Part7

225 33 17
                                    

အဝင်ဝရောက်သော် ကလေးများထမင်းစားဆဲဖြစ်ဟန်တူသည်။အီဂျောင်းမှာ ခြံထဲ ကုန်းလျက်ထိုင်ချပြီး ပန်းအိုးပန်းပင်များကြား တစ်စုံတစ်ခုရှာနေသည်။ထေးဟန် အမောတကောပြေးလာရ၍လည်းကောင်း ခုနကလိုစိမ်းသက်သက်ဆက်ဆံခံရမည်စိုး၍ သည်ဘက်လှည့်လာသည်ကိုစောင့်နေမိသည်။

မိမိဘက်လှည့်လာခဲ့ပါသည်။မတ်တပ်ထရပ်လိုက်သည်ကိုလည်းမြင်ရပါသည်။မျက်လုံးချင်းလည်းဆုံသွားပါပြီ။သို့သော် ကင်အီဂျောင်းသည် သူ့ဆံနွယ်တို့အား တစ်ဖက်သို့ပို့လျက် အိမ်ထဲဝင်သွားခဲ့ချေပြီ။ခြံအဝင်ဝက ခန့်ညားလွန်းသူယောကျာ်းတစ်ဦးမှာ လက်တွင်းမှစားစေချင်ခဲ့သော ဝက်နံရိုးကြော်ထုပ် လွတ်ကျသွားရလေသည်။

အထုပ်ပြုတ်ကျသံကြောင့် အီဂျောင်းခြံဘက်ကို လျှောက်လာနေသည်။မိမိငိုရှိုက်သံအား ထိုသူမသိစေရန် နှုတ်ခမ်းတို့တင်းတင်းပိတ်ထားမိသည်။ ပျော်ပါးပေါ့ပါးသော Musicianထေးဟန်သည် အချစ်ဦးကိုမြင်တွေ့ရရုံနှင့်မျက်ရည် မကျရန်ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။သို့သော် ၁၀စုနှစ်ကြာ ရင်ထဲထားခဲ့ရသောအချစ်ဦးသည် မိမိကိုမမြင်နိုင်တော့ပေ။ရှာတွေ့သော တုတ်ကောက်အား 'တုတ် တုတ်'အသံမြည်အောင်စမ်းရင်း မိမိရပ်နေသည်ကိုလည်းမသိပါချေ။မိမိမှာ ရပ်နေရုံမှတစ်ပါး အသံမထွက်အောင် ကြိုးစားနေရပါ၏။

"အာ့ " မိမိရင်ခွင်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာသော ခန္ဓာငယ်သည် မျက်ဝန်းသေတို့ ဝိုင်းကျယ်လျက် တုန်ယင်နေ၏။

"အ အကြွေးလာတောင်းတာလား ...လကုန်ရင် ပေးပါ့မယ်နော် အခုအတန်းချိန်ရှိနေလို့ပါ။"ပြောနေသောစကားများကို ထေးဟန်မျက်ခုံးပင့်နားထောင်ရင်း ထိုကောင်လေးအား ဖက်ထိန်းထားဆဲပင်။တုန်ယင်နေလေသည်။ထိုသူက မိမိကိုအကြွေးရှင်လို ထိတ်လန့်နေသလို မိမိရင်ထဲ၌ ကျည်ဆန်များစိုက်ဝင်နစ်မြုပ်သလို ပူလောင်နာကျင်နေလေပြီ။

ထေးဟန်:မကြောက်ပါနဲ့ ငါပါ ထေးဟန်ပါ။မျက်ရည်တို့ကို ခပ်ကြမ်းကြမ်းသုတ်ဖယ်လျက် အမြင်ကွယ်နေသော မျက်ဝန်းလှလှအား ငေးကြည့်နေမိသည်။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now