Part11

158 23 2
                                    

ကျွန်တော်ချစ်မိတဲ့သူဟာ တစ်နေ့ပြန်ဆုံဖို့မျှော်လင့်ချက်မရှိတဲ့သူဖြစ်နေရင် ကျွန်တော်ကပဲ ဆုံနိုင်အောင် သွားတွေ့မှာပါ။မျှော်လင့်ချက်ထားတာတွေထက် ကိုယ်တိုင်ဖန်တီးကြိုးစားဖို့အရေးကြီးတယ်ဆိုတာ ခံစားခဲ့ရတဲ့ဒဏ်ရာတွေက သင်ခန်းစာပါပဲ။ကိုယ့်ပျော်ရွှင်ချမ်းမြေ့မှုကို သူများကိုပုံအပ်ပြီး မှားယွင်းတဲ့ရွေးချယ်မှုလုပ်ရတာထက် ကိုယ်တိုင်ပဲပျော်ရွှင်ခွင့်ကို ရွေးချယ်တော့မယ်။

"သား ညီမလေးကို ဘာနာမည်ပေးမလဲ" အီဂျောင်းက ရင်ခွင်ထဲရှိမွေးခါစ သမီးငယ်အား ချီရင်းမေးလိုက်သည်။
"သားက ပန်းနာမည်ပေးချင်တာ"
အီဂျောင်း ဆေးရုံကုတင်ပေါ်လှဲနေလျက် ထေးဟန်က သားနှင့်ဘေးကပ်ထိုင်နေကြသည်။မွေးကင်းစသမီးငယ်က ဆံပင်ကုတ်ဝဲကတ်ကတ်လေးညှပ်ထားသူ ဖခင်အီဂျောင်းကို ပေကလပ်ပေကလပ်နှင့် ကြည့်နေသည်။

အီဂျောင်း:သားက ဘာပန်းကြိုက်လဲ။အာပါးကတော့ အိမ်နာမည်ကို ဂစ်တာလေးလို့ပေးမယ်။
ထေးအီ:သားကြိုက်တယ် ဂစ်တာလေး ဟီး သားတို့မိသားစုက ဂစ်တာကြိုက်ကြတာကို အဲ့နာမည်ပဲပေးသင့်တယ်။

ထေးဟန်က ဘာမျှမပြောဘဲ သမီးငယ်ကိုကြည့်ရင်းပြုံးသာနေသည်။
ထေးဟန်:သားနဲ့သမီးအတွက် ဂစ်တာအသစ်ဝယ်ပေးဦးမယ်နောက်ဆုံးထွက်ထားတဲ့ Electric guirarလေ။

အီဂျောင်း:နေပါဦး။အခုမှ ကလေးက နို့စို့တုန်းကို ဘယ်ဂစ်တာတီးမလဲ။သားအတွက်ပဲဝယ်ပေးလိုက်။သားက MUSIC ပွဲထပ်ဖျော်ဖြေရမှာမလား။

ထေးဟန်:ကြိုဝယ်ထားတာလေ။ငါတို့သမီးက သေချာပေါက်တီးချင်နေလောက်ပြီ အခုတောင်ဂစ်တာတီးတော့မယ့်အတိုင်း လက်ကလေးတွေက....

ကလေးလက်ဖဝါးနီနီသည် အီဂျောင်းရင်ခွင်ကိုလှမ်းလှမ်းဆွဲလျက်ရှိသည်။ဤပုံစံသည် ဂစ်တာတီးလို၍မဟုတ်မှန်း ကလေးထိန်းဖူးသူတိုင်းနားလည်သော်ငြား ထေးဟန်တစ်ယောက်သာ လိုရာဆွဲတွေးနေလေ၏။
မည်သို့ဆိုစေ ဂစ်တာ အနီနဲ့အပြာကို ထပ်မံဝယ်ဖြစ်ခဲ့ပါသေးသည်။

ဆေးရုံအခန်းဝမှ ထွက်သွားသောအရိပ်မည်းတစ်ခု။

ဆေးရုံအပြန်လမ်းသည် အဘိုးအဘွား အဖေ၂ယောက် ကလေး၂ယောက် စုံလင်စွာ သိုက်ဝန်းစည်ကားလှသည်။အနောက်မှ လိုက်လာသော အရှိန်တင်ထားသည့် ကားတစ်စီး။ထေးဟန် အကြမ်းကွေ့ချလိုက်သည်။super market၏တိုက်နံရံ မှန်စတို့တချို့ ပဲ့ကြွေကုန်ကြသည်။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now