Part5

221 29 4
                                    

Lyrics are telling what Kim Eil Jung want to tell to someone.

'အချိန်တွေ ကုန်လွန်သွားခဲ့တယ်...။အချစ်ဆိုတာ ပျက်ပြယ်သွားမယ့် ဒြပ်မဲ့အရာလို့သင်ထင်ပါသလား။ကျွန်တော်ကတော့ အချစ်ဆိုတာ ဘဝဆက်တိုင်းဆက်တိုင်းလူပြန်ဖြစ်နေသရွေ့ စိတ်ဝိဉာည်ကကိုယ်ချစ်တဲ့သူကို အလွတ်ရနေမယ်လို့ယုံကြည်ထားတယ်။ဒါပေမဲ့သင့်အချစ်မေတ္တာကတော့ အတ္တမပါအနံ့အရသာမပါတဲ့ တိမ်တိုက်လေးလိုဖြူစင်နေရမယ်။အချစ်မစစ်ရင် ရေစက်ဆိုတာကလည်း အလကားပါပဲ'

PIANO ခလုတ်လေးများပေါ် နုနုရွရွတီးနေသော လက်ဖဝါး နုနုတချို့ကို လက်ဖဝါးကြီးကြီးတစ်ခုက ထပ်မိုးထားသည်။

"အင်း သားလက်လေးတွေကိုတအားမဖိတီးရဘူး။Pianoဆိုတာ ကြိုးတပ်တူရိယာတစ်မျိုးပဲ။သားစိတ်ကိုလျှော့ချထားပြီး လက်လေးတွေကို ဘဲလေးကနေသလို ပြေးနေရမယ်။သားက အနုပညာperformerဖြစ်ချင်ရင် Pianoတီးနေတဲ့သားလက်တွေကလည်း ကြည့်ရှုသူတွေကို တစ်နည်းနည်းနဲ့ဖျော်ဖြေနေရမယ်။သားလက်တွေကလည်း ကြည့်တဲ့သူကိုမပျင်းစေရဘူး။လက်ကလည်း စိတ်နဲ့တစ်သားတည်းခံစားနေရမယ်။အဖေပြောတာနားလည်လား။"

"Nae ဟီး" အသက်၁၀နှစ်အရွယ် သားလေးကို စကားကြီးကြီးများဖြင့် ဦးနှောက်ငယ်ငယ်လေးထဲရိုက်သွင်းနေသူမှာ ယွန်းထေးဟန်ပင်။MUSICနှင့်ပတ်သက်လျှင် သူအရာရာကိုအသေးစိပ်အလေးထားသည်။သူ့လိုနာမည်ကြီးMUSIC producerရဲ့ သားတစ်ယောက်ကို စိတ်ကြီးဝင်ပေါ့ပျက်ပျက်မဖြစ်စေလိုပေ။ဂီတနှင့်ပရိသတ်ကို အမြဲလေးစားတန်ဖိုးထားတတ်စေရမည် ဟုခံယူထားသည်။

New Yorkမြို့တစ်နေရာ Private Art School ,
"ကဲ ဒီNOTESတွေကို ဝေပေးလိုက်။ကမ္ဘာ့အရပ်ရပ်က ကျောင်းတွေဆီက လာပြိုင်ကြမှာ။သားယွန်းထေးအီ အဖေနဲ့သေချာလေ့ကျင့်နော်။သားကကျောင်းပေါင်းစုံfirst ရခဲ့လို့ အခုFinalမှာ ပိုဂရုစိုက်ရမယ်။"

"ထေးအီ မင်းငယ်ငယ်လေးနဲ့ ပြောစကားနားမထောင်တော့ဘူးလား။အမေ မရှိတော့လို့ အလိုလိုက်ထားတာကို ရောင့်တက်နေတယ်။"မရိုက်သော်လည်း ဆူလေ့မရှိသောမိမိအဖို့ လေသံမာသည်ကပင် ထေးအီကို ငိုသွားစေသည်။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now