Part4

251 36 7
                                    

ထေးဟန်​;သူသ​ဘောကျဆုံးpop အမျိုးအစား songတစ်​ပုဒ်​ကို ကျွန်​​တော်​ဆိုပြချင်​တယ်​။သူတစ်​ခါမှနားမ​ထောင်​ဖူး​သေးဘူး။သီချင်​​လေးကို သူနဲ့ကျွန်​​တော်​သူငယ်​ချင်းသက်​တမ်းတစ်​​လျှောက်​လုံး တိတ်​တိ​တ်​လေး​ရေးခဲ့ရတာ​ပေါ့။တစ်​​နေ့စင်​​ပေါ်မှာဂစ်​တာတီးပြီး တူတူဆိုကြမယ်​ဆိုတဲ့အိမ်​မက်​​လေးနဲ့။ရေး​နေတုန်းက မသိခဲ့ဘူး ဒီသီချင်းဟာ ကျွန်​​တော်​နဲ့မဆိုင်​​​တော့တဲ့ ကင်​အီ​ဂျောင်းရဲ့လက်​ထပ်​ပွဲမှာ တစ်​စိတ်​တစ်​ပိုင်းဖြစ်​သွားရ​တော့မယ်​။ချစ်​ခွင့်​ပန်​မယ့်​သီချင်းက မင်္ဂလာလက်​​ဆောင်​ဖြစ်​သွားရ​ပြီ အီ​ဂျောင်း​ရေ...။ဒါ​ပေမဲ့ အချစ်​​တွေနဲ့ခံစားပြီး​ရေးခဲ့တာ​ကြောင့်​ ​ပျော်​ရွှင်​တဲ့ခံစားချက်​ပဲရပါ​စေအီ​ဂျောင်း။တူတူလက်​တွဲခွင့့်​မရလို့လည်း ဝမ်းမနည်းပါနဲ့။ငါ့အချစ်​​တွေကို သီချင်းထဲထည့်​ပြီးလက်​ဖွဲ့လိုက်​တာမို့ မင်းတစ်​​ယောက်​တည်းမဖြစ်​ပါဘူး။မင်းရဲ့ ဝမ်းနည်း​နေတဲ့ အပြစ်​ရှိစိတ်​ဝင်​​နေတဲ့နှလုံးသား​လေးကို ငါ့အချစ်​သံစဉ်​​တွေနဲ့​ဝန်းရံထား​ပေးလိုက်​ပြီမို့ တစ်​ကိုယ်​​ကောင်းဆန်​စွာ​ရှေ့ကို​လျှောက်​သွားပါ။ငါလိုချင်​တာက မင်း​ပျော်​ရွှင်​​နေဖို့ပဲ။

ထေးဟန်​ကို ရဲများလက်​ထဲမှ မိဘနှစ်​ပါးစလုံးမရမက ကယ်​ထုတ်​ခဲ့ရသည်​။တစ်​ဦးတည်း​သေား သားနှစ်​​ယောက်​မိဘများ အားပြိုင်​ကြ​သော်​အခါ အီ​ဂျောင်းကို သူ့ဖခင်​က တိုက်​ပိတ်​ပြီး ​ကျောင်းတက်​​နေတုန်းတန်းလန်း မိန်းမချက်​ချင်း​ပေးစားရန်​ပြင်​ခဲ့သည်​။ထေးဟန်​ကိုလည်း မိဘနှစ်​ပါးက အိမ်​ထဲဖွက်​ထားခဲ့သည်​။သတင်းအစအနကို အကုန်​​ငွေဖြင့်​ပိတ်​၍ ကိုရီးယားမှာမပျံ့​စေရန်​လုပ်​​ဆောင်​ခဲ့ကြရသည်​။

မိမိတို့အချစ်​သည်​မှန်​ကန်​ခဲ့သည်​။သို့​သော်​ မိဘတို့နှလုံးသား၊ဂုဏ်​သိက္ခာ၊အချိန်၊​ငွေ​ကြေး​နှင့်​ ​ယှဉ်​လျှင်​ သိမ်​ငယ်​တန်​ဖိုးမဲ့စွာ ခံယူလိုက်​ကြ​တော့သည်​။တစ်​ကိုယ်​​ကောင်းဆန်​သင့်​​သော အ​ခြေအ​နေများမဟုတ်​၍ လက်​​တွေ့ဘဝကိုမျက်​စိမှိတ်​လက်​ခံလိုက်​ကြရ​လေ၏။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now