Part10

198 26 9
                                    

နောင်တကင်းတဲ့relationshipဆိုရင် အချစ်စစ်ပါပဲ။ဒါဟာထေးဟန်ခံယူချက်သပ်သပ်မျှသာ။

အီဂျောင်းမျက်စိပြန်ကုဖို့ ထေးဟန် အပြင်းအထန်ကြိုးစားခဲ့သည်။သို့သော် ပြန်ကုနိုင်ရန်အခွင့်အလမ်းမရှိတော့ပေ။တစ်ဖက်ကတွေးလျှင်လည်း မိမိ ထိုသူကို စောင့်ရှောက်ခွင့်ပိုရသည်။သူ၏ အရာရာကို မိမိလက် မိမိခြေဖြင့် ကိုယ်တိုင်လုပ်ပေးချင်သည်လေ။အီဂျောင်းများ အမြင်ပြန်ရသွားခဲ့သော် မိမိအိမ်ရိပ်က ထွက်ခွာပြီး အရည်အချင်းရှိသူမို့ တစ်နေရာရာတွင် အလျင်မြန်အခြေချနေထိုင်နိုင်သွားပေလိမ့်မည်။မတရားသောအတွေးဟုဆိုကြမည်ထင်။အီဂျောင်းကို မိမိထံသို့သာ ထာဝရ အားကိုးစေချင်သည်။သူဒုက္ခခံခဲ့ရသောကာလများကို အသာထား။ယခုမှစ ထာဝရ ဘေးကင်းကွာအောင် စောင့်ရှောက်ပေးချင်မိသည်။

ထေးဟန်:အီဂျောင်း နားထောင်ကြည့် ခွေးပေါက်လေးတွေ အသံကြားရလား။
အီဂျောင်း:အင်း ခြံထဲကမလား။အော် မျိုးဆက်သစ်တွေမွေးဖွားလာပြီပဲ ဟဟ။

ထေးဟန်:အင်း မင်းရော ဘယ်လိုသဘောရလဲ။

အီဂျောင်း:ငါကလား ကောင်းတယ်လို့မြင်တာပေါ့။မျိုးဆက်သစ်ဆိုတာ လက်ဆင့်ကမ်းထိန်းသိမ်းဖို့တာဝန်ဆက်ခံသူလောင်းလျာတွေလေ။အယ်လ်ဇေးရှင်းမျိုးဆက်မတုံးအောင်သူတို့ကဆက်လုပ်ရမှာကွ ။

ထေးဟန်:ကင်စန္ဒရားပညာရှင်မျိုးဆက်ကရော။
မြက်ခင်းပေါ်ထိုင်နေကြပြီး မမြင်ရသောမြက်အလှပင်တွေကိုဆွဲနှုတ်နေမိသည်။ ထိုစကားကြောင့် အီဂျောင်းအရယ်ရပ်သွားရသည်။ထေးဟန် ဘာကိုဆိုလိုနေမှန်း သူသဘောပေါက်သည်။

"သားကို မင်းရောငါရော ပညာတွေသင်ပေးနေတာပဲ။"ထေးဟန်ရော အီဂျောင်းပါ ညဘက်ဆိုလျှင် ဂီတအခန်းထဲ သားကို အတီးအမှုတ်အကုန်သင်ပေးသည်။ထေးဟန်တို့အိမ်မှာနေသည့်ရက်များသည် အီဂျောင်းအတွက် နိဗ္ဗာန်ဘုံလိုဖြစ်လာခဲ့သည်။သို့သော် သူ့ကိုယ်သူ အနာဂတ်မရှိတော့သူအဖြစ် ခံယူထားသည်ကြောင့် ဤနိဗ္ဗာန်ဘုံသည် မိမိအပိုင်မဟုတ်ကြောင်း သတိပေးနေမိသည်။ထို့ကြောင့် ထေးဟန်စကားကို လွှဲပြောနေရခြင်းပေ။ယခုချိန်တွင် မိသားစုထဲဝင်ခွင့်ပေးသည်က ပင် ကျေးဇူးတင်စရာကောင်းနေပေပြီ။သည့်ထက် လောဘတက်၍ ထေးဟန်၏ မိန်းမ၊ဇနီးနေရာယူရန် ထေးဟန်မိဘ၂ပါးကို မျက်နှာပြောင်မတိုက်ရဲပါလေ။

I Am Playing Your Guitar(Own Creation ,Rated,Mpreg,Zawgyiunicode)Where stories live. Discover now