Part8

195 26 2
                                    

သားငယ်ကိုပြန် ခေါ်ပြီး ခြံဝနားအရောက်တွင်
ထေးဟန်:သား အထဲရောက်ရင် ဦးလေး အီဂျောင်းကိုသေချာနှုတ်ဆက်ရမယ်။ပြီးတော့ အထဲရောက်ရင် ငြိမ်ငြိမ်နေနော်။

ထေးအီ:nae appa။

မိမိသားအား ထိုသူကို လေးစားစေချင်သည်။မျက်စိမမြင်တော့သော်လည်း ဂီတကိုသင်နိုင်သေးသည်။ကြိုးစားအသက်ရှင်နေသည့် အီဂျောင်းအခြေနေကို စက္ကန့်လေးမြင်ရုံနှင့်ပင် အတိတ်ကသိမ်းထားသော ချစ်ခြင်း၌လေးစားခြင်းတို့ထပ်ပေါင်းမိလေ၏။

တုတ်ကောက်ကို PIANOဘေးချထားပြီး သံစဉ်စာရွက်တို့အား လိုက်သိမ်းနေသူအီဂျောင်း။လက်ကစမ်းရင်းသိမ်းထပ်နေသည်။ထေးဟန် အမြန်ကောက်သိမ်းပေးလိုက်ရင်း ထိုသူလက်ကိုကိုင်၍ သေချာထပ်တင်ပေးလိုက်သည်။စာရွက်ထပ်ကို ကိုင်ထားသော လက်နှစ်ဖက်အား မလွှတ်မိခဲ့ပါ။

"မင်္ဂလာပါ ဦးဦးအီဂျောင်း ။သားက ထေးအီပါ။" နောက်မှ အသံကြောင့် အီဂျောင်း နားရွက်တို့စွင့်မိလျက် မှန်းဆပြုံးပြလေ၏။

အီဂျောင်း:သားလေးထင်တယ်။ခုနက ဦးမကြိုဆိုမိတာ ခွင့်လွှတ်ပါ။ကလေးဆီစမ်းနေသူထံ မိမိသားအား တွန်းပို့ပေးလိုက်သည်။

ထေးအီ:ရပါတယ်ဦး။သားတို့က ဧည့်သည်တွေမှ မဟုတ်တာ။

ခေါင်းအနည်းငယ်လှုပ်ကာ သူ့လက်ကိုခုထိမလွှတ်သေးသော ထေးဟန်ဆီမျက်ဝန်းသေတို့ရောက်လာသည်။သားသည် အဘယ်ကြောင့် ခုမှတွေ့သည့်သူကို မသင်ပေးသည့်စကားဆိုရသနည်း။မိသားစုလေး ခုမှဆုံရသည့်နှယ် နှစ်ယောက်သားကြားကလေးက ရောက်နေသည်။

ထေးဟန်:အော် သူ့ကို...

ထေးအီ:အဖေက ဦးပေးတဲ့ဂစ်တာကို အိမ်ပေါ်ထပ်မှာ အမြဲတီးတာလေ။။ထေးဟန်ခေါင်းကျိန်းသလိုခံစားလိုက်ရသည်။မသင်ပေးသောစကားများပြောနေသည့်ကလေးကြောင့် လက်မှချွေစေးတို့ထွက်လာလျက် အမြန်ဖြုတ်လိုက်ရ၏။အီဂျောင်းကား မျက်နှာအတန်ပျက်သွားပြီး နားရွက်ဖျားများ နီတက်လာပုံရသည်။အစက ထေးဟန်မှာ သူ့planနှင့်သူရှိပြီးသားပေ။ယခုတော့ လမ်းပျောက်နေလေ၏။

"ထိုင်ဦးလေ။ထေးအီ ဘာသောက်မလဲ။မင်း...ရော"

"ဟင်အင်း မသောက်ဘူး။သား ဒီမှာ ခဏနေခဲ့။မင်း ငါ့နောက်လိုက်ခဲ့..."သားကို ဆိုဖာပေါ်ထိုင်ခိုင်းကာ သူ့လက်ကိုဆွဲလျက် အိမ်ပေါ်ထပ်ခေါ်လာခဲ့သည်။လှေကားထစ်နားရောက်တော့ အီဂျောင်း ချော်ကျလေသည်။ဟုတ်ပေသည်။ထိုသူ မျက်စိမမြင်ရတော့ကြောင်းကို မေ့လျော့ကာ အတင်းဆွဲခေါ်လာမိသည်။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Onde histórias criam vida. Descubra agora