဲ့ခြင်းဖြစ်သည်။
ထေးဟန်:အင်း dadနဲ့mom သွားပြီလား။ထေးဟန်သည်ဂစ်တာကြိုးအမည်းရောင်နှင့်စွတ်စွတ်ဖြူကာ ပုလဲရောင်ထနေသော အီဂျောင်းပေးထားသည့်ဂစ်တာကို ချရင်းမေးသည်။
အီဂျောင်း:အင်း ဟုတ်လောက်မယ်။ငါတို့လေ့ကျင့်နေတာနဲ့ dadနဲ့momကို နှုတ်မဆက်လိုက်ရဘူး။အီဂျောင်းမိဘနှစ်ပါးကို ထေးဟန်က သူ့မိဘသဖွယ် 'အဖေနှင့်အမေ'ဟု သတ်သတ်မှတ်မှတ်ခေါ်သည်။နှစ်ယောက်သားသည် အထက်တန်း ပထမနှစ်တွင် အဆိုပြိုင်ပွဲ၌ သီချင်းဆိုရင်းတွေ့ခဲ့ကြသည်။မဲနှိုက်အဖွဲ့ခွဲစဉ် နှစ်ယောက်တူတူဆိုရန်တာဝန်ကျခဲ့သည်။အပေးအယူတည့်စွာ သီချင်းလေ့ကျင့်ရင်းခင်သွားခဲ့ကြသည်။
အီဂျောင်း:rockပိုင်းတီးရတာ ဘယ်လိုနေလဲ။မင်းအဖေတီးတဲ့Pop and soul ဘက်နဲ့စာရင် ဘယ်ဟာပိုသန်တယ်ထင်လဲ။အဒေါ်ကြီးချပေးလာသော ဝက်နံရိုးကြွပ်ကြော်ကို sauceတို့ရင်းစားနေသည်။နံရိုးကြွပ်ကြော်ဆိုသည့်အတိုင်း အီဂျောင်း၏နှုတ်ခမ်းသားထူထူနီနီဆီက ဆီဝင်းကာ ပြောင်ပြောင်လက်လက်လေးဖြစ်နေသည်။အပေါ်အောင်နှုတ်ခမ်းသားတစ်စုံသည်ထူအိကာ နဂိုနီသည်ကြောင့် စားလိုက်တိုင်းအသံတဂျွတ်ဂျွတ်က ထင်သာမြင်သာရှိနေသည်။
YOU ARE READING
I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)
Short Storyဂီတက သံစဉ်တွေနဲ့ပေါင်းစီးထားတဲ့ ဘာသာရပ်တစ်ခုပဲ။လူသားတွေဂီတကိုချစ်ကြတာမဆန်းပါဘူး။ဂီတကိုချစ်တဲ့သူချင်းချင်းရော ချင်ခွင့်မရှိဘူးလား။သိုသော်လည်း ဂီတက ကောင်လေးနှစ်ယောက်ကိုတော့ ချစ်ခွင့်မပေးနိုင်ခဲ့ဘူး။ ဂီတက သံစဉ်တွေနဲ့ပေါင်းစီးထားတဲ့ ဘာသာရပ်တစ်ခုပဲ။လူသား...