Part12(Ending)

267 22 8
                                    

ကုန်တိုက်၏မျက်နှာစာမှန်တို့အားဖြတ်ဝင်တိုက်လာသော ပေစုတ်စုတ်အကြမ်းခံ ကားတစ်စီး။နောက်ဆုံးကြားလိုက်ရသော မှန်ကွဲစများ၏ ကြမ်းပြင်ပေါ် ကျဆင်းသံ။
မှန်ကွဲများစိုက်နေသော ကျောပြင်ကျယ်တစ်ခု။ရင်ခွင်ထဲ၌ မွေးကင်းစကလေးငယ်ကိုထွေးပိုက်ထားသောအီဂျောင်း။

ထေးဟန်;ငါတို့ဘဝတွေက.... တူတူနေဖို့ ရေစက်မပါခဲ့ကြဘူး။အချစ်စစ်လည်း ရုပ်ဝတ္ထုချင်းအတူတကွရှိဖို့ဆိုတာ ကြိုးစားခဲ့လည်း အဖြေက သုညပါပဲ။တကယ်ဆို ငါတို့ဘာကြောင့်ဝေးရတာလဲ အီဂျောင်း။ငါတို့ဘာအပြစ်ရှိလို့လဲ။

သမီးငယ်ကိုညာလက်တစ်ဖက်ကဆွဲလျက်သားက ဂန္ဓမာပန်းစည်းကြီးကိုပွေ့ပိုက်ထားကာ အစိမ်းရောင်တောင်ကုန်းဆီတက်လာမိသည်။ကျွန့်တော့်ဘယ်လက်ထဲမှာ အီဂျောင်းရဲ့ဂစ်တာလေးကိုကိုင်ထားမိသည်။

"သားနဲ့သမီး ဖေဖေ့ကို သေချာကန်တော့ပြီး နှုတ်ဆက်"
အီဂျောင်းမရှိတော့သည့်ဘဝကြီးကိုဒုတိယအကြိမ်ထပ်ကြုံရလေတော့ ထေးဟန် သည်နိုင်ငံမှ ထွက်ခွာရဦးမည်။သည်တစ်ခါ ဘယ်သူဘယ်ဝါ စေခိုင်း၍မဟုတ်။သားနဲ့သမီး အတွက် ပညာသေချာသင်ပြီး ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို ပေးလိုသည်။

ယောကျာ်းနှစ်ဦးမှ ကျွေးမွေးပြုစုထားသော ကလေးနှစ်ယောက်ကို အထင်သေးရှုံ့ချမည့် ဤနိုင်ငံ၌မကြီးပြင်းစေလိုပါ။အီဂျောင်းဘဝကိုရှင်လျက်နှင့်သေအောင် လုပ်ခဲ့သော နောက်ဆုံးတွင်လောကကြီးကနေပါ မောင်းထုတ်လိုက်သော ထိုလူစိတ်မရှိသည့် အမျိုးသမီးနှင့် တစ်နိုင်ငံထဲ မနေလိုတော့ပါ။ထောင်ကနေစိတ်ရူးသွပ်ထွက်ပြေးပြီး အီဂျောင်းကိုကလဲ့စားချေခဲ့သော ထိုမိန်းမကတော့ အရူးထောင်တွင် ထာဝရအကျဉ်းသားဖြစ်နေလေပြီ။ကျွန်တော်တို့ မိသားစုလေးလည်း အီဂျောင်းကိုထာဝရဆုံးရှုံးလိုက်ရပြီ။

"အီဂျောင်း ငါ့ဘဝကြီးတစ်ခုလုံး နဲ့လေးစားချစ်မြတ်နိုးရတဲ့ ကိုယ့်ရဲ့အီဂျောင်း။မင်းအတွက်ရေးထားခဲ့တဲ့သီချင်းကို အခုဆိုပြမယ်နော်။မကြာခင် ငါ့မိဘတွေရော သားနဲ့သမီးပါ ဒီကနေထွက်သွားတော့မယ်။မင်းကငါ့နှလုံးသားထဲ အမြဲရှိနေမှာမို့ ထားသွားတယ်လို့ အပြစ်မတင်ရဘူးနော်"

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now