Part6

237 32 6
                                    

ကျွန်​​တော်​တို့သားအဖ Seoul International Ariportကိုဆင်းလာကြသည်​။အ​တော်​​လေး​ပြောင်းလဲသွားသည်​။ဥပမာ - ကျွန်​​တော်​​​နောက်​ဆုံးနှုတ်​ဆက်​ခဲ့သည့်​ ​လေဆိပ်​​ကော်​ဖီဆိုင်​​များသည် နေရာတွေအကုန်ပြောင်းကုန်ကာ ခုံတန်းများက ပိုတိုးလာသည်။ကျွန်​​တော်​​လည်း အသက်၃၆ရောက်ခဲ့လေပြီ။

ထေးဟန်:သား ဆိုလ်းပထမဆုံးရောက်ဖူးတာမလား။

ထေးအီ:ဟုတ် ဖေဖေ....သား အဘိုးနဲ့အဘွား ဆီလာတာလား။ဟင်? ဖေဖေ။ ထေးအီလက်ကလေးက ဆွဲလှုပ်မှ ဝက်နံရိုးကြော်စားနေသော ဝိုင်းကိုငေးနေသည့် ထေးဟန်မှာ သားဆီငုံ့ကြည့်လာသည်။

ထေးဟန်:ဟင် အဘိုးနဲ့ အဘွားလား။ခဏတွေးရင်းဖြေရကြပ်လေသည်။ထေးဟန်သည် မိန်းမယူပြီးနောက်လည်း မိဘများဆီလာမလည်ခဲ့ပါချေ။သူရှိနေသောအရပ်သို့ မိမိခြေချမိလျှင် သူ့အနာဂတ်လေးပျက်မည် စိုး၍ဟူသော ကတိစကားကို သေသည်အထိ တည်ရန်ကြိုးစားခဲ့သည်။မိဘများက ထေးဟန်တို့မိသားစုရှိရာ လာလည်ခဲ့ကြသည်။ယခုမိမိလာရခြင်းမှာ ကင်အီဂျောင်း၏ သီချင်းရောင်းစားမှုကို စိတ်ထဲထောင်းခနဲ ဖြစ်စေသည်အထိ ဒေါသထွက်မိ၍ လာခဲ့ရခြင်းသာ။

ထေးဟန်:အဘိုးနဲ့ အဘွားဆီ မသွားခင် သားနဲ့အဖေ သွားရမယ့်နေရာရှိတယ်။

ထေးဟန်;တကယ်တော့ အဖေ ဘာလို့လာမိလဲမသိဘူး။သူ့ကိုသီချင်းတွေအပိုင်ပေးခဲ့တာပဲ။သူဘာလုပ်လုပ် သူလုပ်ပိုင်ခွင့်ရှိသားပဲ။

မိမိတို့နှစ်ဦးမပေါင်းစပ်ခဲ့ရသော်လည်း မိမိကိုအီဂျောင်း အမှတ်ရစေချင်နေသေးသည်လား။ထို့ကြောင့် နောက်ဆုံးအပိုင်ပေးခဲ့သည့် သီချင်းများကို အလွယ်တကူဘယ်လိုလုပ်ရောင်းရက်လဲ နားမလည်နိုင်ခြင်းများစွာနှင့် ရောက်လာခဲ့ရသည်။

ထေးဟန်;သီချင်းတောင်ရောင်းပစ်တယ်ဆိုတော့ အဆိုတော်မဖြစ်ချင်တော့လို့လား၊သီချင်းတွေမဆိုချင်တော့လို့လားအီဂျောင်း။မင်း ငွေမချစ်တာ ငါသိပါတယ်။ဒါပေမဲ့ အဖြေတစ်ခုခုပဲ သိပါရစေ။

သီချင်းတွေမဆိုတော့လျှင် မိမိပေးခဲ့သော ဂစ်တာကိုရော သူပစ်ထားလိုက်ပြီလား ဟုလည်း အတွေးများကပိုစေသည်။ရုတ်တရက် နာကျင်ထိတ်လန့်ခြင်းက နှလုံးသားကို အုံ့မိုးသွားသည်။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Onde histórias criam vida. Descubra agora