𝐂𝐡𝐚𝐩𝐭𝐞𝐫 - 2 ☕

2.2K 262 36
                                    

Zawgyi

"အ​မေရိကာနိုတစ်​ခွက်​"

ဒီ​နေ့ ဆိုင်​မှာ လူရှင်း​နေတုန်း​လေး ကောင်​တာမှာထိုင်​ပြီး ​ဆော့ဂျင်​ စာရင်းလုပ်​​နေတယ်​ ​။ ကြားလိုက်​ရတဲ့အသံ​ကြောင့်​ မော့ကြည့်​လိုက်​​တော့ ​တွေ့လိုက်​ရတာက ​ယောက်ျား​လေးချင်း​တောင်​​ ငေး​မောကြည့်​ယူရ​လောက်​တဲ့ ရုပ်​ရည်​နဲ့ လူငယ်​တစ်​​ယောက်​ ။
အရပ်​က ​ဆော့ဂျင်​ထက်​​တောင်​ရှည်​ပြီး ​သူ့ပုံစံက ချောတာထက် ခန့်​ညားတယ်​လို့​ပြောရင်​ ပိုမှန်​မယ်​ထင်​တယ်​ ။ သူ့အသံက လွန်​ခဲ့တဲ့တစ်​ပတ်​က မိုးရွာတဲ့​နေ့က Customer​ရဲ့အသံကို သတိရ​သွားစေတယ် ။ ​အော်​ဒါ​ကြောင့်​ ​ဆော့ဂျင်​ ​မေး​နေကျ​မေးခွန်းကို ခပ်​မြန်​မြန်​ပဲ​ မေးလိုက်​တယ်​ ။

"ဟုတ်​ကဲ့ ​။ နောက်​​တော့​ရော ဘာသုံး​ဆောင်​ပါဦးမလဲ ?"

"အင်း ... ဒီတစ်​​ခေါက်​​တော့ ကျွန်​​တော့်​ကို ကွတ်​ကီးထဲက စားလို့​ကောင်းတာ​လေး ညွှန်း​ပေးလို့ရမလား ?"

"ဗျာ ?!!"

'ဒီတစ်​​ခေါက်​​တော့' ဆိုတဲ့စကားကို နားမလည်​တာ​ကြောင့်​ ​ဆော့ဂျင်​ အနည်းငယ်​​ ကြောင်​သွားတယ်​ ။

"ဟိုတ​စ်​​ခေါက်​ကညွှန်း​ပေးတဲ့ Cheese Mayo Bread က တကယ်​အရသာရှိတယ်​ ။ အဲ့​နေ့ကတည်းက ​စင်​​ပေါ်ပြထားတဲ့ ကွတ်​ကီး​တွေကိုမြည်းကြည့်​ချင်​ခဲ့တာ ။ ကိစ္စ​ပေါ်လာတာနဲ့ အမြန်​ပြန်​သွားလိုက်​ရ​တော့ မမြည်းလိုက်​ရဘူး​လေ ။  ဒီကြားထဲလည်း မအားတာနဲ့ အခုမှပဲ ထပ်​လာဖြစ်​​တော့တယ်​ ။"

ထိုသူက ခပ်​ပြုံးပြုံးနဲ့ပဲရှင်းပြ​နေတယ်​ ။ ​ဆော့ဂျင်​လည်း ထိုသူ​ပြောတာကို နား​ထောင်​ရင်း ဦး​နှောက်​ကို အလျင်​အမြန်​အလုပ်​​ပေးလိုက်​တယ်​ ။

"ဪ ... ဒါဆို အဲ့​နေ့က ဦးထုပ်​နဲ့ Customer က ?"

ဆော့ဂျင် ပြောလိုက်တော့ ထိုလူငယ်က ဝမ်းသာသွားပုံနဲ့ ပြောလာတယ် ။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now